ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်း သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးကြီး ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
Tottenham Hotspur vs Everton
ပွဲချိန်။ ။ အောက်တိုဘာ ၁၅ ရက်၊ စနေနေ့ ည ၁၁ နာရီ။
အဲဗာတန်က ကောင်းကောင်း လုပ်ပြနေပြီး ကျနော်တို့ကို အံ့အားသင့်စေခဲ့တယ်။ သူတို့က တကယ်ကို ကျစ်လစ်နေတာ။ စပါးက ကြားရက်မှာ ချန်ပီယံလိဂ် နိုင်ပွဲကောင်း ရထားတယ်။ ဆွန်ကလည်း သွင်းဂိုးတွေ ပြန်ရနေတယ်။ သူတို့က တက်လိုက် ကြလိုက် ဆိုပေမယ့် အဲဗာတန် ကို အနိုင်ကန်မယ်လို့ ကျနော် သေချာ ယုံပါတယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Tottenham Hotspur 2-0 Everton
Aston Villa vs Chelsea
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။
အက်စတွန်ဗီလာရဲ့ ပြီးခဲ့တဲ့ နှစ်ပွဲကို ကျနော် ကြည့်ခဲ့တယ်။ သူတို့ ပွဲကို ထိန်းထားနိုင်ခဲ့ပေမယ့် အခွင့်အရေးက နည်းနည်းပဲ ဖန်တီးနိုင်တယ်။ သူတို့ တိုက်စစ် အထောင် တစ်ယောက်လား နှစ်ယောက် ထွက်မလား မသေချာပါဘူး။ ပေါ်တာ ကတော့ ချယ်ဆီးမှာ အဆင်ပြေနေတယ်။ သူတို့မှာ တောင့်တင်းတဲ့ လူစာရင်းကလည်း ရှိနေပြီး အားလုံးက နည်းပြ အကြိုက်တွေ့အောင် အစွမ်းပြချင်နေကြပုံ ရပါတယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Aston Villa 0-2 Chelsea
Leeds United vs Arsenal
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။
ကျနော်က ပြီးခဲ့တဲ့ အပတ် လီဗာပူးနဲ့ ပွဲက အာဆင်နယ် အသင်းကို အတော် အထင်ကြီး မိတယ်။ သူတို့ နှစ်ဂိုး ပေးလိုက်ရပေမယ့် နိုင်ပွဲ ရအောင် ယူနိုင်ခဲ့တယ်။ လိဒ်စ်ကလည်း ပဲလေ့စ်နဲ့ ပွဲမှာ သူတို့နဲ့ ထိုက်တန်တဲ့ ရလဒ် (၂-၁ နဲ့ ရှုံး) ရသွားခဲ့တာ လို့ ကျနော် ထင်တယ်။
အာဆင်နယ်က ဒီပွဲကို နိုင်မယ်လို့ မျှော်လင့်ရတယ်။ သူတို့ အပေါ် ဖိအားတွေ စတင် ကျရောက် နေပေမယ့် နိုင်မယ် လို့ ကျနော် ထင်တယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Leeds United 1-2 Arsenal
Manchester United vs Newcastle
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။
နယူးကာဆယ်က ဒီပွဲကို နိုင်ပွဲကောင်း တချို့တွေ ရပြီးတော့မှ ယှဉ်ပြိုင်ရတာပါ။ မန်ချက်စတာ ယူနိုက်တက်က ကြားရက် က ပွဲမှာ လူ တော်တော် လဲ ကစားထားလို့ လန်းဆန်းနေပါလိမ့်မယ်။
နယူးကာဆယ်က ဒီရာသီ မတူညီတဲ့ အသင်း တစ်သင်း ဖြစ်နေတယ်၊ အထူးသဖြင့် အဝေးကွင်း ပွဲတွေမှာပါ။ သူတို့မှာ ခံစစ် ကစားသမားကော်ငးတွေ ရှိတယ်။ ဒါပေမယ့် ကျနော်က ဒီပွဲက အိမ်ရှင်တွေ အနိုင်လို့ မှန်းချင်ပါတယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Manchester United 2-0 Newcastle
Liverpool vs Manchester City
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ၁၀ နာရီ။
ကျနော်ကတော့ ဒီပွဲကို မျှော်နေပြီ။ မျက်စိတမှိတ် အတွင်း ရောက်လာတဲ့ ဘောလုံးရာသီရဲ့ ပြိုင်ဆိုင်မှုကြီးကို မြင်ရဖို့ ကျနော်တော့ တကယ် ရင်ခုန်နေပြီ။ မန်စီးတီး ကတော့ အာလင်း ဟာလန်းက ပင်ပန်းနေလို့ ကြားရက်က ပွဲမှာ မကစားတာ လို့ ပြောထားတယ်။ ဒါပေမယ့် သူ လီဗာပူးနဲ့ ပွဲ ပါဝင်လာမှာပါ၊ ဒါကို သံသယ ဖြစ်စရာ မရှိဘူး။
လီဗာပူးက အာဆင်နယ် နဲ့ ပွဲမှာ နည်းနည်း ကံမကောင်း ဖြစ်သွားတယ်။ သူတို့က ဂိုးတွေ အများကြီး ပေးနေရတုန်းပဲ။ မန်စီးတီး က ဒီပွဲကနေ တစ်မှတ် ရသွားရင်ကို ပျော်မှာပါ။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Liverpool 1-1 Manchester City
အခြားပွဲစဉ်တွေအတွက် လော်ရိုး ရဲ့ ခန့်မှန်းရလဒ်များ
- Brentford 2-1 Brighton
- Leicester 1-1 Crystal Palace
- Fulham 2-1 Bournemouth
- Wolves 1-0 Nottingham Forest
- Wolves 1-0 Nottingham Forest
