ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မဲခွဲရက်၊ မဲအိုးများ၊ ပါဝင်အသင်းများနဲ့ သိထားသင့်သည်များ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ တဖြည်းဖြည်းနဲ့ ပုံပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းမှာ အသင်းအများစုရဲ့ နာမည်ကတော့ အတည်ပြု ထွက်ပေါ်လာခဲ့ပါပြီ။ အုပ်စု မဲခွဲမှုတွေကို မနက်ဖြန် သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မဲခွဲမယ့် နေ့ရက်၊ အချိန်

မဲခွဲမှုကို ဧပြီ ၁ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည ၁ဝး၃ဝ နာရီ ကာတာနိုင်ငံ၊ ဒိုဟာက ဒိုဟာ ခန်းမမှာ ပြုလုပ်သွားကြမှာပါ။ ဒီမဲခွဲပွဲကနေ လေးသင်းစီ ပါဝင်တဲ့ အုပ်စု ၈ အုပ်စု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

၃၂ သင်းရဲ့ အုပ်စု ၈ အုပ်စု ထွက်ပေါ်လာပြီး နောက်မှာတော့ ရှုံးထွက် မဲခွဲမှုတွေကလည်း တခါတည်း ပေါ်ထွက်လာမှာပါ။ အုပ်စု A ရဲ့ ပထမအသင်းက အုပ်စု B မှ ဒုတိယ ရတဲ့ အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး A ရဲ့ ဒုတိယ အသင်းက အုပ်စု B ပထမနဲ့ အပြန်အလှန် တွေ့ဆုံမှာပါ။ အလားတူ C-D, E-F and G-H တို့ အပြန်အလှန် တွေ့ကြမှာ ဖြစ်ပါတယ်။

မဲအိုးများ

ဖီဖာရဲ့ ranking တွေ အလိုက် မဲအိုး လေးအိုးကို ခွဲထားမှာ ဖြစ်ပြီး အုပ်စု တစ်စုကို မဲအိုး တစ်အိုးစီက တစ်သင်းစီ ထုတ်ယူလာမှာပါ။ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် မဲခွဲမှုတွေလိုပဲ ဖြစ်ပါတယ်။ အိမ်ရှင် ကာတာ အသင်းကတော့ ranking အမြင့်ဆုံး အသင်းတွေထားတဲ့ မဲအိုး ၁ ထဲ ပါဝင်မှာပါ။

မဲအိုးအလိုက် ပါဝင်တဲ့ အသင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

POT 1

  • Qatar
  • Belgium
  • Brazil
  • France
  • Argentina
  • England
  • Spain
  • Portugal

POT 2

  • Denmark
  • Netherlands
  • Germany
  • Mexico
  • United States
  • Switzerland
  • Croatia
  • Uruguay

POT 3

  • Senegal
  • Iran
  • Japan
  • Morocco
  • Serbia
  • Poland
  • South Korea
  • Canada

POT 4:

  • Australia/United Arab Emirates/Peru
  • New Zealand/Costa Rica
  • Ukraine/Scotland/Wales
  • Saudi Arabia
  • Ecuador
  • Ghana
  • Cameroon
  • Tunisia

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ နေ့ရက်များ

အုပ်စု အဆင့် ပွဲတွေကို နိုဝင်ဘာ ၂၁ ရက် ကနေ ဒီဇင်ဘာ ၂ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ရှုံးထွက် ၁၆ သင်း အဆင့် ပွဲတွေကို ဒီဇင်ဘာ ၃ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကစားကြမှာပါ။

ကွာတားဖိုင်နယ် ပွဲတွေကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁ဝ ရက်မှာ ကစားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်က ဒီဇင်ဘာ ၁၃ နဲ့ ၁၄ ရက်မှာ ကစားကြမှာပါ။ တတိယနေရာ လုပွဲက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဖြစ်ပြီး ဗိုလ်လုပွဲက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။