ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အကောင်းဆုံး ကွင်းလယ်တွေ ပိုင်ဆိုင်ထားတဲ့ အသင်း (၅) သင်း

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ သိပ်မလိုတော့ပါဘူး။ လက်ရှိမှာ ဆိုရင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးနိုင်ငံတကာသီတင်းပတ်ထဲ ရောက်နေတာ ဖြစ်ပါတယ်။၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ရ အသင်းတွေအားလုံးဟာ ပြိုင်ပွဲအတွက် တက်ကြွစွာ ပြင်ဆင်နေကြပါတယ်။

သူတို့အားလုံးဟာ အခုချိန်မှာ မတူညီတဲ့ ပေါင်းစပ်မှုနဲ့ ဖော်မြူလာတွေ စမ်းသပ်နေကြတာပါ။ ကမ္ဘာ့ဖလားမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်အောင် ကူညီပေးမယ့် အစီအစဉ်တစ်ခုကို အာရုံစိုက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်ဟာ အသင်းတိုင်းအတွက် အဓိကကျောရိုးဖြစ်ပြီး ကွင်းလယ်အင်အား တောင့်လေလေ ပွဲတစ်ပွဲကို လွှမ်းမိုးနိုင်ဖို့ အခွင့်အရေး ပိုကောင်းလေပါ။

ကမ္ဘာ့ဖာလားမတိုင်ခင် အခုချိန်မှာ အကောင်းဆုံး ကွင်းလယ်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံအသင်း ၅ သင်းကို ကြည့်လိုက် ရအောင်။

(၅) အင်္ဂလန်

အင်္ဂလန်ဟာ မကြာသေးမီက အချိန်တွေအတွင်း သူတို့ကိုယ်သူတို့ အင်အားတစ်ခုအဖြစ် သက်သေပြခဲ့တာပါ။ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ဖိုင်နယ်ထိ တက်နိုင်ခဲ့တာတွေက သူတို့ရဲ့ လုပ်နိုင်စွမ်းကို ပြသနေတာ ဖြစ်ပါတယ်။ သူတို့ဟာ ဖြိုခွဲရ ခက်ခဲတဲ့ အသင်းတစ်သင်းဖြစ်ကြောင်းနဲ့ ရှိန်လောက်စရာ လူအင်အားကို ပိုင်ဆိုင် ထားကြောင်း ပြသခဲ့တာပါ။ သူတို့ရဲ့ ကွင်းလယ်က ဟန်ချက်ညီပါတယ်။

ငယ်ရွယ်တဲ့ ကွင်းလယ်လမ်းကြောင်းဖြစ်ပြီး အရာအားလုံးက အစီအစဉ် အတိုင်း ဖြစ်သွားရင်တော့ ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းဟာ ၂၀၂၂ ဖီဖာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အဆင့် ကောင်းကောင်း ရသင့်ပါတယ်။

သူတို့မှာ ကွင်းလယ်ခံစစ်အတွက် ကယ်ဗင်ဖီးလစ်နဲ့ ဒက်ကလန်ရိုက်စ်ရှိပါတယ်။ ဂျူ့ဒ်ဘယ်လင်ဟမ်၊ မေဆန်မောင့်၊ ကော်နာ ဂယ်လာဂါ၊ ဂျိမ်းစ်ဝပ်ပရောက်စ်နဲ့အတူ ဒီနိုင်ငံတကာသီတင်းပတ်မှာ အသင်းလူစာရင်းထဲ ပါဝင်ခဲ့တဲ့ တခြား ကစားသမားတွေလဲ ရှိပါတယ်။ ဒီအုပ်စုထဲမှာ ဖန်တီးနိုင်စွမ်းနဲ့ ဇွဲလုံ့လ များစွာရှိပြီး အကောင်းဆုံး ပြိုင်ဘက်တချို့ကို ရင်ဆိုင်ပြီး သူတို့ရဲ့ အနေအထားကို ဆက်လက် ထိန်းသိမ်း ထားနိုင်သင့်ပါတယ်။

(၄) ဘရာဇီး

ဘရာဇီးရဲ့ တိုက်စစ်ပိုင်းကတော့ ကမ္ဘာ့ဖလားမတိုင်ခင်တကည်းက ခြိမ်းခြောက်နေပါတယ်။ သူတို့မှာ နေမာ၊ ဗီနီစီးယပ်၊ ရိုဒရီဂိုတို့လိုကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတွေ ရှိနေတာပါ။ အန်တိုနီ၊ ရစ်ချာလီဆန်၊ ဖာမင်နိုင်၊ မက်သဲယက် ကူညာတို့ကလဲ စိတ်ချရဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ကွင်းလယ်လူတွေဟာ ဒီအတောအတွင်း သိပ်ကို ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။ ကာဆီမီရို၊ ဖာဘင်ညိုတို့လို့ ပထမတန်းစား ကွင်းလယ်ခံစစ်တွေရှိပြီး ဖရက်က နံပါတ် ၆ အနေနဲ့ လုံးဝ ကျွမ်းကျင်မှုကို သက်သေပြခဲ့သလို ပါကွေတာ၊ ဂွီမာရက်စ်နဲ့ ရီဘေရိုတို့ကလဲ ဖန်တီးနိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။

(၃) ဂျာမနီ

၂၀၁၈ ဖီဖာကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဂျာမနီဟာ ဒီတစ်ကြိမ်မှာ သူတို့ကိုယ်သူတို့ ပြန်အဖတ်ဆယ်ဖို့ မျှော်လင့်နေမှာပါ။ သူတို့မှာ အတောင့်တင်းဆုံး ဖလားစိန်ခေါ်သူတွေဖြစ်အောင် ကူညီပေးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။

အခုလက်ရှိ ကမ္ဘာ့အဆင့် ကွင်းလယ်လူတချို့ကို ဂျာမနီက ပိုင်ဆိုင်ထားတာပါ။ ဂျိုရှူဝါ ကင်မစ်ချ်ဟာ အမြင့်ဆုံး စွမ်းရည်နဲ့ ကစားနေပြီး သူ့ရဲ့ ဘိုင်ယန်တွဲဖက် ဂိုရက်ဇ်ကာကလဲ သူနဲ့အတူ ထိုးစစ်ဆင်နိုင်ဖွယ်ရှိပါတယ်။ ဂန်ဒိုဂမ်က နောက်ထပ် အရည်အသွေးမြင့် ကွင်းလယ်လူဖြစ်လို့ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားမှာ ဟန်ဆီဖလစ်အနေနဲ့ ကောင်းကောင်း အားကိုးလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ပုံစံကောင်းရနေတဲ့ မိုချင်ဂလက်ဘက် ကွင်းလယ်တိုက်စစ်ကစားသမား ယိုးနပ် ဟော့ဖ်မန်းနဲ့ မူဆီယာလာတို့ပါ ရှိပါတယ်။

(၂) ပေါ်တူဂီ

လက်ရှိပေါ်တူဂီမှာ ခြေစွာနေတဲ့ ကစားသမားများစွာရှိလို့ ကမ္ဘာ့ဖလားမှာ နောက်ပိုင်း အဆင့်တွေထိ ပါဝင်လာဖို့ တစ်ပေး ခံထားရပါတယ်။ ပေါ်တူဂီဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး နည်းစနစ်ဆရာတချို့ မွေးထုတ်ခဲ့တာဖြစ်ပြီး အခုလဲ သိပ်ပြီး မကွာခြားပါဘူး။ ရူဘင်နီဗက်စ်၊ ပါလင်ညာ၊ နူနက်စ်၊ ကာဗယ်ဟိုတို့အားလုံးဟာ ကွင်းလယ်ဗဟိုခံစစ်မှာ ယုံကြည်စိတ်ချရတဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။

ကွင်းလယ်ရော တိုက်စစ်ပါ Box to Box ကစားနိုင်တဲ့ ဗီတင်ညာလဲရှိပြီး သူဟာ ရာသီအစ ပီအက်စ်ဂျီအတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့တာပါ။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒို‌ေးဆဗား၊ ဂျွာအိုမာရီယိုတို့လဲရှိလို့ ကွင်းလယ် ဖန်တီးမှုပိုင်း အားနည်းမှာ မစိုးရိမ်ရပါဘူး။ ဖာနန်ဒိုဆန်းတို့စ်အနေနဲ့ လူရွေးချယ်ရာမှာခေါင်းကိုက်ရတော့မှာဖြစ်ပေမယ့် ဒါမျိုးကတော့ မကြိုက်မှာမပူရပါဘူး။

(၁) စပိန်

စပိန်ဟာ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တချို့ မွေးထုတ်ပေးရာနေရာပါ။ ယူရို ၂၀၂၀ မှာ ဆီမီးဖိုင်နယ် ထိ ရောက်ခဲ့ပြီးနောက် ဒီကမ္ဘာ့ဖလားမှာ စပိန်ကို အများကြီး မျှော်လင့်ထားပါတယ်။ ဒါကလဲ ကွင်းလယ်ရဲ့ အင်အားကြီးမားတဲ့ အရည်အသွေးကြောင့်ပါပဲ။

ဆာဂျီယို ဘူးစကွက်ဟာ အကောင်းဆုံးအချိန်ကို ကျော်လွန်သွားပြီလို့ ပြောလို့ရပေမယ့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ရိုဒရီက အဲ့နေရာမှာပဲ နောက်ထပ် ကမ္ဘာ့အဆင့် ရွေးချယ်စရာဖြစ်ပါတယ်။ သီယာဂို အယ်ကန်တာရာက အသင်းကို ပြန်လာနိုင်ဖွယ်ရှိပြီး လီဗာပူးကြယ်ပွင့်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ပလေးမိတ်ကာ တစ်ယောက်ပါ။

သူတို့ဟာ ပက်ဒရီနဲ့ ဂါဗီတို့လို ပါရမီပြည့်ဝဲ့ ဗဟိုကွင်းလယ်တွဲဖက်တွေရှိပါတယ်။ မားကို့စ် လော်ရန်တေးဟာ နေရာ အစုံမှာ ကစားနိုင်စွမ်းရှိပေမယ့် ကွင်းလယ်နေရာက အဓိက ဖြစ်ပါတယ်။ ကိုကီ၊ မစ်ကယ် မာရီနိုနဲ့ ကားလို့စ် ဆိုလာတို့ဟာလဲ အန်ရီကေး အားကိုးလို့ရတဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။