လီဗာပူး-ချယ်ဆီးတို့ရဲ့ ဒဏ်ရာနဲ့ ရှုံးပွဲများ၊ ဖီလစ်ကို ရမှာ မဟုတ်တဲ့ ယူနိုက်တက်၊ ဒူဘိုင်းမှာ ပူးပေါင်းတဲ့ မာတင်နယ်လီနဲ့ နံနက်ခင်း သတင်းများ

အာဆင်နယ် တိုက်စစ်မှူး မာတင်နယ်လီဟာ လက်ရွေးစင်အသင်းကနေ လူစုခွဲအပြီး နားရက် မယူတော့ဘဲ ဒူဘိုင်းက လေ့ကျင့်ရေးထံ သွားရောက် ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေးဟာ ပေါင် ၈၆ သန်း (ယူရို သန်း ၁၀၀) ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြပါတယ်။

လိုင်ယွန်ကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ ဒူဘိုင်းဖလားပွဲမှာ လီဗာပူး ကွင်းလယ်လူ ဟာဗေး ဒဏ်ရာရခဲ့ပါတယ်။ နာကျင်မှုဖြစ်ဖြစ်ခြင်း လူစားလဲခဲ့တာမို့ အဆင်ပြေပါလိမ့်မယ်လို့ ကလော့ပ်က ပြောပါတယ်။

ကွင်းလယ်လူ အာသာ မယ်လိုဟာ ဒီလအကုန်ပိုင်းမှာ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ လာမယ့် အပတ်တွေမှာ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပြီး မျှော်လင့်ထားတာထက် ပိုစောစော ကစားနိုင်ဖို့ အာသာဘက်ကလည်း ကြိုးစားနေပါတယ်။

ချယ်ဆီးက အက်စတွန်ဗီလာကို အရေးနိမ့်တဲ့ ခြေစမ်းပွဲမှာ တိုက်စစ်မှူး ဘရိုဂျာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားကြောင်း နည်းပြပေါ်တာက အတည်ပြုပါတယ်။

နွေတုန်းက အန်တိုနီကို ယူရို သန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့တာကြောင့် ယူနိုက်တက်ဟာ အက်သလက်တီကို တိုက်စစ်မှူး ဖီလစ်ကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ ရိုမန်နိုက ပြောပါတယ်။

ဘာစီလိုနာဟာ ချယ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ နွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာမယ့် သူ့ကို စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီ ဖြစ်ပါတယ်။

စိန်ခေါ်မှု အသစ်တွေအတွက် နယ်မြေသစ်ထံ ကူးပြောင်းလိုနေတဲ့ ဖီလစ်ကို အက်သလက်တီကို ဘက်က ယူရို သန်း ၁၀၀ ထက် ပိုတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်လိုပြီး အေးဂျင့် မန်ဒက်စ်ဘက်က ကြိုးစားပေးနေပါတယ်။ စပိန် သတင်းတွေမှာတော့ အာဆင်နယ်ကလည်း ဖီလစ်ကို စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ဘရာဇီးအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ပေးဖို့ တောင်အမေရိက အသင်းဘက်က ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်က ရက်ဖိုဒ့်နဲ့ ဒါလော့တို့ကို ဇန်နဝါရီမှာကော နွေစျေးကွက်မှာပါ လုံးဝ လက်လွတ်မခံဘဲ ၂၀၂၄ ခုနှစ်ထိ အသင်းမှာ ဆက်ထိန်းထားဖို့ ကလပ် တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

ကမ္ဘာ့ဖလားအပြီးမှာ မော်ရိုကို ကွင်းလယ်လူ အာမရာဘတ်ကို ပီအက်စ်ဂျီအသင်း ခေါ်ယူလိုက်ဖို့ ကစားသမားရဲ့ အကိုဖြစ်သူက ပဲရစ်ကလပ်အား တောင်းဆိုမှု လုပ်ခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ အင်တာမီလန်ဟာ အီတလီမှာ ခရစ်စမောလင်းကို ဆက်လက်စောင့်ကြည့်ဖို့ အလိုရှိနေပေမယ့် အင်္ဂလန် လက်ရွေးစင်ဟောင်းက ဟိုဆေးမော်ရင်ညိုရဲ့ အသင်းမှာ ဆက်နေဖို့ပဲ အာရုံစိုက်ထားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တောင်ကိုရီးယား နောက်ခံလူ ကင်မင်ဂျယ် ကို ခေါ်ဖို့ ပြန်လည် စိတ်ဝင်စား လာပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကင်မင်ဂျယ် ကို ယူနိုက်တက် ပေါင် ၃သန်းလောက်နဲ့ ခေါ်လို့ရနိုင်ခဲ့ပေမယ့် အခုချိန်မှာ နာပိုလီကို ၁၀ဆလောက် ပိုပေးရနိုင်ဖွယ် ရှိပါတယ်။

လီဗာပူး တိုက်စစ်ကစားသမား ဖာမင်နိုဟာ ဆော်ဒီကလပ် Al-Nassr အတွက် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပြီး ဇန်နဝါရီမှာ ပြည်ပကလပ်တွေနဲ့ စာချုပ်ကိစ္စ ဆွေးနွေးခွင့် ရရှိတော့မှာပါ။

စပါးဟာ စပို့တင်း ညာနောက်ခံလူ ပက်ဒရိုပေါ်ရိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၉ သန်းကို ပေးချေပြီး ဇန်နဝါရီမှာတင် ခေါ်ယူဖို့ ပြင်ဆင် ထားပါတယ်။

ဘရာဇီး ကွင်းလယ်လူ ဖာဘင်ညိုဟာ လီဗာပူးအသင်းမှာ ကာလရှည် ဆက်ရှိနေဖို့ မသေချာဘဲ လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းသစ်ထံ ကူးပြောင်းဖွယ် အလားအလာတွေ ထွက်ပေါ်နေပါတယ်။