ဗိုလ်လုပွဲ နှစ်ခါ ရှုံးရင် အရမ်း ကြေကွဲမနေဖို့ လီဗာပူးတိုက်စစ်မှူး ဆာလာကို ကာဗာဂျယ် သတိပေး

ရီးရဲလ်မက်ဒရစ် ခံစစ်သမား ကာဗာဂျယ်က ဒီအပတ်မှာ တွေ့ဆုံမယ့် ချန်ပီယံလိဂ် ပြိုင်ဘက် လီဗာပူးအသင်းနဲ့ ပြိုင်ဘက် တိုက်စစ်သမား ဆာလာတို့ကို သတိပေးလိုက်ပါတယ်။

၂၀၁၈ တုန်းက ရှုံးပွဲကို လက်စားချေလိုနေတဲ့ လီဗာပူး တိုက်စစ်မှူးကို ထက်ရှုံးလို့ဆိုပြီး ဝန်ပိုကြီး ဖြစ်မနေစေဖို့ မျှော်လင့်တယ်လို့ ကာဗာဂျယ်က ဆိုတာပါ။ ပြီးခဲ့တဲ့ ဗိုလ်လုပွဲမှာ ၃-၁ နဲ့ အနိုင်ရတာကို ပြန်လည် နိုးဆွမှုနဲ့အတူ မက်ဒရစ် ခံစစ်သမားက စိန်ခေါ်စကား ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။

ဆာလာရဲ့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ချင်တယ်ဆိုတဲ့ စိန်ခေါ်စကားဟာ မက်ဒရစ် အဝတ်လဲခန်းမှာတော့ အတော်လေး ခံပြင်းစရာ စကားလုံးဖြစ်နေခဲ့ဟန် ရှိပါတယ်။

ကာဗာဂျယ်က “ လက်စားချေဖို့ဆိုတဲ့ ခံစားချက်တွေ လီဗာပူးနဲ့ ဆာလာတို့မှာ ရှိနေမလား ကျနော် မသိဘူး။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အရေးနိမ့်ခဲ့တယ်ဆိုရင် ဒုတိယ အခွင့်အရေးအဖြစ် တူညီတဲ့ အသင်းနဲ့ ပြန်တွေ့ပြီး အနိုင်ယူပြလိုမယ်ဆိုတာက မှန်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ပြီး ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဒုတိယအကြိမ် အရေးနိမ့်တာက ဆာလာအတွက် အရမ်းကြီး ဝန်ထုပ်ဝန်ပိုး မဖြစ်သွားဖို့ကို မျှော်လင့်ကြတာပေါ့ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပီအက်စ်ဂျီ၊ ချယ်ဆီး၊ မန်စီးတီးလို ထိပ်တန်းအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲမှာ လီဗာပူးကို အနိုင်ယူပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ရတာဟာ အရမ်းကောင်းတဲ့ အောင်မြင်မှုဖြစ်မလား? ဒါက သိပ်ကောင်းမယ်လို့ ကာဗာဂျယ်က မြင်ပါတယ်။

ခံစစ်သမားက “ ဖြစ်နိုင်ပါတယ်။ ဒီတစ်ကြိမ်နဲ့ ၁၃ ကြိမ်မြောက်က ပီအက်စ်ဂျီ၊ ဂျူဗီ၊ ဘိုင်ယန်၊ လီဗာပူးတို့ကို ကျော်ဖြတ်ခဲ့ရတာပေါ့။ ဒါပေမယ့် ဒီကနေ့ ဘောလုံးဆိုတာက အနိုင်ရဖို့ မဟုတ်ရင်တောင် အဲ့အတွက်ပဲလေ။ ပိုအထင်ကြီးစရာ ကောင်းလာတာပေါ့။

အခြားလိဂ်တွေမှာက သီသာတဲ့ စီးပွားရေးဆိုင်ရာ ပေါင်းထည့်မှုတွေ ရှိနေတယ်။ ဒီတော့ မနှစ်က ဗိုလ်လုပွဲရောက် ချယ်ဆီး၊ မန်စီးတီးနဲ့ ဘာပေး၊ မက်ဆီ၊ နေမာ၊ ရာမိုစ့်တို့နဲ့ ရှိနေတဲ့ ပီအက်စ်ဂျီကို အနိုင်ရတာက ကျနော်တို့ရဲ့ တိုးတက်လာမှုကို ပြနေတယ်။ ကမ္ဘာကြီးကို မက်ဒရစ်ဆိုတာ ဘာလဲလို့ ပြသနေတာပါပဲ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။