ရီးရဲလ္မပါပဲ အဂၤလန္အသင္းေတြ ပိုမိုပါဝင္တဲ့ ခ်န္ပီယံလိဂ္ ေရပန္းစား အသင္း (၄) သင္းကို ဘိုႏူခ်ီ ေရြးခ်ယ္

[Zawgyi] ဂ်ဴဗင္တပ္အသင္းရဲ႕ အဓိက ခံစစ္သမား ဘိုႏူခ်ီက အေျပာင္းအေရႊ႔ လႈပ္ရွားမႈမွာ အသင္းေဟာင္း ေအစီမီလန္ကို ေရာက္လာတဲ့ ပီယာတက္ခ္နဲ႔ အသင္းေဖာ္ေဟာင္း ဟီဂြာရင္တို႔ကို ဆုေတာင္းေပးမႈနဲ႔အတူ ခ်န္ပီယံလိဂ္ ဆီးမီးအဆင့္မွာ ေတြ႔ဆံုၾကမယ့္ ထိပ္တန္းအသင္း ေလးသင္းကို ခန္႔မွန္းေပးသြားပါတယ္။

မႏွစ္တုန္းက ေအစီမီလန္ကို ထြက္ခြာခဲ့ေပမယ့္ ဒီေႏြမွာ ဂ်ဴဗင္တပ္ကို ျပန္ေရာက္ေနတဲ့ ဘိုႏူခ်ီက သူဟာ ပိုေကာင္းတဲ့ ကစားသမား၊ ပိုေကာင္းတဲ့ ေယာက္က်ားတစ္ေယာက္အျဖစ္ အေတြ႔အၾကံဳ ရင့္က်က္လာျပီလို႔လည္း ေျပာပါေသးတယ္။

ဘိုႏူခ်ီက ဆက္လက္ျပီး “ ေအစီမီလန္မွာတုန္းက စစ္မွန္တဲ့ ဘိုႏူခ်ီ မဟုတ္ခဲ့ပါဘူး။ ပိုေကာင္းတဲ့လူျဖစ္လာဖို႔ အတိတ္ေတြက အမ်ားၾကီး သင္ၾကားေပးမႈေတြနဲ႔ အကူအညီျဖစ္ႏုိင္ပါတယ္။ ပီယာတက္ခ္ ေအစီမီလန္မွာ ကံေကာင္းေစဖို႔ ဆုေတာင္းေပးပါတယ္။ ဂတ္တူဆိုနဲ႔ ေအစီမီလန္ ပရိသတ္ေတြ အတြက္ေကာပါပဲ။

က်ေနာ္က ေအစီမီလန္မွာ အမွတ္တရေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။ ဟီဂြာရင္ကလည္း က်ေနာ္ သူငယ္ခ်င္းပါ။ သူနဲ႔အတူ မၾကာေသးခင္ကပဲ ညစာအတူ စားခဲ့ပါေသးတယ္။ သူ႔ကိုလည္း ကံေကာင္းပါေစလို႔ ဆုေတာင္းေပးပါတယ္။ က်ေနာ္တုိ႔ ေတြ႔ဆံုခဲ့စဥ္က သူအဆင္ေျပပါတယ္။ သူက အရမ္းေကာင္းတဲ့ တိုက္စစ္သမားဆုိတာ ပရီးမီးယားလိဂ္မွာ သက္ေသျပႏုိင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာပါတယ္။

ဂ်ဴဗင္တပ္ဟာ ခ်န္ပီယံလိဂ္ရဲ႕ ဘုရင္ၾကီးလို႔ ထင္ရွားတဲ့ ေရာ္နယ္ဒို ေရာက္လာမႈနဲ႔အတူ ဥေရာပဖလား အႏိုင္ရဖို႔ ေရပန္းစားတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဆီးမီးဖိုင္နယ္အဆင့္ကို တက္လွမ္းလာမယ့္ ထိပ္တန္း ေလးသင္းကို ဘိုႏူခ်ီက ေရြးထုတ္ျပခဲ့တယ္။

“ အက္သလက္တီကို မက္ဒရစ္မွာ ဂရစ္စမန္း၊ ေကာ္စတာလို ကစားသမားေကာင္းေတြအျပင္ သိပ္ေကာင္းတဲ့ မန္ေနဂ်ာရွိပါတယ္။ သူတို႔က ခ်န္ပီယံလိဂ္မွာေကာ၊ လာလီဂါမွာပါ အျမဲတမ္း တိုက္ခုိက္ႏုိင္တဲ့ အသင္းပါ။ က်ေနာ္ကေတာ့ ေရပန္းစားတဲ့အသင္း ေလးသင္းက ဘာစီလိုနာ၊ စီးတီး၊ ဂ်ဴဗင္တပ္နဲ႔ လီဗာပူးလို႔ ထင္ပါတယ္။ အသင္းတိုင္းက စိတ္ဓါတ္ေကာင္းေတြ ပိုင္ဆိုင္ထားတယ္။ ခ်န္ပီယံလိဂ္က သိပ္အံ့ၾသဖို႔ေကာင္းတယ္။ လီဗာပူးကိုၾကည့္ပါ။ မႏွစ္တုန္းက သူတို႔က ဦးစားေပး မခံရေပမယ့္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့ပါတယ္ ” လို႔ ခံစစ္သမားၾကီးက ေျပာပါတယ္။

ဘိုနူခ်ီက ေရာ္နယ္ဒိုရဲ႕ ကိုယ္စြမ္းကိုယ္စနဲ႔ ပက္သက္လို႔လည္း “ သူ႔ရဲ႕ ေျခစြမ္းတည္ျငိမ္မႈေတြက က်ေနာ္ကို အံ့ၾသေစပါတယ္။ သူလုပ္သမွ်က ခမ္းနားပါတယ္။ က်ေနာ္တုိ႔က အခ်င္းခ်င္း လံု႔ေဆာ္မႈေတြ ျပဳလုပ္ၾကျပီး သူက ကြင္းတြင္းမွာေကာ ကြင္းျပင္ပမွာပါ အသင္းကို ေျခလွမ္းသစ္ေတြ ျပဳလုပ္ႏုိင္ဖုိ႔ အကူအညီေပးပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့ပါေသးတယ္။

Sports Home Time

[Unicode] ဂျူဗင်တပ်အသင်းရဲ့ အဓိက ခံစစ်သမား ဘိုနူချီက အပြောင်းအရွှေ့ လှုပ်ရှားမှုမှာ အသင်းဟောင်း အေစီမီလန်ကို ရောက်လာတဲ့ ပီယာတက်ခ်နဲ့ အသင်းဖော်ဟောင်း ဟီဂွာရင်တို့ကို ဆုတောင်းပေးမှုနဲ့အတူ ချန်ပီယံလိဂ် ဆီးမီးအဆင့်မှာ တွေ့ဆုံကြမယ့် ထိပ်တန်းအသင်း လေးသင်းကို ခန့်မှန်းပေးသွားပါတယ်။

မနှစ်တုန်းက အေစီမီလန်ကို ထွက်ခွာခဲ့ပေမယ့် ဒီနွေမှာ ဂျူဗင်တပ်ကို ပြန်ရောက်နေတဲ့ ဘိုနူချီက သူဟာ ပိုကောင်းတဲ့ ကစားသမား၊ ပိုကောင်းတဲ့ ယောက်ကျားတစ်ယောက်အဖြစ် အတွေ့အကြုံ ရင့်ကျက်လာပြီလို့လည်း ပြောပါသေးတယ်။

ဘိုနူချီက ဆက်လက်ပြီး “ အေစီမီလန်မှာတုန်းက စစ်မှန်တဲ့ ဘိုနူချီ မဟုတ်ခဲ့ပါဘူး။ ပိုကောင်းတဲ့လူဖြစ်လာဖို့ အတိတ်တွေက အများကြီး သင်ကြားပေးမှုတွေနဲ့ အကူအညီဖြစ်နိုင်ပါတယ်။ ပီယာတက်ခ် အေစီမီလန်မှာ ကံကောင်းစေဖို့ ဆုတောင်းပေးပါတယ်။ ဂတ်တူဆိုနဲ့ အေစီမီလန် ပရိသတ်တွေ အတွက်ကောပါပဲ။

ကျနော်က အေစီမီလန်မှာ အမှတ်တရကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဟီဂွာရင်ကလည်း ကျနော် သူငယ်ချင်းပါ။ သူနဲ့အတူ မကြာသေးခင်ကပဲ ညစာအတူ စားခဲ့ပါသေးတယ်။ သူ့ကိုလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ကျနော်တို့ တွေ့ဆုံခဲ့စဉ်က သူအဆင်ပြေပါတယ်။ သူက အရမ်းကောင်းတဲ့ တိုက်စစ်သမားဆိုတာ ပရီးမီးယားလိဂ်မှာ သက်သေပြနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောပါတယ်။

ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ ထင်ရှားတဲ့ ရော်နယ်ဒို ရောက်လာမှုနဲ့အတူ ဥရောပဖလား အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာမယ့် ထိပ်တန်း လေးသင်းကို ဘိုနူချီက ရွေးထုတ်ပြခဲ့တယ်။

“ အက်သလက်တီကို မက်ဒရစ်မှာ ဂရစ်စမန်း၊ ကော်စတာလို ကစားသမားကောင်းတွေအပြင် သိပ်ကောင်းတဲ့ မန်နေဂျာရှိပါတယ်။ သူတို့က ချန်ပီယံလိဂ်မှာကော၊ လာလီဂါမှာပါ အမြဲတမ်း တိုက်ခိုက်နိုင်တဲ့ အသင်းပါ။ ကျနော်ကတော့ ရေပန်းစားတဲ့အသင်း လေးသင်းက ဘာစီလိုနာ၊ စီးတီး၊ ဂျူဗင်တပ်နဲ့ လီဗာပူးလို့ ထင်ပါတယ်။ အသင်းတိုင်းက စိတ်ဓါတ်ကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ချန်ပီယံလိဂ်က သိပ်အံ့သြဖို့ကောင်းတယ်။ လီဗာပူးကိုကြည့်ပါ။ မနှစ်တုန်းက သူတို့က ဦးစားပေး မခံရပေမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ် ” လို့ ခံစစ်သမားကြီးက ပြောပါတယ်။

ဘိုနူချီက ရော်နယ်ဒိုရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ပက်သက်လို့လည်း “ သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှုတွေက ကျနော်ကို အံ့သြစေပါတယ်။ သူလုပ်သမျှက ခမ်းနားပါတယ်။ ကျနော်တို့က အချင်းချင်း လုံ့ဆော်မှုတွေ ပြုလုပ်ကြပြီး သူက ကွင်းတွင်းမှာကော ကွင်းပြင်ပမှာပါ အသင်းကို ခြေလှမ်းသစ်တွေ ပြုလုပ်နိုင်ဖို့ အကူအညီပေးပါတယ် ” လို့ ချီးကျူးခဲ့ပါသေးတယ်။

Sports Home Time