ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် အာဆင်နယ် အသင်းသားကို ထိန်းချုပ်နိုင်ခြင်းအတွက် ဂုဏ်ယူစကား ပြောဆိုတဲ့ ရော်ဘတ်ဆန်

ဒီနှစ်ထဲမှာ အမ်းမရိတ်ကွင်းအတွင်း အာဆင်နယ်ကို အနိုင်ရခဲ့တာဟာ ဂန်းနားတို့ရဲ့ အဓိက ကစားသမား ဆာကာကို သူ ထိန်းချုပ်နိုင်ခဲ့တာကြောင့်ဖြစ်ကြောင်း ရော်ဘတ်ဆန်က ဂုဏ်ယူစွာ ပြောဆိုပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်သမား ဆာကာဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့သူပါ။ အာတီတာရဲ့ လက်အောက် ထွန်းတောက်လာတဲ့ အင်္ဂလန်သားဟာ ပိုပိုကောင်းလာတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။

လီဗာပူးအစွန်လူ ရော်ဘတ်ဆန်ကတော့ သွင်းဂိုးတွေအတွက် သူပါဝင်စရာ မလိုဘဲ ပြိုင်ဘက်ရဲ့ အဓိက ကစားသမားတွေကို ထိန်းချုပ်ဖို့ကို အာရုံစိုက်ရချိန်မှာ သူပိုကောင်းကောင်း ကစားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကိုလည်း အာဆင်နယ်ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဆာကာကို ထိန်းချုပ်ခဲ့ခြင်းနဲ့ နှိုင်းယှဉ်ပြပါသေးတယ်။

အာဆင်နယ် အသင်းသား ဆာကာကို ထိန်းချုပ်ဖို့ကိုပဲ အာရုံစိုက်ခြင်းဟာ လီဗာပူးနိုင်ပွဲရဖို့ အဓိက အကြောင်းရင်း မဟုတ်ပေမယ့် ဂန်းနားတွေ နိုင်ပွဲမရဖို့တော့ နည်းလမ်းကောင်းဖြစ်ခဲ့တာပါ။

ရော်ဘတ်ဆန်က ‘ သွင်းဂိုးအတွက် ပါဝင်ပတ်သတ်ရမှုဆိုတာက ကြီးမားပါတယ်။ ဒီရာသီမှာ အဲ့လိုလုပ်နိုင်ဖို့ ကျနော်က အရမ်းကြီး ယုံကြည်ချက် မရှိတာလည်းဖြစ်နိုင်ပါတယ်။

သွင်းဂိုးတွေအတွက် ပါဝင်ပတ်သတ်ရခြင်း မရှိတဲ့ပွဲတွေမှာ ကျနော် ပိုပြီး ယုံကြည်ချက်ရှိရှိ ကစားနိုင်ပါတယ်။ အာဆင်နယ်ကို အဝေးကွင်းမှာ သွားကစားပြီး ၂-၀ အနိုင်ရတဲ့ပွဲကို ပြောရပါလိမ့်မယ်။

ဆာကာက ဘယ်လောက်ထိ ကောင်းတဲ့ ကစားသမားကောင်းလဲ ကျနော် သိတယ်။ အဲ့ပွဲမှာ သူ့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာ သိပါတယ်။ အဲ့တာက ကျနော်တို့ အနိုင်ရဖို့အတွက် အဓိက အကြောင်းရင်း မဟုတ်ပေမယ့် အာဆင်နယ်အသင်း အနိုင်မရဖို့တော့ အရေးကြီးတဲ့အချက် ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အာဆင်နယ်အတွက် အရေးကြီးတဲ့ ကစားသမားပါ။

သူက တိုက်ရိုက်ကစားနိုင်တယ်၊ အခွင့်အရေး ဖန်တီးနိုင်တယ်။ အဲ့ပွဲမှာ သူ့ကို ကျနော် ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။ နောက်ပွဲကတော့ ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲပါ။ ဦးဆောင်ဂိုး ၂ ဂိုးရတယ် နောက် ၃ ဂိုးနဲ့ ၄ ဂိုးတွေရတယ်။ ကျနော်က ဘောလုံးပြန်ယူပြီး သွင်းဂိုးအတွက် စတင်ခဲ့ပေမယ့် မရခဲ့ပါဘူး ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီညမှာ လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေကာ ပြိုင်ဘက်အသင်း တောင်ပံသမားတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ကို ရော်ဘတ်ဆန်က အာရုံစိုက်နေတာ ဖြစ်ပါတယ်။