အန္တရာယ်များတဲ့ ဂိုးဖမ်းနည်းစတိုင်အကြောင်း အီဒါဆန် ပြော
[Zawgyi] မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန်က သူဟာ နည်းပြပက်ဂွာဒီယိုလာ ဆီကနေ စိုးရိမ်မှုအချို့ရှိနေပေမယ့်လဲ သူ့ရဲ့ အန္တရာယ်များတဲ့ ဂိုးဖမ်းစတိုင်ကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ တနလာနေ့ ညက ဝုလ်ဗ်ကို နိုင်ခဲ့တဲ့ပွဲအတွင်း ဘရာဇီးလ်ဂိုးသမားဟာ ပင်နယ်တီဧရိယာထဲကနေ ထွက်ပြီး လုပ်နေကျ နောက်တီးနောက်တောက် အမူအရာတွေ လုပ်ခဲ့တဲ့အပြင် ဂန်ဒိုဝမ်၊ ဖာနန်ဒင်ဟို တို့နဲ့လဲ ကွင်းလဲမှာ ဘောလုံးအပေးအယူလုပ်ပြီး ကစားခဲ့ပါတယ်။
“အခုကစပြီး ရာသီကုန်တဲ့အထိ ဘာမဆို ဖြစ်သွားနိုင်တယ်. ဒီစိန်ခေါ်မှုအတွက် ကျနော်တို့က အဆင်သင့်ဖြစ်နေပြီး စိတ်ဓာတ်ပိုင်းမှာလဲ ခိုင်မာနေပါပြီ။ ကျနော်တို့ ရာသီစတင်ခဲ့တဲ့ ခြေစွမ်းအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ ရည်မှန်းချက် တွေအားလုံးကို အောင်မြင်နိုင်တယ်လို့ ထင်ပါတယ်”
Sports Home Time
[Unicode] မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန်က သူဟာ နည်းပြပက်ဂွာဒီယိုလာ ဆီကနေ စိုးရိမ်မှုအချို့ရှိနေပေမယ့်လဲ သူ့ရဲ့ အန္တရာယ်များတဲ့ ဂိုးဖမ်းစတိုင်ကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ တနလာနေ့ ညက ဝုလ်ဗ်ကို နိူင်ခဲ့တဲ့ပွဲအတွင်း ဘရာဇီးလ်ဂိုးသမားဟာ ပင်နယ်တီဧရိယာထဲကနေ ထွက်ပြီး လုပ်နေကျ နောက်တီးနောက်တောက် အမူအရာတွေ လုပ်ခဲ့တဲ့အပြင် ဂန်ဒိုဝမ်၊ ဖာနန်ဒင်ဟို တို့နဲ့လဲ ကွင်းလဲမှာ ဘောလုံးအပေးအယူလုပ်ပြီး ကစားခဲ့ပါတယ်။
ပွဲအပြီးပြောစကားမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နည်းပြ ပက်ဂွာဒီယိုလာ က – “No,no,no,no,no ” ဆိုပြီး တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသမားက သူ့လုပ်ရပ်အပေါ် ယုံကြည်မှုရှိပြီး တအားကြီး ရှေးဆန်တဲ့ နည်းလမ်းနဲ့ ကစားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
“ကျနော် ရောက်လာပြီးကတည်းက အများကြီး တိုးတက်လာခဲ့တာပါ. ကျနော့်ပုံစံအတိုင်း ကစားဖို့ ပက်က ကျနော့်ကို ယုံကြည်မှု တွေ အများကြီး ပေးခဲ့ပါတယ်။ ကျနော် အမှားတွေ လုပ်ခဲ့မိကောင်း လုပ်ခဲ့မိမယ်. ဘာကြောင့်လဲဆိုတော့ ကျနော့် ကစားပုံကြောင့် လေ. ဒါပေမယ့် အမှားတွေဆိုတာ ဘောလုံးလောကမှာ ရှိတတ်တာပဲ.ဒါကြီးက ကျနော့်ပွဲကို စိုးမိုးထားဖို့ ကျနော် ဘယ်တော့မှ ခွင့်မပြုပါဘူး။ သူ လိုချင်တဲ့ ဘောလုံးကစားပုံအတိုင်း ကစားဖို့ သူ ကျနော့်ကို ပေးတဲ့ အခွင့်အရေး နဲ့လွတ်လပ်မှုကို ကျနော် တကယ်ပဲ ကျေးဇူးတင်ပါတယ်. သူက ကျနော့်ကို အများကြီးကူညီခဲ့တယ်.” လို့ အီဒါဆန်က ပြောခဲ့တာပါ.
မန်ချက်စတာစီးတီး ဟာ ဒီရာသီ လီဗာပူး အသင်းနဲ့ အမှတ်ကွာဟမှုကို ဖြတ်တောက်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အီဒါဆန်ကတော့ ပြည်တွင်းအောင်မြင်မှုအတွက် သူ့အသင်းရဲ့ ရည်ရွယ်ချက်အပေါ်မှာ ယုံကြည်မှု ရှိနေဆဲပါ။ ဆက်လက်ပြီး ဘရာဇီးသားက –
“လီဗာပူးက အနိုင်လိုချင်တယ် ဘာကြောင့်လဲဆိုတော့ သူတို့က ဇယားထိပ်ဆုံးနေရာကို ထိန်းသိမ်းထားချင်တယ်လေ။ ကျနော်တို့နဲ့ တော့တင်ဟမ် တို့ကလဲ အမှတ်ကွာဟမှု ကို နီးစပ်အောင်လုပ်ပြီး နောက်ဆုံး မှာ ဇယားထိပ်ကို ရောက်ချင်လို့ အနိူင်လိုချင်တယ်။ ဒါက အရမ်းကို ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်လာမယ်လို့ ကျနော်ထင်တယ်။”
“အခုကစပြီး ရာသီကုန်တဲ့အထိ ဘာမဆို ဖြစ်သွားနိူင်တယ်. ဒီစိန်ခေါ်မှုအတွက် ကျနော်တို့က အဆင်သင့်ဖြစ်နေပြီး စိတ်ဓာတ်ပိုင်းမှာလဲ ခိုင်မာနေပါပြီ။ ကျနော်တို့ ရာသီစတင်ခဲ့တဲ့ ခြေစွမ်းအတိုင်း ဆက်ကစားနိူင်မယ်ဆိုရင် ကျနော်တို့ရဲ့ ရည်မှန်းချက် တွေအားလုံးကို အောင်မြင်နိူင်တယ်လို့ ထင်ပါတယ်”
“ဖလား ကာကွယ်တယ်ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် အဲ့ဒါ ဖြစ်လာမှာပါလို့ ကျနော်တို့အမြဲတွေးတယ်. ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ် မှာ ကြီးကျယ်တဲ့ အသင်းတွေရှိပြီး ဒါက ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ဖြစ်တာကြောင့်လို့ ကျနော်ထင်ပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
Sports Home Time