ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက အချိန်ပိုမှာ ဘန်ဇီမာရဲ့ သွင်းဂိုးနဲ့အတူ လက်ရှိ ချန်ပီယံ ချယ်ဆီးအသင်းကို ကျော်ဖြတ် အနိုင်ရခဲ့တာအတွက် အားရကျေနပ်မှု ရှိနေသလို သူ့အသင်းအတွက် ဘာက အကူအညီဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြသွားခဲ့တယ်။
ပထမအကျော့မှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ ၃-၀ ရလဒ်ထိ အရေးနိမ့်နေခဲ့ပေမယ့် ရိုဒရီဂိုရဲ့ ခြေပဂိုးဟာ အချိန်ပိုကို ဆက်ကစားစေခဲ့တာဖြစ်တယ်။ အချိန်ပိုမှာတော့ ဘန်ဇီမာက အရေးပါလှတဲ့ သွင်းဂိုး ရယူပေးမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်က ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီအတွက် ရီးရဲလ်မက်ဒရစ် ပိုင်ဆိုင်ထားတဲ့က ဘာနေဗျူးက ပရိသတ်တွေရဲ့ အားပေးမှုဆိုတဲ့ မှော်အစွမ်းပါလို့ အီတလီသား နည်းပြကြီးက ထုတ်ဖော်ခဲ့တယ်။

အန်ဆယ်လော့တီက ‘ ဘာနေဗျူးကွင်းမှာဆိုရင် အားလုံးက ဆုံးရှုံးသွားပြီလို့ ဘယ်တော့မှ တွေးလို့မရဘူး။ ကျနော် မရှင်းပြတတ်ဘူး ဒါပေမယ့် ဘာနေဗျူးမှာဆိုရင် ဒီမှော်အစွမ်းက ကျနော်တို့ကို အကူအညီပေးပါတယ်။
ဒီအသင်း၊ ဒီကလပ်နဲ့အတူ ဆီမီးဖိုင်နယ်ကို ရောက်လာတာအတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ အများကြီးလည်း ဒုက္ခရောက်ခဲ့ရတာ မှန်ပါတယ်။ ဒါပေမယ့် ပိုပြီး ဒုက္ခရောက်ရလေ အပျော်ရွှင်ဆုံး ဖြစ်ရလေပါပဲ။
ဒုက္ခကြီးတွေ အတော်လေး ရှိခဲ့တယ်။ ချယ်ဆီးကို ရင်ဆိုင်ပြီး ၂-၀ နဲ့ အရေးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ အသင်းက ကောင်းကောင်းလုပ်ခဲ့တယ်။ ဂိုးသွင်းဖို့ ကျနော်တို့ မလောပါဘူး၊ လောနေဖို့လည်း မလိုပါဘူး။ ဒါပေမယ့် သူတို့တွေ ဒုတိယဂိုး သွင်းလိုက်တာက မထိုက်တန်ဘူးလို့ ထင်ပါတယ် ‘ လို့ ဆိုခ့တယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရှုံးထွက်အဆင့်တွေမှာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အိမ်ကွင်းမှာ အကြိမ်ကြိမ် ကျော်ဖြတ်လာနိုင်ခဲ့တယ်။ ဒီပွဲမှာဆိုရင် ကလပ်ရဲ့ အကောင်းဆုံး ခံစစ်မှူးဖြစ်တဲ့ မီလစ်တိုဟာ ပထမအကျော့တုန်းက ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး။
‘ ကျနော်တို့ လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိပါတယ်။ ၁၆ သင်းအဆင့်မှာ အရမ်းကို တောင့်တင်းတဲ့ ပီအက်စ်ဂျီကို ယှဉ်ပြိုင်ခဲ့ရတယ်၊ အခု ချန်ပီယံ ကာကွယ်သူ ချယ်ဆီးအသင်းကို ရင်ဆိုင် အနိုင်ယူပြီး ဆီမီးအအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒီထက် ပိုပျော်တာ မရှိနိုင်တော့ပါဘူး ‘ လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
