ရိန်းဂျား၊ ပီအက်စ်ဗီ၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၆ နေရာအတွက် ယှဉ်ပြိုင်မယ့် ၁၂ သင်း

သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် မဲခွဲမှုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လက်တလောမှာ ဥရောပကလပ် ၂၆ သင်းက အုပ်စုအဆင့်ကို ဝင်ရောက်ထားပြီဖြစ်ကာ နောက်ထပ် ၆ နေရာစာပဲ ကျန်ရှိတော့တာပါ။ အဲ့ဆိုပါ ၆ နေရာအတွက် ခြေစစ်ပွဲတွေကို အဆင့်ပေါင်း ၅ ဆင့်နဲ့ ကျင်းပလာခဲ့ရာမှာ အခုဆိုရင်တော့ နောက်ဆုံးသော Playoff အဆင့်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဂျာမာန်ဘက်က ယူရိုပါလိဂ် ချန်ပီယံ အပါအဝင် ကလပ် ၅ သင်းထိ ချန်ပီယံလိဂ် အုပ်စုအဆင့်ထံ ပါဝင်လာခဲ့ပြီး အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့က ၄ သင်းစီ ပါဝင်သွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် Playoff ပြိုင်ဘက်များ

  • Maccabi Haifa vs Red Star
  • FC Copenhagen vs Trabzonspor
  • Bodo Glimt vs Dinamo Zagreb
  • Qarabag vs Viktoria Plzen
  • Rangers vs PSV Eindhoven
  • Dynamo Kyiv vs Benfica

အထက်ပါ အတွဲ ၆ တွဲဟာ သြဂုတ်လ ၁၆-၁၇ နဲ့ သြဂုတ်လ ၂၃-၂၄ ရက်တွေမှာ နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နှစ်ကျော့လုံးမှာ အဖြေမထွက်ရင်တော့ အချိန်ပိုနဲ့ ပင်နယ်တီ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရလာတဲ့ ကလပ် ၆ သင်းဟာ UEFA Coefficient Ranking အရ မဲအိုးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။

အုပ်စုအဆင့်ကို ဝင်ရောက်ထားတဲ့ ကလပ်ပေါင်း ၂၆ သင်း၊ Playoff ကနေ တက်လာမယ့် ၆ သင်းတို့ကို သြဂုတ်လ ၂၅ ရက်နေ့ မဲခွဲမှုတွေအပြီး စက်တင်ဘာလကစလို့ ချန်ပီယံလိဂ်ပြိုင်ပွဲ စတင်မှာဖြစ်ပါတယ်။

Group Stage (32 teams)

  • အုပ်စုပွဲစဉ် ၁ – စက်တင်ဘာလ (၆-၇) ရက်
  • အုပ်စုပွဲစဉ် ၂ – စက်တက်ဘာလ (၁၃-၁၄) ရက်
  • အုပ်စုပွဲစဉ် ၃ – အောက်တိုဘာလ (၄-၅) ရက်
  • အုပ်စုပွဲစဉ် ၄ – အောက်တိုဘာလ (၁၁-၁၂) ရက်
  • အုပ်စုပွဲစဉ် ၅ – အောက်တိုဘာလ (၂၅-၂၆) ရက်
  • အုပ်စုပွဲစဉ် ၆ – နိုဝင်ဘာလ (၁-၂) ရက်

အုပ်စုပွဲစဉ်တွေအပြီး ကမ္ဘာဖလားပြိုင်ပွဲကြောင့် ကလပ်အဆင့် ပွဲစဉ်တွေကို ရပ်နားထားဦးမှာဖြစ်ပါတယ်။ ရှုံးထွက်အဆင့် ချန်ပီယံလိဂ်ပွဲတွေကို ဖေဖော်ဝါရီမှာ ပြန်လည် စတင်ပါမယ်။

Knockout Stage (played in 2023):

၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဖေဖော်ဝါရီလ ၁၄-၁၅ ရက်နဲ့ ၂၁-၂၂ ရက်တွေမှာ ပထမအကျော့၊ မတ်လ ၇-၈ ရက်နဲ့ မတ်လ ၁၄-၁၅ ရက်တွေမှာ ဒုတိယအကျော့တွေကို ယှဉ်ပြိုင်ပါမယ်။

ကွာတားဖိုင်နယ်ကို ဧပရယ်လ၊ ဆီမီးဖိုင်နယ်ကို မေလထဲမှာ ယှဉ်ပြိုင်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။