အာဂျင်တီးနား တတိယနေရာမှာပဲ ရှိနေတဲ့ ၂၀၂၂ ကမ္ဘာဖလား ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းများ

ကာတာမှာ စတင်ကျင်းပတော့မယ့် ၂၀၂၂ ကာတာကမ္ဘာဖလားမှာ ဗိုလ်စွဲရေးအတွက် ရေပန်းအစားဆုံး အသင်းများစာရင်းကို တယ်လီဂရပ်က ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

ဘွန်ကီတွေရဲ့ ပေါက်ကြေးဖွင့်မှုအပေါ် မူတည်ပြီး ဖော်ပြခြင်းဖြစ်ကာ ဒီတစ်ကြိမ်အတွက် ပရိသတ်ကြိုက် အသင်းဖြစ်တဲ့ အာဂျင်တီးနား အသင်းဟာ ချန်ပီယံဖြစ်ရေးမှာ တတိယနေရာမှာပဲ ရှိနေတယ်လို့ သိရတယ်။

ဒီတစ်ကြိမ် ကမ္ဘာဖလားဟာ သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာဖလားအဖြစ် ဘလွန်းဒီအော့ ၇ ကြိမ် ဆုရှင် မက်ဆီက ကြေညာထားတာပါ။ တောင်အမေရိက အသင်းဟာ မက်ဆီကို၊ ပိုလန်၊ ဆော်ဒီအာရေဗျအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

အာဂျင်တီးနား နောက်မှာတော့ အင်္ဂလန်က စတုတ္ထ ရေပန်းအစားဆုံး နေရာမှာ ရှိနေပါတယ်။ အခုချိန်ထိ လူစာရင်း မကြေညာရသေးတဲ့ အင်္ဂလန်အသင်းဟာ ဒီနောက်ပိုင်းမှာ နည်းပြဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုတွေအတွက် အတော်လေး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ချန်ပီယံဖြစ်ရေး ရေပန်းအစားဆုံး အသင်းကတော့ တောင်အမေရိက အသင်းဖြစ်တဲ့ ဘရာဇီးဖြစ်ပြီး ဒုတိယနေရာမှာတော လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းက ရပ်တည်နေပါတယ်။ နှစ်သင်းလုံးဟာ ပြိုင်ပွဲဝင်မယ့် လူစာရင်းကို အတည်ပြု ကြေညာထားကြပြီ ဖြစ်ပါတယ်။

၎င်းအသင်းတွေနောက်မှာ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဘယ်ဂျီယံ အသင်းတွေ ရပ်တည်နေတာဖြစ်ပြီး ကမ္ဘာဖလားရဲ့ အစဉ်အလာအတိုင်း ဗိုလ်လုပွဲကို တောင်အမေရိကနဲ့ ဥရောပက အသင်းတွေပဲ တက်ရောက်နိုင်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

World Cup 2022 Winner odds

  • Brazil – 4/1
  • France – 6/1
  • Argentina – 13/2
  • England – 7/1
  • Spain – 8/1
  • Germany – 10/1
  • Netherlands – 12/1
  • Portugal – 16/1
  • Belgium – 16/1