အင်္ဂလန် ထိပ်သီးတွေထဲ ကမ္ဘာဖလားကြောင့် အကျိုးအမြတ် အရဆုံး အသင်းဖြစ်လာတဲ့ လီဗာပူး

၂၀၂၂ ကမ္ဘာဖလားအတွက် ပရီးမီးယားလိဂ်ဟာ ကစားသမားပေါင်း ၁၃၂ ဦးထိ စေလွှတ်ထားရပါတယ်။ ဒါဟာ ကမ္ဘာဖလား အလွန်ကာလမှာ ကလပ်တွေရဲ့ လူစာရင်းအပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ပွဲကြပ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီ ကာလတွေမှာ ကြီး ၆ ကြီးထဲ လူစေလွှတ်မှု အနည်းဆုံးဖြစ်တဲ့ လီဗာပူးအသင်း အကျိုးအမြတ်ရပြီး မန်ချက်စတာ ကလပ်တွေ အခက်တွေ့နိုင်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ် (၁၀ ဦး)

အာတီတာရဲ့ အသင်းဟာ ကာတာ ကမ္ဘာဖလားအတွက် ရှာကာ၊ ပါတေး၊ တိုမီယာဆု၊ ဆာကာ၊ ဘမ်ဝှိုက်၊ ရမ်ဒယ်၊ ဂျေးဆု၊ မာတင်နယ်လီ၊ ဆာလီဘာ၊ မတ်တန်နာတို့ကို စေလွှတ်ထားရပါတယ်။ သူတို့ထဲက အမျာစုဟာ သက်ဆိုင်ရာ လက်ရွေးစင်တွေမှာ ပွဲထွက်လူစာရင်းက ပါဝင်သွားနိုင်တာ ဖြစ်ပါတယ်။

မန်စီးတီး (၁၆ ဦး)

ကာတာ ကမ္ဘာဖလားမှာ မန်စီးတီးထက် လက်ရွေးစင် အသင်းသား ပိုလွှတ်ရတဲ့ အသင်းဆိုလို ဘိုင်ယန်မြူးနစ် တစ်သင်းပဲ ကျန်ပါတော့တယ်။ အသင်းအားလုံးသော ဗိုလ်လုပွဲရောက်မှာ မဟုတ်ဘူးဆိုပေမယ့် မန်စီးတီးမှာက ဟာလန်းလောက်ပဲ အဓိက ကစားသမား ကျန်ရှိနေခဲ့တာပါ။

တော်တင်ဟမ် (၁၁ ဦး)

ဒီရက်တွေအတွင်း ပွဲပန်းနေပါတယ်လို့ ကွန်တီက ပြောခဲ့ပေမယ့် သူ့အသင်းသား အများစုက ကမ္ဘာဖလားအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဟယ်ရီကိန်း၊ လိုရစ်၊ ဆွန်ဟောင်မင်၊ ဟော့ဂျက်တို့လို ကစားသမားတွေက သက်ဆိုင်ရာ လက်ရွေးစင်တွေရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြပါတယ်။

ယူနိုက်တက် (၁၄ ဦး)

တန်ဟက်ရဲ့ အသင်းမှာ ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနား၊ အင်္ဂလန်နဲ့ ပေါ်တူဂီလို အသင်းတွေက ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။ ဒီအသင်းတွေဟာ ရှုံးထွက်အဆင့်တွေထံ တက်ရောက်နိုင်မယ့် အသင်းတွေပါ။ မန်ချက်စတာမှာ ဒီဂီယာ၊ ဆန်ချိုတို့လောက်ပဲ ကျန်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး (၇ ဦး)

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဟန်ဒါဆန်၊ ထရန့်၊ ကိုနတေး၊ အယ်လီဆန်၊ ဖာဘင်ညို၊ ဗန်ဒိုက်နဲ့ နူးညက်စ်တို့ကို စေလွှတ်ထားရပါတယ်။ ဒါပေမယ့် အများစုက ပွဲကစားခွင့်ရဖို့ မသေချာပါဘူး။ ကလပ်မှာတော့ သီယေဂို၊ ဒီယက်ဇ်လို ကြံ့ခိုင်မှု မပြည့်သေးတဲ့ ကစားသမားတွေ၊ ဆာလာလို အဓိက ကစားသမားတွေ အများစု ကျန်နေသေးတာကြောင့် ဒီလတွေမှာ ပြန်လည် အားဖြည့်နိုင်တော့မှာပါ။

ချယ်ဆီး (၁၂ ဦး)

ချယ်ဆီး ကစားသမားတွေဟာ လက်ရွေးစင်တွေမှာ အဓိက ကစားသမားတွေ ဖြစ်ကြပါတယ်။ စတာလင်နဲ့ မောင့်တို့က အင်္ဂလန်၊ မန်ဒီနဲ့ ကိုလီဘာလေက ဆီနီဂေါတို့အတွက် အဓိက ကစားသမားတွေ ဖြစ်ကြတယ်။ ဆေးဗား ကလည်း ဘရာဇီးအတွက် ပွဲထွက်လူစာရင်းက ပါဝင်နိုင်ပါတယ်။

ဒါ့အပြင် ရှာခါရီရာ၊ ဇီယက်စ်၊ ပူလီဆစ်၊ ဟာဗက်၊ ကလယ်ဟာ၊ ကိုဗာဆစ်၊ ကွီတာတို့လည်း ပါဝင်သွားသေးတာပါ။

အခြားသော ပရီးမီးယားလိဂ် ကလပ်တွေအဖြစ်

ဘရိုက်တန် ၈ ဦး၊ လက်စတာ ၇ ဦး၊ ဘရန့်ဖိုဒ့်နဲ့ ဖူလ်ဟမ် ၆ ဦးစီ၊ ဖောရက်စ် နယူးကာဆယ် ဝက်ဟမ်း ဝုဗ် ၅ ဦးစီ၊ ဗီလာ အဲဗာတန် ၄ ဦးစီ၊ လိဒ်စ် ၃ ဦး၊ ဘုန်းမောက် ပဲလေစ့် ဆောက်သမ်တို့မှာတော့ ၂ ဦးစီဖြစ်ကြပါတယ်။