ချန်ပီယံဟောင်း နှစ်သင်းနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာဖလားရဲ့ ‘မရဏအုပ်စု’ ထွက်ပေါ်လာ

ကမ္ဘာဖလားပြိုင်ပွဲတိုင်းမှာ အင်အားအတောင့်ဆုံး ပြိုင်ဘက်တွေ ပေါင်းစုံမိနေကြတဲ့ ‘မရဏအုပ်စု’ အနည်းဆုံး တစ်ခုတော့ ရှိတတ်တာက ပြိုင်ပွဲရဲ့ အစဉ်အလာပဲ ဖြစ်ပါတယ်။

၂၀၀၂ တုန်းက အာဂျင်တီးနား၊ အင်္ဂလန်၊ ဆွီဒင်နဲ့ နိုင်ဂျီးရီးယားတို့ တစ်အုပ်စုတည်း ကျခဲ့တာက ထင်ရှားတဲ့ အုပ်စုကြပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ဖီဖာက အုပ်စုအဆင့် မဲခွဲရာမှာ တိုက်ကြီးတွေက အသင်းတွေထက် အဆင့်ရပ်တည်မှုကို အသားပေး ရွေးချယ်တာကြောင့် အဲ့တုန်းကလောက် အုပ်စုကြပ်တစ်ခုကိုတော့ မြင်ရခြင်း မရှိတော့ပါဘူး။

သို့ပေမယ့် ၂၀၂၂ ကာတာ ကမ္ဘာဖလားပွဲအတွက် အုပ်စုအဆင့် မဲခွဲမှုမှာ အခက်ခဲဆုံး အုပ်စုကတော့ ရှိနေဆဲဖြစ်ပါတယ်။

The 2022 World Cup group stage draw in full

  • Group A: Qatar, Ecuador, Netherlands, Senegal
  • Group B: England, Iran, USA, Scotland/Wales/Ukraine
  • Group C: Argentina, Saudi Arabia, Mexico, Poland
  • Group D: France, UAE/Australia/Peru, Denmark, Tunisia
  • Group E: Spain, Costa Rica/New Zealand, Germany, Japan
  • Group F: Belgium, Canada, Morocco, Croatia
  • Group G: Brazil, Serbia, Switzerland, Cameroon
  • Group H: Portugal, Ghana, Uruguay, South Korea

Which is the group of death?

ဒီတစ်ကြိမ် ကမ္ဘာဖလားပြိုင်ပွဲမှာ အခက်ခဲဆုံး အုပ်စုကတော့ Group E လို့ တညီတညွတ်တည်း ရွေးထုတ်နေကြပါတယ်။ ကမ္ဘာဖလားချန်ပီယံဟောင်း နှစ်သင်းနဲ့ အာရှရဲ့ အတောင့်တင်းဆုံးအသင်းတို့ဟာ Group E မှာ ထိပ်တိုက်တွေ့ကြမှာပါ။

စပိန်ဟာ ၂၀၁၀ ကမ္ဘာဖလားချန်ပီယံဖြစ်ပြီး ဂျာမနီကတော့ နောက်ဆုံးအကြိမ်အားဖြင့် ၂၀၁၄ ကမ္ဘာဖလားချန်ပီယံ ဖြစ်ထားပါတယ်။ ဒါပေမယ့် နှစ်သင်လုံးဟာ ဆုဖလား ကာကွယ်ရမယ့် အကြိမ်တွေမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။

ဂျပန်အတွက်ကတော့ ခက်ခဲတဲ့ အုပ်စုတွင်း ပြိုင်ဘက်တွေကို ရလိုက်တာဖြစ်ပြီး နောက်ထပ် ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ အသင်းကတော့ ကော်စတာရီကာနဲ့ နယူးဇီလန်တို့ထဲက တစ်သင်းဖြစ်လာပါမယ်။

ကော်စတာရီကာက အတိတ်ကလည်း မရဏအုပ်စုထဲ ကျရောက်ဖူးပြီး ၂၀၁၄ မှာ ၎င်းတို့ဟာ အင်္ဂလန်၊ အီတလီ၊ ဥရုဂွေးတို့နဲ့ အတွဲကျခဲ့တာဖြစ်ကာ ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပါတယ်။