ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ရှုံးပွဲ ရင်ဆိုင်ရအပြီးမှာ ဂွာဒီယိုလာက အန်ဖီးပရိသတ်တွေနဲ့ ကွင်းလယ်ဒိုင်ကို အပြစ်တင်ခဲ့ပါတယ်။
တန်ပိုမြင့်မယ့် ဒီပွဲကို ပွဲမတိုင်ခင်မှာ ပြစ်ဒဏ်ကိစ္စတွေ ဖြစ်လာခဲ့ရင် ပွဲကို ဆက်ကစားခွင့်ပေးမယ်လို့ ဒိုင်အဖွဲ့က ကြိုတင် အကြောင်းကြားထားတာပါ။ တကယ်လည်း ကွင်းထဲမှာ ဆက်ကစားခွင့်တွေ ပေးခဲ့ပေမယ့် ဖိုဒန်ရဲ့ သွင်းဂိုး မတိုင်ခင် ကစားကွက် တည်ဆောက်စဉ် ဟာလန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း လီဗာပူးဘက်က ဆာလာ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဂိုးရယူသွားခဲ့တာ ဖြစ်ပါတယ်။ ရလဒ်ကို ဂွာဒီယိုလာက မပျော်နိုင်ခဲ့သလို ပွဲအပြီး သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက ‘ ပရိသတ်ဘက်က အကြွေစေ့လား အဲတာတွေနဲ့ ပစ်တယ်ဗျာ။ ဒါပေမယ့် သူတို့ ကျနော်ကို ထိအောင် မပစ်နိုင်ပါဘူး။ နောက်အခါ ထိတောင် ကြိုးစားကြပေါ့ ဟုတ်လား ’ ဆိုပြီး ခပ်လှောင်လှောင်ဖြင့် ပြောဆိုပါတယ်။

ဖိုဒန်ရဲ့ သွင်းဂိုးကို ပယ်ချခြင်းအတွက် ဂွာဒီယိုလာက တင်မားနေတဲ့ မျက်နှာထားနဲ့ ဆက်ပြီး ပြောရာမှာ ‘ ပွဲမစခင် ဒိုင်လူကြီးက ကလော့ပ်နဲ့ ကျနော်ရဲ့ နည်းပြအဖွဲ့တွေကို ခေါ်ပြီး “ ဒီပွဲမှာ ဆက်ကစားခွင့်ပေးမှာနော်၊ ဘယ်လို ဖောင်းကိုမှ ဝီစီမှုတ်မှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
ပွဲထဲမှာ ပြစ်ဒဏ်ဘောတွေ အကြိမ် သန်းချီဖြင့်ခဲ့ပြီး ပြစ်ဒဏ် ပေးရမှာတွေ မပေးခဲ့ဘူး၊ သူတို့ ကြိုပြောသလိုပဲ ပြစ်ဒဏ်ပေးဖို့ထက် ဆက်ကစား ဆက်ကစားဆိုပြီး ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဂိုးလည်းသွင်းရော အဲ့ဂိုးက မပေးတော့ဘူး။
ဖောင်းတွေ ခွင့်ပြုဖို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်တော့ ကျနော်တို့ ထိပ်တိုက်တွေ့မှုတွေ လုပ်တယ်၊ သူတို့ အော်တာထက် ပိုအော်တယ်၊ သူတို့ ပြေးတာထက် ပိုပြေးတယ်။ ဒါပေမယ့် ဂိုးလည်းသွင်းရော မပေးတော့ဘူး.. ဒါက အန်ဖီးကွင်းကို ’ ဆိုပြီး ဖြစ်ပါတယ်။
ဒီပွဲမှာ ဆာလာကို ဘာနာတို သိသိသာသာ ဖောင်းလုပ်ခဲ့တဲ့ အနေအထားအတွက် စည်းကြပ်ဒိုင်က မျက်ကွယ်ပြုခဲ့ခြင်းကို ပေါက်ကွဲခဲ့တဲ့ ကလေ့ာပ်ဟာ တိုက်ရိုက် အနီကဒ် ရခဲ့ပြီး လာမယ့် ဝက်ဟမ်းနဲ့ပွဲကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

