ကလေးထိန်းရတာကမှ ရော်ဘတ်ဆန်ကို ထိန်းရတာထက် ပိုခက်သေးတယ်ဆိုတဲ့ ဗယ်ဗာဒီ

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီက ဆုဖလား အောင်ပွဲခံချိန်မှာ ပြိုင်ဘက် ကစားသမား ရော်ဘတ်ဆန်ကို လှောင်ပြောင်မှု ပြုလုပ်သွားပါတယ်။

လာလီဂါ ချန်ပီယံတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့တာပါ။ အဲ့ပွဲအတွက် တစ်ဂိုးတည်းသော သွင်းဂိုးဟာ ညာခြမ်းကနေ ဗယ်ဗာဒီရဲ့ ပေးမှုကို တိုက်စစ်သမား ဗင်နီးဆီးယက်စ်ပ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဗယ်ဗာဒီဟာ ညာခြမ်းမှာ ရော်ဘတ်ဆန်ကို အဓိက ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အောင်ပွဲခံမှုမှာ သူဟာ သားဖြစ်သူကို ပုခုံးပေါ် တင်ထားရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဗယ်ဗာဒီက “ ရော်ဘတ်ဆန်ကို လူကပ်ရတာထက် ကျနော်သားကို ကြည့်နေရတာကမှ ပိုခက်ပါသေးတယ်။ ဧရိယာအနားကို သွားနိုင်ခဲ့ပြီး ဘောလုံးကို ကန်တင်ခဲ့တယ်။ သိပ်ကောင်းတဲ့ ပေးချက်ဖြစ်ခဲ့ပြီး ဗင်နီးဆီးယက်က အလှဆုံး အဆုံးသတ်တာကတော့ ပိုကောင်းခဲ့တာပေါ့ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ် လုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ၂ ကြိမ်ပဲ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်ကလပ်က သွင်းဂိုး ရခဲ့တာဖြစ်ပြီး လီဗာပူးကတော့ ကော်တိုအာကို မကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဒရစ်ကို ရင်ဆိုင်ရာမှာ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်ကြောင်းကို ဘယ်အစွန်လူ ရော်ဘတ်ဆန်ကလည်း ဝန်ခံခဲ့ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်ကလည်း ” ကျနော်တို့ အခွင့်အရေးရခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ိုဂိုးသမားကို ရင်ဆိုင်ခဲ့ရပြီး သူက အံ့သြဖို့ ကောင်းအောင်ကို ကာကွယ်နိုင်ခဲ့တယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်သင့်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။

ရီးရဲလ်မက်ဒရစ်က ပွဲကို ထိန်းထားနိုင်ခဲ့တယ်။ အတွေ့အကြုံရှိတဲ့ အသင်းကို ရင်ဆိုင်ချိန်မှာ သူတို့က ဗိုလ်လုပွဲကို ဘယ်လို အနိုင်ယူရမယ်ဆိုတာ သိပါတယ်။ တိုက်စစ်မှာ အခွင့်အရေးရချိန်မှာ သူတို့ လုပ်ပြသွားခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။