အသင်းကြီးတွေ ထိပ်တိုက်တွေ့မှုတွေ ပါဝင်နေတဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ယူနိုက်တက် ခံစစ်မှူးဟောင်း အီဗရာရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။
Manchester City vs Fulham

ဒီပွဲက စီးတီးအတွက် ခက်ခဲနိုင်ပါတယ် ဘာလို့လဲဆိုတော့ လက်စတာကို ၁-၀ နဲ့ အနိုင်ပေမယ့် သူတို့ ရုန်းကန်ခဲ့ရတာပါ။ ဖူလ်ဟမ် တိုက်စစ်သမား မီထရိုဗစ်ဟာ ပြဿနာတွေ ပေးနိုင်သူဖြစ်ပါတယ်။ စီးတီးကို ရင်ဆိုင်ရတဲ့ပွဲမှာ သူ သွင်းဂိုး ၁ ဂိုး ရမယ်ဆိုတာ ကျနော် သေချာ ပြောနိုင်ပါတယ်။ ဟာလန်း မပါနိုင်သေးတာကလည်း နစ်နာမှုကြီးပါပဲ။ ဟာလန်း ပြန်ပါလာရင်တော့ စီးတီးက ဒီပွဲကို အနိုင်ရသင့်ပါတယ်။
အီဗရာ ခန့်မှန်းရလဒ်။ ။ Manchester City 3-1 Fulham
Chelsea vs Arsenal

ချယ်ဆီးမှာ ဘာတွေဖြစ်နေလဲတော့ မသိဘူးပေါ့။ သူတို့ မန်နေဂျာကောင်း ရထားပြီး တိုးတက်လာနေတာကို မြင်ပေမယ့် သူတို့ဘာသာ အကောင်းဆုံး မရှာဖွေနိုင်သေးဘူးလို့ ခံစားရတယ်။ ပေါ်တာရဲ့ အတွေးအမြင်တွေမှာ အသားကျဖို့ ချယ်ဆီးက အချိန်လိုပါတယ်။ ကစားသမားတွေက သူတို့ လုပ်နေတာတွေထက် ပိုကောင်းကောင်း လုပ်နိုင်သင့်တယ်လို့တော့ မြင်ပါတယ်။
ဒါက လန်ဒန်ဒါဘီဖြစ်ပြီး အာဆင်နယ်က နိုင်ပွဲတွေ ပြန်ရနေသလို ဂိုးတွေ အများကြီး သွင်းယူနေတယ်။ ဒီပွဲမှာ ချယ်ဆီးထက်စာရင် အာဆင်နယ်က ပိုပြီး ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ပုံစံကောင်းကို ဆက်ထိန်းနိုင်မယ်လို့ ထင်ပါတယ်။
အီဗရာ ခန့်မှန်းရလဒ်။ ။ Chelsea 1-3 Arsenal
Aston Villa vs Manchester United

ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ အက်ရှလေယန်းက အသင်းဟောင်း ယူနိုက်တက်ကို ပြန်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဗီလာမှာ သူတို့ရဲ့ နည်းပြအသစ် ရှိနေပြီး အိမ်ကွင်းပွဲ ကစားရမှာ ဖြစ်ပါတယ်။ သူတို့ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။
ယူနိုက်တက်အတွက်က ကိုယ်အလုပ်ကို အကောင်းဆုံး လုပ်သွားဖို့ပါပဲ။ ဒီပွဲက ခက်ခဲမယ်ဆိုပေမယ့် ယူနိုက်တက်တို့ အနိုင်ရမယ်လို့ မြင်ပါတယ်။
အီဗရာ ခန့်မှန်းရလဒ်။ ။ Aston Villa 0-2 Manchester United
Tottenham Hotspur vs Liverpool

ဒီပွဲကို လီဗာပူးအသင်း အရေးနိမ့်မယ်ဆိုရင် သူတို့ရဲ့ ဘောလုံးရာသီက အပြီးသတ်သွားပါပြီ။ အကယ်လို့ သူတို့ အနိုင်ရမယ်ဆိုရင်တော့ လမ်းကြောင်းမှန်ပေါ် ပြန်လာခွင့် ရှိဦးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ခံစစ်က အားပျော့နေပြီး ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်ပါလိမ့်မယ်။
စပါးကလည်း ပွဲပြီးခါနီးမှ ဂိုးတွေရနေတယ်။ သူတို့အပေါ် လူတွေ အတော်လေး ဝေဖန်ထားကြပေမယ့် စပါးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေသင့်ပါတယ်။ ဒီပွဲမှာ ကွန်တီနဲ့ စပါးဘက်က ရှိနေမှာပါ။ ဒီရာသီမှာ လီဗာပူးက ယုံကြည်လို့ မရဘူးလေ။
ကလော့ပ်ရဲ့ အသင်းက ပုံမှန်ဆိုရင် ယုံကြည်လို့ရပေမယ့် ဒီအခြေအနေက ပုံမှန် မဟုတ်တဲ့ တမျိုးကြီးပါပဲ။ ဒီအသင်း ဘာတွေဖြစ်နေတာလဲ ဆိုပြီး လူတိုင်းက အံ့သြနေရတာပါ။
အီဗရာ ခန့်မှန်း ရလဒ်။ ။ Tottenham Hotspur 2-1 Liverpool
အခြားပွဲစဉ်များ အတွက် အီဗရာရဲ့ ခန့်မှန်းရလဒ်များ
- Nottingham Forest 1-0 Brentford
- Wolvers 0-2 Brighton
- Leeds 2-1 Bournemouth
- Everton 1-2 Leicester City
- Southampton 0-3 Newcastle United
- West Ham United 1-1 Crystal Palace
