ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း အတွက် အဓိက စိတ်ပူနေရတဲ့ ကိစ္စကို ကာရေဂါ ထုတ်ဖော်

ဂျေမီကာရေဂါဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို အောင်မြင်နိုင်တဲ့ အသင်းတွေ အများကြီး ရှိနေတယ်လို့ ယုံကြည်နေပြီး ဒါဟာ အင်္ဂလန်အတွက် စိုးရိမ်စရာ ကိစ္စဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အုပ်စုတွင်း အဖွင့်ပွဲတွေ စတင်လာချိန်မှာ အင်္ဂလန်၊ စပိန်နဲ့ ပြင်သစ်တို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး အာဂျင်တီးနားနဲ့ ဂျာမနီတို့ကတော့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကြပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် အင်္ဂလန်က အဖွင့်မှာ အီရန်ကို ၆-၂ နဲ့ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ခြေစွမ်းက အရမ်း အထင်ကြီးစရာ ကောင်းတယ်လို့ ကာရေဂါက အသိအမှတ် ပြုခဲ့ပေမယ့် ဟယ်ရီကိန်းကို အနားပေးလို့ မရဘဲ အရမ်း မှီခိုလွန်းနေရတာကို စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ကိန်းဟာ အဖွင့်ပွဲအတွင်း ဒဏ်ရာပြဿနာ စိုးရိမ်စရာတစ်ခု ဖြစ်ခဲ့ပေမယ့် ဒီည အမေရိကန်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

“ ကိန်း မကစားနိုင်ခဲ့ရင် အတော်လေး စိုးရိမ်ရမယ် ထင်ပါတယ်။ ဒါက တခြား တိုက်စစ်မှူးတွေကို မလေးမစားပြောတာ မဟုတ်ပါဘူး။ ကိန်းနောက်မှာ တခြား ကစားသမားတွေ ရှိပါသေးတယ်။

လွန်ခဲ့တဲ့ ၅နှစ်ကျော်အတွင်း ကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ခဲ့တယ်။ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့တယ်။ အမေရိကန်နဲ့ပွဲမှာ သူ ခြေစွမ်းပြပြီးတော့ ထိပ်တန်းဂိုးသွင်းရှင် ထပ်ဖြစ်အောင် ကြိုးစားပါလိမ့်မယ်။

ကိန်းက အင်္ဂလန်အသင်း ပွဲလူစာရင်းထဲမှာ အရင်ဆုံး ရွေးရမယ့်သူဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ သူ့နောက်က အင်္ဂလန်တိုက်စစ်ရဲ့ အရန်အင်အားဟာ သူ့ကို နည်းနည်း အားပိုနည်းသွားစေတယ်။

အင်္ဂလန်အတွက် ကိန်း ၂ပွဲ ၃ပွဲလောက် သူလွဲသွားရင် ဒီပြိုင်ပွဲမှာ ပြဿနာကြီးကြီး တတ်သွားပါလိမ့်မယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ သူ့ကို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုအပြည့်နဲ့ ရရှိထားဖို့က အရေးကြီးပါတယ် ”လို့ ကာရေဂါက ပြောကြားခဲ့တာ ဖြစ်ပါတယ်။