အာဆင်နယ် ဂိုးပြတ်ပြီး ယူနိုက်တက် ရှုံးပွဲတွေ့ခြင်းနဲ့အတူ အပြောင်းအရွှေ့ ထူးခြားမှုတွေနဲ့ ညနေခင်း သတင်းများ

အာဆင်နယ်အသင်းက ဆီးဗီးလာအသင်းနဲ့ ရင်ဆိုင်ကစားတဲ့ Emirates Cup ပွဲစဉ်ကို ဂျေးဆုရဲ့ ဟက်ထရစ်၊ ဆာကာ (၂ ဂိုး)၊ အန်ကတ်တီးရား (၁ ဂိုး) နဲ့အတူ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။

ယူနိုက်တက်နဲ့ အက်သလက်တီကို တို့ရဲ့ ခြေစွမ်းပွဲမှာ ဖီလစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လာလီဂါကလပ်က အနိုင်ရသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ဖရတ်က နှစ်ဝါတစ်နီ ရခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ မန်စီးတီးတို့ ဒီကနေ့ည ယှဉ်ပြိုင်မယ့် ကွန်မြူနတီဒိုင်းပွဲကို ဝင်ဘာလေကွင်းအစား လက်စတာရဲ့ ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဝင်ဘာလေကွင်းကတော့ ယူရို ဗိုလ်လုပွဲ ကစားရဖို့ ရှိနေတာကြောင့်ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက စီးရီးအေကလပ် အင်တာမီလန်အသင်းမှ စီနီယာပွဲကစားခွင့် မရသေးပေမယ့် အလားအလာရှိသူအဖြစ် နာမည်ထွက်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ ကာဆာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မာဆေးအသင်းဟာ အာဆင်နယ်ကစားသမား တာဘာရက်စ်ကို အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ တစ်ရာသီ အငှားစားချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာပါတယ်။

ချယ်ဆီးဂိုးသမား ကီပါကို အငှားခေါ်ယူရေး နာပိုလီအသင်းက အလေးအနက် ကြိုးစားနေသလို လိုက်ဇစ်အသင်းကလည်း ဝင်ရောက် ချိတ်ဆက်ဖို့ စိတ်ဝင်စားနေပါတယ်။

တိုက်စစ်မှူး ဗာနာကို အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ အငှားချမှု ပြုလုပ်ဖို့ ချယ်ဆီးဘက်က စီစဉ်နေပါတယ်။ ဂျူဗင်တပ်နဲ့ လိုက်ဇစ်တို့က ဝင်ရောက် ညိနှိုင်းနေပေမယ့် သဘောတူညီမှုရဖို့တော့ မနီးစပ်ကြသေးပါဘူး။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီကစလို့ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် တာဝန်ကို အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ အိုဒီဂတ်က တာဝန်ယူမှာဖြစ်ပါတယ်။

တော့ဘိုလီနဲ့ စကားပြောခဲ့တာက ဒီဂျောင်းကို ခေါ်ယူပါလို့ ကမ်းလှမ်းခဲ့တာ မဟုတ်ဘဲ ဘောလုံးအကြောင်း စကားပြောခဲ့တာပါလို့ ဘာစီလိုနာ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက ပြောပါတယ်။ ဘာစီလိုနာဘက်က အလိုရှိတဲ့ အချို့သော ကစားသမားတွေအတွက် ဆွေးနွေးမှု လုပ်ခဲ့ကြောင်းတော့ ဝန်ခံခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဘာနာတို အပြောင်းအရွှေ့ကိစ္စကို ကစားသမားရဲ့ စာချုပ်ကြောင့် စကားပြောပေးဖို့ လာပေါ်တာက ငြင်းဆန်ခဲ့သလို ဂွာဒီယိုလာကလည်း ဘရိုက်တန် ဘယ်အစွန်လူ ကူကူရယ်လာအကြောင်း ပြောပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ကို ခေါ်ယူရေး လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေသလို အင်္ဂလန် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းလို တောက်ပလာလိမ့်မယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။

ကွင်းလယ်လူ မတ်ဒီဆန်အတွက် နယူးကာဆယ်ရဲ့ ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုကို လက်စတာအသင်း ပယ်ချသွားပါတယ်။