[Zawgyi] ပီအက္ဂ်ီမန္ေနဂ်ာ တူခ်ယ္က ျပင္သစ္ကိုပါဒီ ဖလားျပိဳင္ပြဲရဲ႕ Strasbourg အသင္းကို အႏိုင္ရမႈမွာ အသင္းတိုက္စစ္သမား ေနမာ ဒဏ္ရာရခဲ့တာအတြက္ စိုးရိမ္မိပါတယ္လို႔ ထုတ္ေျပာလာပါတယ္။ ပီအက္ဂ်ီဟာ ေနာက္ထပ္ သံုးပတ္အၾကာ ခ်န္ပီယံလိဂ္မွာ ယူႏုိက္တက္နဲ႔ ထိပ္တိုက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။
ေနမာဟာ မိနစ္ 60 ေလာက္မွာ ေျခက်င္းဝတ္လဲသြားခဲ့တဲ့ အေနအထားမ်ိဳး ျမင္ခဲ့ရျပီး ကြင္းထဲက မ်က္ရည္နဲ႔အတူ ဝမ္းနည္းပက္လက္ပဲ ထြက္ခြာသြားခဲ့ပါတယ္။ အဆိုပါ ဒဏ္ရာဟာ မႏွစ္က ရာသီကုန္ထိ နားခဲ့ရတဲ့ ဒဏ္ရာမ်ိဳးလည္း ျဖစ္တယ္။
ပီအက္ဂ်ီဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ ပထမအေက်ာ့အျဖစ္ ေဖေဖာ္ဝါရီ 12 ရက္မွာေတာ့ အိုထရတ္ဖိုဒ့္ထံ လာေရာက္ ကစားရမွာျဖစ္တယ္။ ျပင္သစ္ခ်န္ပီယံအသင္းရဲ႕ မန္ေနဂ်ာ တူခ်ယ္ကေတာ့ ” ေနမာရဲ႕ ဒဏ္ရာက စိုးရိမ္ရပါတယ္။ သူ႔ဒဏ္ရာက တူညီတဲ့ေျခေထာက္ တူညီတဲ့ေနရာမွာပဲ ျဖစ္ခဲ့တာပါ ” ပြဲအျပီး ထုတ္ေျပာပါတယ္။
ဘာစီလိုနာ တိုက္စစ္သမားေဟာင္းဟာ ဒီရာသီမွာ လီဂူးဝမ္းကို ဦးေဆာင္သူ ကလပ္အတြက္ ျပိဳင္ပြဲစံု သြင္းဂိုး 20 သြင္းယူေပးထားတာပါ။ မႏွစ္က ေဖေဖာ္ဝါရီမွာ တူညီတဲ့ ေျခခ်င္းဝတ္ ဒဏ္ရာရခဲ့လို႔ ရာသီကုန္ထိ အနားယူခဲ့ရတာျဖစ္တယ္။ ကမၻာဖလားမွာေတာ့ ဘရာဇီးနဲ႔အတူ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာဖို႔ ၾကိဳးစားႏိုင္ခဲ့ပါတယ္။
တူခ်ယ္ကပဲ ဆက္လက္ျပီး ” ေနမာက တစ္ၾကိမ္ျပီး တစ္ၾကိမ္ကို သံုးၾကိမ္ေလာက္ ျဖတ္ထုတ္မႈေတြ ရင္ဆိုင္ခဲ့ရတယ္။ ဒိုင္လူၾကီးက ဘယ္လိုျပစ္ဒဏ္မွ မေပးခဲ့ပါဘူး။ ေနမာက ေဆးရံုကို ေရာက္ေနပါတယ္။ ဆရာဝန္က သူနဲ႔ပက္သက္ျပီး ဘယ္လို သတင္းမ်ိဳး ေပးလာမလဲဆိုတာကို က်ေနာ္ ေစာင့္ေနပါတယ္ ” လို႔ ဆက္ျပီး ေျပာပါတယ္။
ေနမာကို Strasbourg အသင္း ကြင္းလယ္လူ ဇမ္ဇမ္မီက တူညီတဲ့ အေနအထားမ်ိဳးနဲ႔ ေျခခ်င္းဝတ္ကို သံုးၾကိမ္ေလာက္ ထိခိုက္ေစခဲ့တာပါ။ အဲ့သည္ေနာက္မွ ကြင္းလယ္ဒိုင္ Johan Hamel က ျပစ္ဒဏ္ေဘာ သက္မွတ္ေပးခဲ့တယ္။ အဆိုပါ ျဖတ္ထုတ္ခံရတဲ့ အျပဳအမႈအတြက္ ေနမာက အေတာ္ေလး ေဒါသထြက္ခဲ့ပါတယ္။
ဒါေပမယ့္လုိ႔ ေနမာရဲ႕ ဒဏ္ရာဟာ ဘယ္ေလာက္ အခ်ိန္ယူရမလဲ မသိရေသးသလို ပီအက္ဂ်ီ မန္ေနဂ်ာကေတာ့ မန္ေနဂ်ာဆိုးရွားလက္ထက္ ပံုစံေကာင္းေတြ ျပန္ရေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲအမွီ ျပန္မလာႏိုင္မွာကို စိတ္ပူေနတာျဖစ္တယ္။
Sports Home Time

[Unicode] ပီအက်ဂျီမန်နေဂျာ တူချယ်က ပြင်သစ်ကိုပါဒီ ဖလားပြိုင်ပွဲရဲ့ Strasbourg အသင်းကို အနိုင်ရမှုမှာ အသင်းတိုက်စစ်သမား နေမာ ဒဏ်ရာရခဲ့တာအတွက် စိုးရိမ်မိပါတယ်လို့ ထုတ်ပြောလာပါတယ်။ ပီအက်ဂျီဟာ နောက်ထပ် သုံးပတ်အကြာ ချန်ပီယံလိဂ်မှာ ယူနိုက်တက်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
နေမာဟာ မိနစ် 60 လောက်မှာ ခြေကျင်းဝတ်လဲသွားခဲ့တဲ့ အနေအထားမျိုး မြင်ခဲ့ရပြီး ကွင်းထဲက မျက်ရည်နဲ့အတူ ဝမ်းနည်းပက်လက်ပဲ ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာဟာ မနှစ်က ရာသီကုန်ထိ နားခဲ့ရတဲ့ ဒဏ်ရာမျိုးလည်း ဖြစ်တယ်။
ပီအက်ဂျီဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့် ပထမအကျော့အဖြစ် ဖေဖော်ဝါရီ 12 ရက်မှာတော့ အိုထရတ်ဖိုဒ့်ထံ လာရောက် ကစားရမှာဖြစ်တယ်။ ပြင်သစ်ချန်ပီယံအသင်းရဲ့ မန်နေဂျာ တူချယ်ကတော့ ” နေမာရဲ့ ဒဏ်ရာက စိုးရိမ်ရပါတယ်။ သူ့ဒဏ်ရာက တူညီတဲ့ခြေထောက် တူညီတဲ့နေရာမှာပဲ ဖြစ်ခဲ့တာပါ ” ပွဲအပြီး ထုတ်ပြောပါတယ်။
ဘာစီလိုနာ တိုက်စစ်သမားဟောင်းဟာ ဒီရာသီမှာ လီဂူးဝမ်းကို ဦးဆောင်သူ ကလပ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး 20 သွင်းယူပေးထားတာပါ။ မနှစ်က ဖေဖော်ဝါရီမှာ တူညီတဲ့ ခြေချင်းဝတ် ဒဏ်ရာရခဲ့လို့ ရာသီကုန်ထိ အနားယူခဲ့ရတာဖြစ်တယ်။ ကမ္ဘာဖလားမှာတော့ ဘရာဇီးနဲ့အတူ ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။
တူချယ်ကပဲ ဆက်လက်ပြီး ” နေမာက တစ်ကြိမ်ပြီး တစ်ကြိမ်ကို သုံးကြိမ်လောက် ဖြတ်ထုတ်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒိုင်လူကြီးက ဘယ်လိုပြစ်ဒဏ်မှ မပေးခဲ့ပါဘူး။ နေမာက ဆေးရုံကို ရောက်နေပါတယ်။ ဆရာဝန်က သူနဲ့ပက်သက်ပြီး ဘယ်လို သတင်းမျိုး ပေးလာမလဲဆိုတာကို ကျနော် စောင့်နေပါတယ် ” လို့ ဆက်ပြီး ပြောပါတယ်။
နေမာကို Strasbourg အသင်း ကွင်းလယ်လူ ဇမ်ဇမ်မီက တူညီတဲ့ အနေအထားမျိုးနဲ့ ခြေချင်းဝတ်ကို သုံးကြိမ်လောက် ထိခိုက်စေခဲ့တာပါ။ အဲ့သည်နောက်မှ ကွင်းလယ်ဒိုင် Johan Hamel က ပြစ်ဒဏ်ဘော သက်မှတ်ပေးခဲ့တယ်။ အဆိုပါ ဖြတ်ထုတ်ခံရတဲ့ အပြုအမှုအတွက် နေမာက အတော်လေး ဒေါသထွက်ခဲ့ပါတယ်။
ဒါပေမယ့်လို့ နေမာရဲ့ ဒဏ်ရာဟာ ဘယ်လောက် အချိန်ယူရမလဲ မသိရသေးသလို ပီအက်ဂျီ မန်နေဂျာကတော့ မန်နေဂျာဆိုးရှားလက်ထက် ပုံစံကောင်းတွေ ပြန်ရနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲအမှီ ပြန်မလာနိုင်မှာကို စိတ်ပူနေတာဖြစ်တယ်။
Sports Home Time
