လူတိုင်း အိပ်မက်လှလှ မက်ခွင့် ရှိပါတယ်လို့ ရီးရဲလ်ကို ကျော်ဖြတ်နိုင်ရေး ကိစ္စ တူချယ် ဖြေ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ဖို့ မက်ဒရစ်ကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။

ပထမအကျော့မှာ ၃-၁ နဲ့ အရေးနိမ့်ထားတဲ ချယ်ဆီးဟာ ဒီပွဲမှာ ပွဲချိန်တွင်း အနည်းဆုံး ၂ ဂိုးပြတ် နိုင်ရင် အချိန်ပို ကန်ခွင့်ရမှာဖြစ်ပြီး ပွဲချိန်တွင်း ၃ ဂိုးပြတ်နိုင်မှ နောက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ၆-၀ နဲ့ အနိုင်ယူခဲ့ကာ ယုံကြည်မှုကောင်းကို တည်ဆောက်ထားနိုင်တယ်။

ရီးရဲလ်မက်ဒရစ်ကို နောက်ကောက်ချနိုင်ရေးကိစ္စ မေးခွန်းထုတ်ခံရချိန်မှာ တူချယ်က ” သေချာတဲ့ ရလဒ်တစ်ခုကို ရဖို့ဆိုရင် ပိုတောင် ခက်ခဲပါသေးတယ်။ အနည်ဆုံး သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရဖို့ လိုအပ်တယ်။ ဒါမှမဟုတ် ပိုကောင်းတဲ့ ရလဒ်နဲ့ အနိုင်ရဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်လည်း ဂိုးကွာခြားချက် ၃ ဂိုး ရတာမျိုးပေါ့။

သွင်းဂိုး ခပ်များများနဲ့ အနိုင်ရဖို့ဆိုတာက မဖြစ်နိုင်သလောက်လို့ပဲ ပြောရမှာဖြစ်သလို အရမ်း အရမ်းလည်း ခက်ခဲပေမယ့် ကျနော်တို့မှာ ကြိုးစားခွင့်တော့ ရှိနေဆဲ ဖြစ်ပါတယ် ” လို့ သတင်းထောက်တွေကို ပြန်လည် ဖြေဆိုပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အနိုင်ရပြီး ဆီမီးအဆင့်ကို တက်ဖို့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်ပေမယ့် လူတိုင်းမှာ အိပ်မက်လှလှ မက်ပိုင်ခွင့်ရှိသလို၊ အကောင်အထည်ဖော်ခွင့်လည်း ရှိတယ်လို့ ချယ်ဆီးနည်းပြက ယုံကြည်ပါတယ်။

” ဒီပွဲမှာ ပြန်လာပြလိုတဲ့ သိပ်ကောင်းတဲ့ ဇာတ်ညွှန်းကောင်းတစ်ခုကလွဲလို့ အခြား ဘာတစ်ခုမှ မလိုလှပါဘူး။ ပထမအကျော့တုန်းက အခြေအနေတွေကြောင့်ပဲ ဒီလိုအဆင့်မှာ ရီးရဲလ်မက်ဒရစ်လို အသင်းကို သူတို့ အိမ်ကွင်းမှာ ကစားရမယ်ဆိုတဲ့ စမ်းသပ်မှုက သိပ်ကို ကြီးမားပါတယ်။ စိန်ခေါ်မှုက အင်မတန်ကို ပြင်းထန်ပါတယ်။

အိပ်မက်တွေက မက်ခွင့်ရှိတာပါပဲ။ ရံဖန်ရံခါမှာတော့ အိပ်မက်တွေ မက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အာရုံစိုက်မှုကို မပြောင်းစေဘဲ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်ရပါမယ်။

ကျနော်တို့ ပွဲထဲကို ရောက်လာမှာဖြစ်ပြီး အစွမ်းကုန် ကြိုးစားမှာပါ။ ဘာလို့လဲဆိုတော့ ကြိုးစားကြည့်ဖို့ ထိုက်တန်ပါတယ်။ ပွဲထဲမှာ ယုံကြည်မှုတွေ တိုးတက်လာမယ့် ပွဲတစ်ပွဲကို ကစားနိုင်ဖို့ မျှော်လင်သလို ကျနော်တိုရဲ့ ရှင်သန်နေသေးတဲ့ အိပ်မက်ကို ဖြည့်စည်းနိုင်ဖို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် လက်တွေ့ကျတဲ့ ကိစ္စမှာတော့ ကျနော်တို့ အများကြီး အားထုတ်ရမှာဖြစ်ပြီး ကျနော်တို့ရဲ့ အကောင်းဆုံးအဆင့်တွေ ပြသရမှာဖြစ်ပါတယ် ” လို့ တူချယ်က ဆိုခဲ့တာပဲ ဖြစ်ပါတယ်။