၂၀၂၂ ကမ္ဘာဖလား ချန်ပီယံဖြစ်မယ့် အသင်းကို တွက်ချက် ဖော်ပြလိုက်တဲ့ စူပါကွန်ပျူတာ

ကာတာ ကမ္ဘာဖလားမှာ ဘယ်အသင်း အနိုင်ရမလဲ ဆိုတာအတွက် စူပါကွန်ပျူတာရဲ့ တွက်ချက်မှု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

BCA research ကနေပြီး တွက်ချက်မှုမှာတော့ ပိုလန်၊ ဝေလ်း၊ ဂျပန်၊ တောင်ကိုရီးယားတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမှာဖြစ်ပေမယ့် နာမည်ကြီး လက်ရွေးစင်ကလပ် အများအပြား အုပ်စုအဆင့်ကို ကျော်လွှားနိုင်မယ်လို့ ပါရှိခဲ့တယ်။

ဒါပေမယ့် ၎င်းတို့ တွက်ချက်မှုအရ ၁၆ သင်းအဆင့်မှာ အာရှအသင်း တစ်သင်းမှ ပါဝင်လာမှာ မဟုတ်ဘဲ အာဖရိကအသင်း အဖြစ်လည်း ဆီနီဂေါ တစ်သင်းပဲ ပါဝင်လာမှာဖြစ်ကာ တောင်အမေရိနဲ့ ဥရောပကလပ် အများစု ဖြစ်လိမ့်မယ် ဆိုပါတယ်။

အာဂျင်တီးနားနဲ့ လက်ရှိ ချန်ပီယံ ပြင်သစ်၊ တောင်အမေရိက ကလပ်တွေဖြစ်တဲ့ ဘရာဇီးနဲ့ ဥရုဂွေး၊ ဥရောပ ကလပ်တွေဖြစ်တဲ့ ဘယ်ဂျီယံနဲ့ ဂျာမနီတို့ အပြင် နာမည်ကြီး အတွဲတွေ အများအပြား ၁၆ သင်း ရှုံးထွက်မှာ ထိပ်တိုက် တွေ့ဆုံ​ကြမယ်လို့ BCA က ဆိုပါတယ်။

ကွာတားဖိုင်နယ်မှာ တောင်အမေရိက အသင်းတွေနဲ့ ဥရောပ အသင်းတွေ ထိပ်တိုက်တွေ့ဖို့ ရှိနေတယ်။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အာဂျင်တီးနားနဲ့ ဘရာဇီးတို့ ထိပ်တိုက်တွေ့မှာ ဖြစ်ကြောင်း အခြားတစ်တွဲအဖြစ် အင်္ဂလန်နဲ့ ပေါ်တူဂီတို့ ထိပ်တိုက်တွေ့မယ်လို့ ဆိုပါတယ်။

ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့ ရင်ဆိုင်တွေ့မှာဖြစ်ကာ နှစ်သင်းလုံးက ချန်ပီယံဖြစ်ရေး ၅၀-၅၀ ဖြစ်ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မက်ဆီတို့က ရော်နယ်ဒိုရဲ့ လက်ရွေးစင်အသင်းကို အနိုင်ယူသွားလိမ့်မယ်လို့ တွက်ချက် ဖော်ပြခဲ့ပါတယ်။