ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘန်ဇီမာရဲ့ သွင်းဂိုးကို ဘာလို့ ခွင့်မပြုရသလဲ ရှင်းပြချက်

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘန်ဇီမာရဲ့ သွင်းဂိုးက အယ်လီဆန် ကာကွယ်နေတဲ့ ဂိုးပိုက်ထဲကို ဝင်သွားခဲ့ပေမယ့်လို့ လူကျွံအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

The Athletic က ရှင်းပြရာမှာ ဗီဒီယို ဒိုင်ကတော့ အဲ့ဘောလုံးမတိုင်ခင် ဖာဘင်ညိုရဲ့ ဘောလုံးထိချက်ဟာ ရှင်းလင်းတဲ့ ပေးပို့မှု မဟုတ်ခြင်းကြောင့် ဘန်ဇီမာက လူကျွံတာအဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပထမပိုင်းအတွင်း လီဗာပူးဂိုးဧရိယာမှာ အနည်းငယ် ပြာယာခတ်သွားတဲ့ အခြေအနေကနေ ဘန်ဇီမာ ဂိုးသွင်းချိန်မှာ ကိုနတေး၊ ဗယ်ဗာဒီ အဲ့ကမှ ကိုနတေးနဲ့ နောက်ဆုံး ဖာဘင်ညိုတို့ ဘောလုံးထိခဲ့ကြပြီး ဘန်ဇီမာက ဘောလုံးလက်ခံ ရယူကာ ပိတ်သွင်းခဲ့တာပါ။

ဒါပေမယ့်လို့ ဘန်ဇီမာရဲ့ သွင်းဂိုးကို လူကျွံအလံ ထောင်ခြင်း ခံခဲ့ရတယ်။ ဒိုင်လူကြီး Clement Turpin နဲ့ အဖွဲ့က ဘန်ဇီမာဟာ အယ်လီဆန်ရဲ့ နောက်မှာ ရှိနေတာကြောင့် လူကျွံတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဘန်ဇီမာရဲ့ သွင်းဂိုး လူကျွံဘော မဖြစ်စေဖို့ရာ တိုက်စစ်သမားနဲ့ ဂိုးကြားမှာ ကစားသမား နှစ်ဦး ရှိနေရမှာ ဖြစ်ပါတယ်။ ဂိုးသမား ဒါမှမဟုတ် ကစားသမားတစ်ဦး ဒါမှမဟုတ် ကစားသမား နှစ်ဦး ရှိနေရမှာပါ။ ဒီစည်းမျဉ်းကို အတော်များများက နားလည်ကြပေမယ့် သဘောမပေါက်တာက ဗယ်ဗာဒီရဲ့ ဘောလုံးထိချက်အပိုင်းမှာ ဖြစ်ပါတယ်။

ဗယ်ဗာဒီ ဘောလုံးထိချိန်ကို VAR ဒိုင်ဖြစ်တဲ့ Jerome Brisard နဲ့ သူ့ရဲ့ လက်ထောက် သုံးဦးတို့က ကြည့်ရှု အကဲဖြတ်ခဲ့ပါတယ်။ ၃ မိနစ်နဲ့ ၂၂ စက္ကန့် စောင့်ကြည့်အပြီးမှာ သူတို့က သွင်းဂိုး ပယ်ဖျက်မှုကို မူလအတိုင်း ဆက်ထားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို အဓိက အဆုံးအဖြတ်ပေးသွားတာက ဗယ်ဗာဒီ ဘောလုံးပေးချိန်မှာ လီဗာပူးခံစစ်သမား ကိုနတေးနဲ့ ထိခဲ့မှုဖြစ်သေးပေမယ့် ဘန်ဇီမာ သွင်းဂိုးရယူမှု မတိုင်ခင် နောက်ဆုံး ဘောလုံးထိခဲ့သူက ဖာဘင်ညိုရဲ့ အနေအထား ဖြစ်ပါတယ်။

BT Sport မှ Peter Walton ကလည်း လူကျွံစည်းမျဉ်းအရ ဖာဘင်ညိုဟာ ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ ထိခဲ့တာ မဟုတ်ဘဲ သူနဲ့ထိ လမ်းကြောင်း ပြောင်းခဲ့တာဖြစ်လို့ လူကျွံဘော ဥပဒေအရ ဘန်ဇီမာရဲက သွင်ဂိုးကို ခွင့်မပြုခြင်းဟာ အတည်ဖြစ်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။