အာဂျင်တီးနား၊ ပြင်သစ်ပွဲတွေပါတဲ့ စနေနေ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အတွက် ဆက်တန်ရဲ့ ခန့်မှန်းများ ထွက်ပါပြီ

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ် (၁၆) ပွဲအတွက် ခန့်မှန်းရာမှာ အနိုင် အရှုံး ခန့်မှန်းမှု ၇၅% ထိ မှန်ကန်ခဲ့ကာ ၄ ပွဲပဲ လွဲချော်ခြင်းနဲ့အတူ ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းတွေက အတော်လေး သတင်းကြီးနေပါတယ်။

ဒုတိယမြောက် အုပ်စုအဆင့် ပွဲစဉ်တွေထဲက စနေနေ့ ပွဲစဉ် (၄) ပွဲအတွက် ဆက်တန်ရဲ့ ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

  • GROUP C – အာဂျင်တီးနားက အုပ်စု ဗိုလ်၊ မက္ကဆီကိုက အုပ်စု ဒုတိယတွေဖြင့် နောက်တစ်ဆင့် တက်မယ်လို့ ခရစ်ဆက်တန်က ခန့်မှန်းထားပါတယ်။ ပိုလန်နဲ့ ဆော်ဒီအာရေဗျတော့ အုပ်စုအဆင့်မှာပဲ ကျန်ခဲ့မှာပါ။

Poland v Saudi Arabia

အာဂျင်တီးနားကို ဆော်ဒီတို့ အနိုင်ယူခဲ့တာကို မြင်ရတာက ရှော့ရစရာပါပဲ။ ၂-၁ နဲ့ သူတို့ အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ဆော်ဒီတို့ အသက်ဆက်နိုင်မလား။ ဒီပွဲမှာ သိရတော့မှာပါ၊ ဆော်ဒီက အရမ်းကို ယုံကြည်မှု ပြည့်ဝနေပါလိမ့်မယ်။

မက္ကဆီကိုပွဲမှာ ပိုလန်တို့ ခြေစွမ်း ညံ့ဖျင်းခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံး ကစားဟန်ကို မရခဲ့ပါဘူး။ ဒီပွဲမှာ သူတို့ ကစားပုံ ပိုကောင်းလာမယ်လို့ ကျနော် ထင်ပါတယ်။ ၁၆ သင်းအဆင့်ကို ရောက်ဖို့ဆိုရင် ဒီပွဲကို ပိုလန်တို့ အနိုင်ရဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် သရေကျသွားမယ် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Poland 1-1 Saudi Arabia

Argentina v Mexico

ဒီပွဲမှာ ကျနော်က တွဲဘက် အစီအစဉ်မှူးအဖြစ် တာဝန်ယူမှာပါ။ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲစဉ် ၂ ပွဲကစားအပြီး အာဂျင်တီးနားတို့ အုပ်စုအဆင့်ကနေ ထွက်ရမယ်ဆိုတာက စဉ်းစားလို့တောင် မရတဲ့ ကိစ္စပါပဲ။

ဖြစ်မလာနိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တော့ အဲ့လိုဖြစ်မယ် မထင်ပါဘူး။ ခြေစွမ်းမကောင်းတဲ့ ပိုလန်ကို ရင်ဆိုင်ရာမှာ မက္ကဆီကိုက အများကြီး မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ အာဂျင်တီးနားက လိုအပ်နေတဲ့ နိုင်ပွဲကို ရသွားမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Argentina 2-1 Mexico

  • GROUP D – ပြင်သစ်နဲ့ ဒိန်းမတ်တို့ အုပ်စု ဗိုလ်၊ အုပ်စု ဒုတိယတွေဖြင့် နောက်တစ်ဆင့်တက်ပြီး ဩစတြေးလျနဲ့ တူနီရှားတို့ ကျန်ခဲ့မယ်လို့ ဆက်တန်က ခန့်မှန်းထားပါတယ်။

Tunisia v Australia

ဩစတြေးလျက အတော်လေး ကြိုးစားပါတယ် ဒါပေမယ့် သူတို့ရဲ့ သက်ရောက်မှုကို ပြသနိုင်ဖို့ အရည်အချင်းပိုင်း အားနည်းတယ်။ တူနီးရှားကတော့ ဒိန်းမတ်ကို ရင်ဆိုင်ရာမှာ စုဖွဲ့မှု ကောင်းခဲ့တယ်။ ဒီပွဲမှာ တူနီးရှားက အသာရမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Tunisia 1-0 Australia

France v Denmark

ပြင်သစ် နိုင်မယ်ပဲ ခန့်မှန်းရမှာပါ။ ဒါပေမယ့် ဒီပွဲကို အနိုင်ရဖို့ဆိုရင် ဩစတြေးလျကို ရင်ဆိုင်တုန်းက ပထမဆုံး ၁၅ မိနစ်လို အခြေအနေ မဖြစ်ဖို့ လိုပါတယ်။ အဲ့တုန်းကတော့ အမ်ဘတ်ပေ အတော်လေး ကြိုးစားကစားတာကို မြင်ခဲ့ရတယ်။

လက်ရှိ ချန်ပီယံတို့ နှေးကွေးစွာ စတင်လာမယ်လို့ မထင်မိပါဘူး။ ဒိန်းမတ်က ပြင်သစ်ကို ဒီနှစ်ထဲမှာတင် ၂ ကြိမ် အနိုင်ရထားတယ်။ ဒါပေမယ့် အခုချိန် တကယ် အနိုင်ယူဖို့ လိုအပ်လာချိန်မှာ ပြင်သစ်က သူတို့ရဲ့ တောင့်တင်းမှုကို ပြသတော့မှာပါ။

ဒီပွဲအတွက်က သွင်းဂိုး ၁ ဂိုးဆိုရင် လုံလောက်မှာပါ။ ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်က သူတို့အသင်းမှာ တိုက်စစ်ပိုင်း အားနည်းတယ်လို့ ပြောထားတယ်။ ဒီပွဲမှာ ဒိန်းမတ်တို့ ဂိုးသွင်းနိုင်မယ်လို့ ကျနော် မထင်ပါဘူး။

ဆက်တန် ခန့်မှန်းချက်။ ။ France 1-0 Denmark