ပျင်းစရာဖြစ်နေတဲ့ ကမ္ဘာဖလားအတွက် ကိုယ်ပိုင် World Cup သီချင်း ထုတ်လွှင့်လိုက်တဲ့ ယူကျူ့ အကျော်အမော် IShowSpeed

ဒဏ်ရာ ပြဿနာတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့အတူ ကမောက်ကမ ကိစ္စတွေ များနေတဲ့ ကမ္ဘာဖလား အကြိုမှာ YouTube နဲ့ အင်တာနက် အကျော်အမော်ဖြစ်တဲ့ IshowSpeed ဟာ ကာတာ ကမ္ဘာ့ဖလားအတွက် သူ့ကိုယ်ပိုင် ‘World Cup’ အမည်ရ သီချင်းကို ထုတ်လွှင့်လိုက်ပါတယ်။

Speed ဟာ ဂိမ်းနဲ့ ရယ်ရွှင်ဖွယ် ဖျော်ဖြေရေး တိုက်ရိုက် ထုတ်လွှင့်မှု များစွာကြောင့် နာမည်ကြီးသူဖြစ်ပြီး YouTube မှာ Subscriber ပေါင်း ၁၂.၆ သန်း ရရှိထားသူပါ။ မနေ့က သူ့ရဲ့ ကမ္ဘာဖလားသီချင်းဟာ လက်ရှိမှာတော့ ကြည့်ရှုတဲ့ အကြိမ်ပေါင်း ၆ သန်း ဝန်းကျင်ရရှိထားပါတယ်။

‘ကမ္ဘာ့ဖလား’ လို့ အမည်ပေးထားတဲ့ ရက်(ပ်) သီချင်းမှာ Speed ဟာ သူ့အိုင်ဒေါဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီဂျာစီကို အများဆုံး ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ရပါတယ်။

သီချင်းနောက်ဆုံးအပိုဒ်မှာ မက်ဆီ VS ရော်နယ်ဒို ဖိုင်နယ်ကို မျှော်လင့်နေတဲ့ အကြောင်း ထည့်သွင်းထားပြီး ဒါဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့ ထိပ်တိုက်တွေ့စေချင်နေကြတဲ့ ဘောလုံးပရိသတ် အများစုရဲ့ ဆန္ဒကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

တရားဝင် ကမ္ဘာ့ဖလားသီချင်း တစ်ပုဒ်ဖြစ်တဲ့ အမေရိကန် ရက်ပါ Lil Baby ရဲ့ ‘The World is Yous To Take’ က အောင်မြင်မှု မရရှိခဲ့ပါဘူး။ Speed ရဲ့ ဗီဒီယိုကတော့ ယူကျူ့ပေါ် တင်လိုက်ပြီး ပထမဆုံး ၃ နာရီအတွင်းမှာပဲ Lil Baby သီချင်းရဲ့ ကြည့်ရှုသူ အရေအတွက်ကို ကျော်လွန်ရရှိခဲ့တာဖြစ်ပါတယ်။

လက်တလောထိတော့ ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲအတွက် ဘောလုံးပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် သီချင်းတွေ ထွက်ပေါ်မလာသေးပါဘူး။ ဒီနောက်ပိုင်း ကမ္ဘာဖလား သီချင်းတွေဟာ ၂၀၁၀ တုန်းက တောင်အမေရိက ကမ္ဘာဖလားအတွက် ထွက်ရှိခဲ့တဲ့ ဂန္တဝင်သီချင်းတွေနဲ့ ယှဉ်ရင်တော့ မှေးမှိန်လွန်းနေတာ အမှန်ပါ။

Shakia ရဲ့ Waka Waka နဲ့ K’naan ရဲ့ ‘Waving Flad’ တို့ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကောင်းဆုံး သီချင်းနှစ်ပုဒ် ဖြစ်ထားခဲ့ပါတယ်။ ဒီနှစ်ပုဒ်လုံးဟာ ဘောလုံးပရိသတ်တွေအတွက် ကမ္ဘာ့ဖလားဆိုတဲ့ ခံစားချက်အားလုံးကို ပေးစွမ်းပြီး အရမ်းကို ဆွဲဆောင်မှုရှိကြတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။