လီဗာပူးနဲ့ ဗီလာရီးရဲလ် ပထမအကျော့တုန်းက ခြေစွမ်းပြဖို့ အောင်မြင်သူနဲ့ ရှုံးနိမ့်ခဲ့သူများ

လီဗာပူးဟာ စိတ်ပျက်စရာကောင်းတဲ့ ပထမပိုင်းကို ကျော်ဖြတ်ခဲ့ပြီး ဒုတိယပိုင်းမှာ အပြည့်အဝ လွှမ်းမိုးခဲ့ကာ အဆုံးသတ်မှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

အဲဗာတန်နဲ့ပွဲတုန်းကလိုပဲ ဗီလာရီးရဲလ်ဟာ ဘောလုံးနောက်မှာ ၁၁ ယောက်လုံးနေကာ ခုခံကာကွယ်ခဲ့ပြီး ကလော့ပ်ရဲ့အသင်းကို စိတ်ပျက်အောင် လုပ်ခဲ့တာက ပထမပိုင်းမှာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုနည်းနဲ့ လီဗာပူးကို ငြိမ်နေအောင် ထိန်းထားဖို့ မဖြစ်နိုင်သလို ဒုတိယအပိုင်းအစမှာ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ လမ်းကြောင်းပြောင်း ကန်ချက်နဲ့ အိမ်ရှင်အသင်းတို့ ဦးဆောင်ခဲ့ရပါတယ်။

အဲ့ဒါက ရေတံခါးတွေကို ပွင့်စေခဲ့သလို ဆာဒီယိုမာနေးက ဆာလာရဲ့ ပေးပို့မှုကနေတဆင့် လျင်မြန်အားကောင်းတဲ့ ကန်ချက်နဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်ထံက ဒီလို တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့ပေမယ့် ကလော့ပ် လိုချင်တဲ့အတိုင်း အတိအကျ လုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးဟာ စပိန်ကို သွားကစားရတဲ့အခါ ၂ ဂိုးအသာ ရနေမှာဖြစ်ပြီး ဗီလာရီးရဲလ် အနေနဲ့တော့ အန်ဖီးမှာလိုမျိုး ခံစစ်ပိတ်ဆော့လို့ ရတော့မှာ မဟုတ်ပါဘူး။ ဒီနေ့ပွဲမှာ ပရိသတ်တွေ စိတ်မလှုပ်ရှားခဲ့ရပေမယ့် လီဗာပူးကတော့ ဆီမီးလေးသင်းထဲမှာ အပျော်ရွှင်ဆုံး ဖြစ်နေမှာပါ။ ဒီနေ့ပွဲရဲ့ ကစားသမားတွေထဲက အောင်မြင်သူတွေနဲ့ ရှုံးနိမ့်သူတွေကို အကဲဖြတ်ကြည့်ရအောင်ပါ။

အောင်မြင်သူများ

ထရန့် အလက်ဇန္ဒါး-အာနိုး

သူဟာ ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ရခဲ့ပေမယ့် ဒန်ဂျူမာရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းခဲ့သလို သူ့ရဲ့ ပါးနပ်တဲ့ နည်းဗျူဟာ အလှည့်အပြောင်းကလည်း ပထမဂိုးမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ ထရန့်က ညာတောင်ပံတလျှောက် အဓိက ခြိမ်းခြောက်သူဖြစ်ပေမယ့် ဗီလာရီးရဲလ်က တချိန်လုံး သူ့ကို ထောက်လှမ်းနေခဲ့တာပါ။

ဒါကြောင့် ထရန့်က နောက်ပြန်ဆုတ်ပြီး ဟန်ဒါဆန်ကို အရှေ့တက်စေခဲ့ပါတယ်။ ဒါတောင်မှ ဗီလာရီးရဲလ်က သူ့ကို စိုးရိမ်နေတုန်းပါပဲ။ ဒါပေမယ့် ဟန်ဒါဆန်ရဲ့ ဂိုးအပြီးမှာတော့ ဗီလာရီးရဲလ်ဟာ လီဗာပူးအသင်းခေါင်းဆောင်ကို အထင်သေးမိတဲ့အတွက် နောင်တရနေမှာပါ။

ဂျော်ဒန် ဟန်ဒါဆန်

လီဗာပူးဟာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ပွဲကိုပြောင်းလဲဖို့ စတီဗင်ဂျရတ်ကို အမြဲအားကိုးခဲ့ရသလိုမျိုး ဟန်ဒါဆန်လည်း လုပ်ပြခဲ့ပေမယ့်။ သူ့ရဲ့ အဖွင့်ဂိုးအပြီးမှာ ပွဲအခြေအနေက ပြောင်းလဲသွားခဲ့တာပါ။ ဟန်ဒါဆန်ဟာ ၂၀၁၉ ချန်ပီယံလိဂ် အောင်မြင်မှုမှာ အရေးပါတဲ့သူဖြစ်ခဲ့ပြီး အခုတခါထပ်ပြီး ဥရောပဖလား ကိုင်မြှောက်ဖို့ အိမ်မက်မက်နေနိုင်ပါတယ်။

သီယေဂို

ဘောလုံးပေးမှုတွေ တိကျ ပြတ်သားခဲ့တဲ့ သီယေဂိုဟာ သူ့ရဲ့ အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကို ဆက်တိုက် ပြသနေခဲ့ပါတယ်။ တစ်ကွင်းလုံးအနှံ့ ပြေးလွှား အားထုတ်မှုတွေနဲ့အတူ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ကာ သူနဲ့အတူ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ရဲ့ လွှမ်းမိုးနိုင်မှုတွေကြောင့် ဗီလာရီးရဲလ်ရဲ့ ကွင်းလယ်ဟာ လုံးဝကို ခြေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်း ကစားကွက် တည်ဆောက်မှုရဲ့ ဗဟိုချက်မဖြစ်တဲ့ သီယေဂိုဟာ ထိန်းချုပ်ရ မလွယ်သလို သူ့ရဲ့ အမြင် စူးရှမှုတွေက လီဗာပူးကို တဆင့်မြင့်နေစေခဲ့ပါတယ်။

ဟွမ်ဖို့တ်

နောက်ခံလူဟာ လူးဝစ်ဒီယက်စ်ကို လူကပ်ထားဖို့ အလုပ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒီယက်ဇ်ဟာ ကွင်းထဲမှာ တခြားကစားသမားတွေထက် ဂိုးပေါက်ကန်သွင်းမှု ပိုရကောင်းရနိုင်ခဲ့ပေမယ့် ဖို့တ်က သူ့ကို လှုပ်ရှားစရာ နေရာ ကန့်သတ်ထားခဲ့တာကြောင့် သူ့ရဲ့ ကန်ချက်တွေက အရာမရောက်ခဲ့ပါဘူး။

လီဗာပူးကို ဒီယက်စ် ရောက်ပြီးကတည်းက သူ့ကို ထိန်းနိုင်ခဲ့တဲ့သူ အများကြီး မရှိခဲ့ပေမယ့် ဖို့တ်ကတော့ အကောင်းမြင်စိတ်နဲ့ အန်ဖီးကနေ ထွက်ခွာသွားနိုင်ပါတယ်။

ရှုံးနိမ့်သူများ

ရာအူး အယ်လီအိုလ်

လီဗာပူးရဲ့ အရာအားလုံးကို တားဆီးဖို့ ကြိုးစားခဲ့ပြီးနောက် သူဟာ ခက်ခဲပင်ပန်းစွာ အားထုတ်ခဲ့ပေမယ့် သူ့ရဲ့ အဓိက အခိုက်အတန့်နှစ်ခုက ပထမအကျော့ကို ပြောင်းလဲစေခဲ့တာပါ။ သူဟာ နောက်တန်းမှာ နှေးကွေးတဲ့ လှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နေရာယူပုံကြောင့် မာနေးက လူမကျွံဘဲ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါဗစ် အီစတူပီနန်

အဝါကဒ်တစ်ကဒ် ရရှိခဲ့ပြီး အဲ့ဒါက သူ့ရဲ့ ချဉ်းကပ်ပုံကို အဓိက ပြောင်းလဲသွားစေခဲ့ကာ ပထမဂိုးကလည်း သူ့နဲ့ ထိတွေ့မှုကနေ ပေးလိုက်ရတာ ဖြစ်ပါတယ်။ အီစတူပီနန်ဟာ ဆာလာ၊ မာနေး၊ ထရန့်တို့ရဲ့ အရှိန်အဟုန်ကို မနည်းလိုက်ထိန်းခဲ့ရပြီး ဒုတိယအဝါကဒ် ရဖို့တောင် နီးစပ်ခဲ့တာပါ။ ကံကောင်းစွာနဲ့ ထုတ်ပယ်မခံရတာကြောင့် ဒုတိယပိုင်းမှာ သူက နိုးကြားလာခဲ့ပြီး ယုံကြည်မှုတွေ တိုးလာခဲ့ပါတယ်။ ဒုတိယအကျော့မှာ ခြေထောက်မှားချမိမှာကိုတော့ စိုးရိမ်နေရတော့မှာပါ။