ဒီအပတ် အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲအတွက် ဂန်းနားဟောင်းကြီး ဝီလီယမ် ဂါးလက်စ်က ပွဲကြို ခန့်မှန်း သုံးသပ်မှု ပြုလုပ်သွားပါတယ်။
တနင်္ဂနွေနေ့မှာတော့ ဇယားထိပ်က ဦးဆောင်သူ အာဆင်နယ်ဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ အဝေးကွင်း နိုင်ပွဲ လုံးဝ မရထားတဲ့ အသင်းဖြစ်ပါတယ်။

ဝီလီယမ် ဂါးလက်စ်က ‘ ဒီပွဲကို အာဆင်နယ် အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။ ဒါ သေချာပါတယ်။ ကျနော် ထင်တယ် အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရမှာဖြစ်ပြီး နှစ်သင်းလုံး ဖွင့်ကစားကြပါလိမ့်မယ်။
အကယ်လို့ အမ်းမရိတ်မှာ လီဗာပူးကို အနိုင်မရရင် အာဆင်နယ်က အကြီးအကျယ် စိတ်ပျက်ပါလိမ့်မယ်။ အထူးသဖြင့် စပါးအသင်းကို စပါးအသင်းကို အနိုင်ရအပြီးမှာပေါ့။ ဘရိုက်တန်ကို ရင်ဆိုင်ခဲ့တုန်းကလို ဒီရာသီ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သူတို့ကို အနိုင်ယူဖို့ အခွင့်အရေးပါပဲ။
လီဗာပူးက ရုန်းကန်နေရတဲ့ အသင်းပါ။ ဘရိုက်တန်ပွဲ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျနော်တော့ မအံ့သြပါဘူး။ ဒီရာသီမှာ သူတို့က အဲ့လို ရုန်းကန်နေရတာပါ။ တစ်ရာသီလုံး ရုန်းကန်ရမယ့် အနေအထားကို မြင်နေရတယ်။ မာနေး မရှိကတည်းက သူတို့ အားပျော့သွားပြီး ခံစစ်ကလည်း အရမ်းကို ဆိုးပါတယ်။
ထရန့်က ရုန်းကန်နေရတာကြောင့် လီဗာပူးက ပွဲတိုင်းမှာ သူ့ဘက်ကနေ ဂိုးတွေ ပေးနေရပါတယ်။ သူက ရှေ့ကို အရမ်းတက် ကစားလွန်းတယ်။ တိုက်စစ်ပိုင်းမှာ ထရန့်က မယုံနိုင်စရာ ဖြတ်တင်ဘောတွေနဲ့ ဖန်တီးမှုဗတွ လုပ်ပေးနိုင်ပေမယ့် သူက ခံစစ်ပိုင်း ကာကွယ်ပုံ မကောင်းပါဘူး။
သူ့ရဲ့ ရုန်းကန်နေရတဲ့ စွမ်းဆောင်ရည်ကို ကျနော်တော့ မအံ့သြဘူး။ ကုန်ခဲ့တဲ့ နှစ်တွေမှာ သူက တိုက်စစ်လိုက်ပြီး ဂိုးထောက်ပံ့မှုတွေ လုပ်နေတော့ သူရဲ့ ခံစစ်ပိုင်း အားနည်းချက်ကို လူတွေ ဂရုမပြုမိကြတာပါ။
သူ့ရဲ့ ပထမဆုံး တာဝန်က ခံစစ်ကာကွယ်ဖို့လေ။ သူ့အမှားကနေ လီဗာပူးက ဂိုးတွေ ဘယ်လောက်တောင် ပေးနေရလဲ? ပွဲတွေ နိုင်နေတော့ ဒီအကြောင်းကို ဘယ်သူမှ မပြောကြတာပါ။ လီဗာပူး နိုင်နေချိန်၊ ဆုဖလား အနိုင်ရနေချိန်မှာ ထရန့်က သိပ်ကောင်းပေမယ့် သူက အမြဲတမ်း အားနည်းချက်နဲ့ ကစားသမားပါ။
အာဆင်နယ်အတွက်ကတော့ အခုချိန်ထက် လီဗာပူးကို ကစားဖို့ သင့်လျော်တဲ့အချိန် မရှိတော့ပါဘူး ’ လို့ ပွဲကြို ခန့်မှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
