BREAKING: မတ်ဒီဆန်၊ ဝဲလ်ဆန်တို့ ရွေးခံရပြီး တိုမိုရီ၊ အေဘရာဟမ်တို့ မပါဝင်တဲ့ အင်္ဂလန်လူစာရင်း ကြေညာလိုက်ပါပြီ

၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ၂၆ ဦးပါ လူစာရင်း တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးမှ ရိစ်ဂျိမ်း၊ ဘမ်ချီးဝဲလ်တို့ ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေ ရှိထားခဲ့တဲ့ မန်စီးတီးမှ ဝေါ်ကာ၊ ကယ်ဗင် ဖီးလစ်တို့ကိုတော့ အရဲစွန့် ရွေးချယ်ခဲ့တာမို့ သူတို့ နှစ်ဦး ပါဝင်နိုင်ခဲ့တယ်။

ဒီရာသီမှာ ဝေဖန်မှုတွေ ရင်ဆိုင်ထားရတဲ့ ညာအစွန်လူ ထရန့်နဲ့ ခံစစ်မှူး မက်ဂွဲရားတို့ လူစာရင်းထဲ ပါဝင်လာခဲ့တယ်။ အာဆင်နယ်မှာ ညာအစွန်နေရာက ခြေစွမ်းပြနေတဲ့ ဘမ်ဝှိုက်နဲ့ နယူးကာဆယ်မှာ​ တောက်ပနေတဲ့ တိုက်စစ်မှူး ကော်လမ် ဝဲလ်ဆန် တို့ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

၂၀၁၉ မှာ အင်္ဂလန်အတွက် စီနီယာပွဲထွက် စရခဲ့တဲ့ လက်စတာမှ မတ်ဒီဆန်နဲ့ ချယ်ဆီး လူငယ် ကွင်းလယ်လူ ကော်နာ ဂလယ်ဟာတို့ အင်္ဂလန်လူစာရင်းထဲ ပါဝင်သွားခဲ့တယ်။ လီဗာပူးမှ ခံစစ်မှူး ဂိုးမက်စ်၊ အေစီမီလန်မှ ခံစစ်မှူး တိုမိုရီနဲ့ ရိုးမားမှ တိုက်စစ်မှူး အေဘရာဟမ်တို့တော့ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။

ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်က လွဲရင် ကျန် ကစားသမား ၂၅ ဦးလုံးဟာ ပရီးမီးယားလိဂ်မှာ ကစားနေကြသူတွေ ဖြစ်ပါတယ်။

England’s 26-strong World Cup squad

  • ဂိုးသမား – ပစ်ဖိုဒ့်၊ ရမ်ဒယ်၊ နစ်ပုပ်။
  • ခံစစ် – ထရန့်၊ ထရစ်ပီယာ၊ ဝေါ်ကာ၊ ဘမ်ဝှိုက်၊ ဟယ်ရီ မက်ဂွဲရား၊ ဂျွန်စတုန်း၊ ကော်နာ ကုဒ်ဒီ၊ အဲရစ် ဒိုင်ယာ၊ လုရှော။
  • ကွင်းလယ် – ဘယ်လင်ဟမ်၊ ကော်နာ ဂလယ်ဟာ၊ မေဆန် မောင့်၊ ဂျော်ဒန် ဟန်ဒါဆန်၊ ဒီကလန် ရိုက်၊ ကယ်ဗင် ဖီးလစ်၊ ဂျိမ်း မတ်ဒီဆန်။
  • တိုက်စစ် – ဖီးဖိုဒန်၊ ရာဟမ် စတာလင်၊ ဂျက်ဂရီလစ်၊ ဆာကာ၊ ဟယ်ရီကိန်း၊ မာရက် ရက်ဖိုဒ့်၊ ကော်လမ် ဝဲလ်ဆန်။