ဟယ်ရီကိန်း၊ စတာလင်၊ ဘယ်လင်ဟမ်တို့နဲ့အတူ အီတလီကို ရင်ဆိုင်မယ့် အင်္ဂလန် ပွဲထွက်လူစာရင်း ခန့်မှန်း

အင်္ဂလန်အသင်းဟာ နိုင်ငံတကာ သီတင်းပတ်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၂ ပွဲထဲက တစ်ပွဲအဖြစ် ဒီညမှာတော့ အီတလီနဲ့ နေးရှင်းလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာကြောင့် မီလန်ခရီးစဉ်မှာ ကွင်းလယ်လူ ကီဗင်ဖီးလစ်၊ ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့်တို့ မပါနိုင်ခဲ့ပါဘူး။ မန်နေဂျာဆောက်ဂိတ်က လူစာရင်းထဲမှာ မက်ဂွဲရား၊ လုရှောတို့လို ကလပ်အဆင့်တွေမှာ ပွဲမကစားထားရတဲ့ စီနီယာတွေကိုလည်း ခေါ်ယူထားခဲ့တာဖြစ်တယ်။

ဂိုးသမားနေရာမှာ အာဆင်နယ်မှ ရမ်ဒေးနဲ့ နယူးကာဆယ်မှ နစ်ပုပ်တို့အကြား ဘယ်သူ့ကို ရွေးမလဲ ဆောက်ဂိတ် ဆုံးဖြတ်ရမှာပါ။ ဒီပြိုင်ဆိုင်မှုမှာ ဒီရာသီ ခံစစ်ပိုင်း ကာကွယ်မှုတွေမှာ ထူးချွန်နေတဲ့ နစ်ပုပ် အသာရပြီး ပွဲထွက်ခွင့်ရဖွယ် ရှိပါတယ်။

ခံစစ်မှာ မက်ဂွဲရားကို စပါးခံစစ်မှူး အဲရစ်ဒိုင်ယာ၊ မန်စီးတီးခံစစ်မှူး ဝေါ်ကာတို့ဖြင့် တွဲဘက်ပေးမှာဖြစ်တယ်။ လီဗာပူးခံစစ်သမား ထရန့်က ဒီရာသီမှာ ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ရေး ရုန်းကန်နေရပြီး ဘမ်ချီးဝဲလ်က လူစာရင်စာရင်းမှာ မပါတော့ပါဘူး။

တောင်ပံ-အစွန် သမားတွေအဖြစ် အာဆင်နယ်မှ ဆာကာနဲ့ ချယ်ဆီးမှ ရိစ်ဂျိမ်းတို့ကို အသုံးပြုဖွယ်ရှိတယ်။

ဖီးလစ် မပါနိုင်ပေမယ့် အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ဒီကလန်ရိုက်နဲ့ ဘယ်လင်ဟမ်တို့ ပူးတွဲ ပွဲထွက်လာဖွယ် ရှိနေတယ်။ အခြားသော ကွင်းလယ်လူဖြစ်တဲ့ ဟန်ဒါဆန်က ဒဏ်ရာက သက်သာလာပြီး လက်ရွေးစင် လူစာရင်းဖြင့် ပူးပေါင်းခဲ့ပေမယ့် အီတလီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

တိုက်စစ်မှာတော့ ဟယ်ရီကိန်းကို အထောင်ထားပြီး သူ့ဘေးမှာ စတာလင်၊ ဖိုဒန်တို့ဖြင့် ပံ့ပိုးပေးဖွယ် ရှိပါတယ်။ ၃-၄-၃ ကစားကွက်မှာ အခြားသော တိုက်စစ်ပိုင်း ရွေးချယ်စရာအဖြစ် ဘရန့်ဖိုဒ့်မှ တိုးနေကိုလည်း ရွေးချယ်ထားပါတယ်။

အင်္ဂလန်အသင်း ခန့်မှန်းလူစာရင်း (၃-၄-၃)

နစ်ပုပ်၊ ဝေါ်ကာ၊ ဒိုင်ယာ၊ မက်ဂွဲရား၊ ဂျိမ်း၊ ဘယ်လင်ဟမ်၊ ရိုက်၊ ဆာကာ၊ ဖိုဒန်၊ စတာလင်၊ ကိန်း။