၇၅% ထိ မှန်လို့ နာမည်ကြီးနေတဲ့ ဆက်တန်ရဲ့ သောကြာနေ့ ပွဲစဉ်တွေအတွက် ခန့်မှန်းများ ထွက်ပါပြီ

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ် (၁၆) ပွဲအတွက် ခန့်မှန်းရာမှာ အနိုင် အရှုံး ခန့်မှန်းမှု ၇၅% ထိ မှန်ကန်ခဲ့ကာ ၄ ပွဲပဲ လွဲချော်ခြင်းနဲ့အတူ ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းတွေက အတော်လေး သတင်းကြီးနေပါတယ်။

ဒုတိယမြောက် အုပ်စုအဆင့် ပွဲစဉ်တွေအတွက် ဆက်တန်ရဲ့ ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

  • GROUP A – နယ်သာလန်က အုပ်စု ဗိုလ်၊ ဆီနီဂေါက အုပ်စု ဒုတိယတွေဖြင့် နောက်တစ်ဆင့် တက်မယ်လို့ ခရစ်ဆက်တန်က ခန့်မှန်းထားပါတယ်။ အီကွေဒေါက အုပ်စု တတိယနဲ့ အိမ်ရှင် ကာတာက အုပ်စု စတုတ္ထနေရာတွေ ရပါလိမ့်မယ်။

Qatar v Senegal

အီကွေဒေါကို ရင်ဆိုင်ရာမှာ ကာတာရဲ့ စွမ်းဆောင်ရည်က ညံ့ဖျင်းခဲ့တယ်။ အိမ်ရှင်အသင်းရဲ့ ခြေစွမ်းကို အတော်လေး စိတ်ပျက်မိပါတယ်။ သူတို့ ကံကောင်းလို့ ၂-၀ နဲ့ အရေးနိမ့်တာဖြစ်ပြီး အဲ့ထက်တောင် ဆိုးရွားတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့နိုင်တာပါ။

ကာတာက တိုးတက်လာမလား ကျနော်တော့ မထင်ပါဘူး။ ဆီနီဂေါက တိုက်စစ်မှာ အားနည်းချက်တွေ ရှိနေပေမယ့် ကာတာအတွက်တော့ သူတို့က ကောင်းလွန်းနေပါတယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Qatar 0-1 Senegal

Netherlands v Ecuador

အီကွေဒေါနဲ့ ပတ်သက်လို့ ခန့်မှန်းရ ခက်ခဲပါတယ်။ သူတို့က ကာတာကိုပဲ ရင်ဆိုင်ရသေးတာပါ။ ဒါပေမယ့် သူတို့ကလည်း အဖွင့်ပွဲစဉ်ကို အနိုင်ရခဲ့တဲ့ တောင်အမေရိက အသင်းနှစ်သင်းထဲမှာ ဘရာဇီးနဲ့အတူ ပါဝင်ထားပါတယ်။

ဆီနီဂေါကို ရင်ဆိုင်ရာမှာ နယ်သာလန်က အတော်လေး နှေးကွေးခဲ့ပါတယ်။ ပွဲကိုတော့ အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲက သူတို့အတွက် ပိုများတဲ့ စမ်းသပ်မှုတွေ ရှိလာနိုင်ပေမယ့် နယ်သာလန်တို့ ကျော်ဖြတ်သွားနိုင်မှာပါ။

ဆက်တန် ခန့်မှန်းချက်။ ။ Netherlands 2-1 Ecuador

  • GROUP B – အင်္ဂလန်က အုပ်စုဗိုလ်၊ အမေရိကန်က အုပ်စု ဒုတိယနေရာတွေဖြင့် ရှုံးထွက်တက်နိုင်မယ်လို့ ခရစ်ဆက်တန်က ခန့်မှန်းပါတယ်။ အီရန်ကို အုပ်စု တတိယ၊ ဝေလ်းကို အုပ်စု စတုတ္ထတွေအဖြစ် ဆက်တန်က မြင်ပါတယ်။

Wales v Iran

အီရန်တို့ လုံးဝ မကောင်းဘူးတွေ ကြားခဲ့ရပေမယ့် တကယ်တမ်းက အင်္ဂလန်က သူတို့ကို ကောင်းကောင်း အနိုင်ယူသွားတာပါ။ သွင်းလိုက်တဲ့ ၆ ဂိုးကလည်း သိပ်ကို ကောင်းမွန်ပါတယ်။

ဝေလ်းပရိသတ်တွေ ပြောဆိုတာကို ဒိုဟာမှာကော ကျနော်ရဲ့ ဘီဘီစီ ရေဒီယိုမှာပါ ကြားရသလောက် သူတို့က အတော်လေး ဘဝင်မြင့်နေပြီး အီရန်ကို နိုင်မယ်လို့ ထင်နေကြတယ်။ ဒီပွဲက သိပ်အန္တရာယ်ကြီးပါတယ်။ ဝေလ်းက သူတို့ရဲ့ ဘဝင်မြင့်နေမှုအပေါ် နောင်တရပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Wales 1-1 Iran

England v USA

အမေရိကန်က ဖိအားပေးမှုတွေ ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့ ကစားတဲ့ အသင်းဖြစ်ပါတယ်။ အရမ်းကို တိုက်ခိုက်လိုစိတ် ပြင်းပြပါတယ်။ ဒါပေမယ့် ဝေလ်းကို ရင်ဆိုင်ရာမှာ သူတို့ ကံဆိုးခဲ့တယ်။

အင်္ဂလန်က သူတို့အတွက်တော့ အားကောင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေတယ်။ အင်္ဂလန်က အမေရိကန် ကစားသမားတွေအကြောင်း သိတယ်၊ သူတို့က မြောက်အမေရိက အသင်းထက် ပိုကောင်းတယ်ဆိုတာလည်း သူတို့ဘာသာ သိထားတယ်။

ဆာကာနဲ့ ရော်ဘင်ဆန်ကြား ထိပ်တိုက်တွေ့တာမျိုးတွေကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီရာသီစ ပရီးမီးယားလိဂ်မှာ သူတို့ အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ ထိပ်တိုက်တွေ့ထားပြီးပါပြီ။

အမေရိကန်က အင်္ဂလန်ကို ဒုက္ခပေးနိုင်မယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ဆောက်ဂိတ်ရဲ့ အသင်းက အီရန်ကို အနိုင်ရတုန်းကလို ဂိုးတွေ အများကြီး သွင်းနိုင်မယ်လည်း မထင်ဘူး။

ဒဏ်ရာကြောင့်နဲ့တော့ ဟယ်ရီကိန်းကို အနားပေးတာမျိုး လုပ်လို့ မရပါဘူး။ အုပ်စုကနေ တက်ပြီလို့ မသေချာသေးတဲ့ ဒုတိယပွဲစဉ်မှာ အခြား ပြိုင်ဘက် နိုင်ငံတွေကို ပေါ့ပေါ့ဆဆ ကစားတာမျိုး မလုပ်သင့်ပါဘူး။ ကိန်းကို သေချာပေါက် ထည့်ကစားရမှာပါ။

ဆက်တန် ခန့်မှန်းချက်။ ။ England 2-1 USA