မာနေး ဆီနီဂေါ အသင်းနဲ့အတူ ကစားနိုင်ရေး အာဖရိက နတ်ဆရာတွေ အကူအညီယူဖို့ ဖီဖာ တိုက်တွန်း

ဖီဖာ အထွေထွေအတွင်းရေးမှူး Fatima Samoura က ကမ္ဘာဖလားမှာ ဆီနီဂေါအတွက် မာနေး ပါဝင်နိုင်ရေးအတွက် အာဖရိက နတ်ဆရာတွေကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

ဝါဒါဘရီမင်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှုး ဆာဒီယို မာနေးဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိထားရတာပါ။ အသက် ၃ဝ အရွယ် ဖြစ်တဲ့ ဆီနီဂေါသား အတွက် ဒီကမ္ဘာ့ဖလားက ကစားသမားဘဝ နောက်ဆုံး အခွင့်အရေး ဖြစ်ဖို့ များနေခဲ့တာပါ။

လက်တလောမှာ ဆီနီဂေါအသင်းက အပြီးသတ် လူစာရင်း မထုတ်ပြန်သေးသလို ဒဏ်ရာ ပြဿနာ ရှိနေပေမယ့် မာနေးကို ထည့်သွင်းမယ်လို့ သတင်းထွက်နေတယ်။ ဖီဖာ အတွင်းရေးမှူးက ကာတာခရီးမှာ မာနေးကို အပါခေါ်ဖို့ ဆီနီဂေါ အသင်းကို တိုက်တွန်းခဲ့ပါတယ်။

Samoura ကပဲ ” ကျနော်တို့ နတ်ဆရာတွေရဲ့ အကူအညီယူလို့ ရနိုင်ပါတယ်။ သူတို့က အကူအညီဖြစ်မလား မသိပေမယ့် ဒီအခြေအနေမှာ ဘယ်သူ့ အကူအညီမဆို ယူရမှာပါပဲ။ မယုံနိုင်စရာ ကိစ္စကြီး ဖြစ်လာဖို့ ကျနော်တို့ မျှော်လင့်ထားတယ်။ မာနေးက ကမ္ဘာဖလားထံ လိုက်ပါရမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါဟာ အာဖရိက နေးရှင်းဖလား ချန်ပီယံဖြစ်သလို မာနေးကလည်း လက်ရှိ အာဖရိကရဲ့ အကျော်ကြားဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့လို ကစားသမားက ကမ္ဘာဖလားကို မလွဲချော်ချော်ဖို့ ဖီဖာနဲ့ ကမ္ဘာဖလား တာဝန်ရှိသူတွေက မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။