လီဗာပူးမွာ အေတာက္ပဆံုး အနာဂတ္ရွိသူေတြလို႔ နာမည္ထြက္ထားသူမ်ား

[Zawgyi] လီဗာပူးအသင္းဟာ လူငယ္ကစားသမားေတြကေန အက်ိဳးအျမတ္ ရေလ့ရွိတဲ့ အသင္းတစ္သင္းပါ။ အတိတ္မွာတုန္းက စတီဗင္ဂ်ရတ္၊ ကာေရဂါ၊ အိုဝင္၊ ေဖာင္လာ တို႔လို ကစားသမားေတြ ထြက္ရွိခဲ့သလို လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အႏၱရာယ္အၾကီးဆံုး မန္စီးတီး တုိက္စစ္သမား စတာလင္၊ ဝုဗ္အသင္းေခါင္းေဆာင္ ကုဒ္ဒီတို႔ကလည္း လီဗာပူး အကယ္ဒမီထြက္ေတြျဖစ္ပါတယ္။

ဒီဘက္ႏွစ္ေတြမွာေတာ့ ဝုဒ္ဘမ္း၊ ဝဲလ္ဆန္၊ ထရန္႔ တို႔ဟာ ယာဂင္ကေလာ့ပ္ရဲ႕ စင္တင္ေပးမႈေၾကာင့္ စီနီယာပြဲထြက္ခြင့္ေတြ ရရွိထားပါတယ္။ လီဗာပူးအကယ္ဒမီမွာ ဘယ္လို ထူးခၽြန္တဲ့ လူငယ္ကစားသမားေတြ ရွိေနလဲ? ဘယ္ေလာက္ အလားအလာေကာင္းသလဲဆိုတာ ေဖာ္ျပပါမယ္။

လီဗာပူး အေကာင္းဆံုး လူငယ္ကစားသမားေတြကို ေရြးထုတ္ႏိုင္ဖုိ႔အတြက္ Football Manager 2019 ကို အသံုးျပဳထားတာလည္း ျဖစ္ပါတယ္။

Rhian Brewster – AMR/ST

ဒီစာရင္းမွာ ပါဝင္တဲ့ ကစားသမားေတြထဲမွာ အလားအလာ အရွိဆံုး ၾကယ္ပြင့္ျဖစ္ပါတယ္။ အဂၤလန္ ယူ-17 အသင္းနဲ႔ ကမၻာဖလား အႏိုင္ရခဲ့ျပီး အဆံုးသတ္ပိုင္းမွာ သိပ္ထူးခၽြန္ပါတယ္။ ဒီရာသီကို ဒဏ္ရာေတြေၾကာင့္ အနားယူေနရေပမယ့္ လီဗာပူးက ျပီးခဲ့တဲ့ ေႏြမွာ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့တာပါ။ ေဒါ့မြန္ရဲ႕ ဆန္ခ်ိဳနည္းတူ အရည္အခ်င္းရွိသူ တစ္ဦးျဖစ္ပါတယ္။

Curtis Jones – MC/AMC

ဝုဗ္နဲ႔ ယွဥ္ျပိဳင္တဲ့ အက္ဖ္ေအပြဲမွာ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ သူက ရာသီၾကိဳမွာလည္း ပါဝင္ခြင့္ရခဲ့ျပီး ယာဂင္ကေလာ့ပ္ ယံုၾကည္ျခင္း ခံရတဲ့ လူငယ္ေတြထဲ ပါဝင္သူပါ။ ကြင္းလယ္ကို အားျပဳကစားတဲ့ ဂ်ဳန္းဟာ မႏွစ္က ယူ-18 အသင္းနဲ႔အတူ ေတာက္ပလာခဲ့ျပီး ေပါက္ကြဲအားေကာင္းတဲ့ ကစားဟန္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။

Taiwo Awoniyi – ST

လီဗာပူးကေန ဘယ္ဂ်ီယံကလပ္ Royal Excel Mouscron အသင္းထံ အငွားထြက္ကစားေနတဲ့ ႏိုင္ဂ်ီးရီးယား တုိက္စစ္သမားဟာ 2015 မွာ မာေဆးဆိုဒ္ကို ေရာက္လာခဲ့ပါတယ္။ သူဟာ အမ်ားအားျဖင့္ အငွားထြက္ကစားေနရသူပါ။ အသက္ 21 ႏွစ္အရြယ္ျဖစ္ျပီး ဒန္နီရယ္စတားရစ္ကို ေက်ာ္လြန္ႏို္င္တဲ့ အလားအလာေကာင္းေတြ ပိုင္ဆိုင္သူလို႔ သိထားရေပမယ့္ စီနီယာအဆင့္ကို တိုးထြက္ မလာေသးပါဘူး။

Adam Lewis – LB/DM/CM/AMC/AML

လီဗာပူးကို အသက္ 6 ႏွစ္သားကတည္းက စတင္ေရာက္လာခဲ့တဲ့ လီဝစ္ဟာ ေနရာစံုမွာ ကစားႏုိင္တဲ့သူပါ။ ပံုမွန္အားျဖင့္ ဘယ္ျခမ္းေတြမွာ ကစားျပီး ဘယ္အစြန္လူေကာ၊ ဘယ္ေတာင္ပံအတြက္ပါ ကစားေပးႏုိင္ပါတယ္။ မႏွစ္တုန္းက စတီဗင္ဂ်ရတ္ရဲ႕ ယူ-18 အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ပါတယ္။ သူဟာ အဂၤလန္ ယူ-20 အသင္းအတြက္လည္း ပါဝင္ထားျပီး ေရာ္ဘတ္ဆန္ေနရာ အစားဝင္လာဖုိ႔ ေမွ်ာ္လင့္ခံထားရတယ္။

Liam Millar – AML/ST

ကေနဒါသား တုိက္စစ္သမားဟာ မႏွစ္က အကယ္ဒမီ ဂိုးသြင္းဘုရင္အျဖစ္ 19 ဂိုး သြင္းခဲ့ပါတယ္။ ထူးခၽြန္တဲ့ တုိက္စစ္သမားျဖစ္ျပီး အသက္ 19 ႏွစ္ပဲ ရွိပါေသးတယ္။ သူက ဘယ္ျခမ္းကိုလည္း အားျပဳကစားျပီး အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

Bobby Duncan – AMC/ST

2018 ခုႏွစ္ ၾသဂုတ္လကမွ မန္စီးတီးကေန လီဗာပူးကို ေျပာင္းလာခဲ့ေပမယ့္ အကယ္ဒမီမွာ နာမည္ တရွိန္ထိုး တိုးတက္လာသူပါ။ အသက္ 17 ႏွစ္အရြယ္ပဲ ရွိေသးျပီး တိုက္စစ္သမားအျဖစ္ေကာ ကြင္းလယ္တိုက္စစ္သမားအျဖစ္ပါ ကစားႏုိင္သူျဖစ္တယ္။ စီနီယာအသင္းနဲ႔ ေလ့က်င့္ခြင့္ေတြလည္း ရရွိထားျပီး လာမယ့္ရာသီမွာ ဘရူးစတားနဲ႔ အျပိဳင္ျဖစ္လာမယ့္သူလို႔ သက္မွတ္ခံထားရတယ္။

Ki-Jana Hoever – DR/DC/DL/RWB/LWB

ေနာက္ဆံုးထားတာက အလားအလာ အနည္းဆံုးလို႔ မဆိုလိုပါဘူး။ အကယ္ဒမီကေန ေနာက္ဆံုးထြက္လာတဲ့ အဖိုးတန္ေလးဟာ ဝုဗ္နဲ႔ ယွဥ္ျပိဳင္တဲ့ အက္ဖ္ေအပြဲမွာ ပြဲထြက္ခြင့္ စတင္ရရွိခဲ့တယ္။ အသက္ 17 ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ကီဂ်ာနာဟာ နယ္သာလန္ရဲ႕ အနာဂတ္အျဖစ္ နာမည္ရလာေနသူျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ လူငယ်ကစားသမားတွေကနေ အကျိုးအမြတ် ရလေ့ရှိတဲ့ အသင်းတစ်သင်းပါ။ အတိတ်မှာတုန်းက စတီဗင်ဂျရတ်၊ ကာရေဂါ၊ အိုဝင်၊ ဖောင်လာ တို့လို ကစားသမားတွေ ထွက်ရှိခဲ့သလို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အန္တရာယ်အကြီးဆုံး မန်စီးတီး တိုက်စစ်သမား စတာလင်၊ ဝုဗ်အသင်းခေါင်းဆောင် ကုဒ်ဒီတို့ကလည်း လီဗာပူး အကယ်ဒမီထွက်တွေဖြစ်ပါတယ်။

ဒီဘက်နှစ်တွေမှာတော့ ဝုဒ်ဘမ်း၊ ဝဲလ်ဆန်၊ ထရန့် တို့ဟာ ယာဂင်ကလော့ပ်ရဲ့ စင်တင်ပေးမှုကြောင့် စီနီယာပွဲထွက်ခွင့်တွေ ရရှိထားပါတယ်။ လီဗာပူးအကယ်ဒမီမှာ ဘယ်လို ထူးချွန်တဲ့ လူငယ်ကစားသမားတွေ ရှိနေလဲ? ဘယ်လောက် အလားအလာကောင်းသလဲဆိုတာ ဖော်ပြပါမယ်။

လီဗာပူး အကောင်းဆုံး လူငယ်ကစားသမားတွေကို ရွေးထုတ်နိုင်ဖို့အတွက် Football Manager 2019 ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

Rhian Brewster – AMR/ST

ဒီစာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေထဲမှာ အလားအလာ အရှိဆုံး ကြယ်ပွင့်ဖြစ်ပါတယ်။ အင်္ဂလန် ယူ-17 အသင်းနဲ့ ကမ္ဘာဖလား အနိုင်ရခဲ့ပြီး အဆုံးသတ်ပိုင်းမှာ သိပ်ထူးချွန်ပါတယ်။ ဒီရာသီကို ဒဏ်ရာတွေကြောင့် အနားယူနေရပေမယ့် လီဗာပူးက ပြီးခဲ့တဲ့ နွေမှာ ကာလရှည်စာချုပ် ချုပ်ဆိုထားခဲ့တာပါ။ ဒေါ့မွန်ရဲ့ ဆန်ချိုနည်းတူ အရည်အချင်းရှိသူ တစ်ဦးဖြစ်ပါတယ်။

Curtis Jones – MC/AMC

ဝုဗ်နဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ သူက ရာသီကြိုမှာလည်း ပါဝင်ခွင့်ရခဲ့ပြီး ယာဂင်ကလော့ပ် ယုံကြည်ခြင်း ခံရတဲ့ လူငယ်တွေထဲ ပါဝင်သူပါ။ ကွင်းလယ်ကို အားပြုကစားတဲ့ ဂျုန်းဟာ မနှစ်က ယူ-18 အသင်းနဲ့အတူ တောက်ပလာခဲ့ပြီး ပေါက်ကွဲအားကောင်းတဲ့ ကစားဟန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Taiwo Awoniyi – ST

လီဗာပူးကနေ ဘယ်ဂျီယံကလပ် Royal Excel Mouscron အသင်းထံ အငှားထွက်ကစားနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ 2015 မှာ မာဆေးဆိုဒ်ကို ရောက်လာခဲ့ပါတယ်။ သူဟာ အများအားဖြင့် အငှားထွက်ကစားနေရသူပါ။ အသက် 21 နှစ်အရွယ်ဖြစ်ပြီး ဒန်နီရယ်စတားရစ်ကို ကျော်လွန်နိုင်တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်သူလို့ သိထားရပေမယ့် စီနီယာအဆင့်ကို တိုးထွက် မလာသေးပါဘူး။

Adam Lewis – LB/DM/CM/AMC/AML

လီဗာပူးကို အသက် 6 နှစ်သားကတည်းက စတင်ရောက်လာခဲ့တဲ့ လီဝစ်ဟာ နေရာစုံမှာ ကစားနိုင်တဲ့သူပါ။ ပုံမှန်အားဖြင့် ဘယ်ခြမ်းတွေမှာ ကစားပြီး ဘယ်အစွန်လူကော၊ ဘယ်တောင်ပံအတွက်ပါ ကစားပေးနိုင်ပါတယ်။ မနှစ်တုန်းက စတီဗင်ဂျရတ်ရဲ့ ယူ-18 အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ အင်္ဂလန် ယူ-20 အသင်းအတွက်လည်း ပါဝင်ထားပြီး ရော်ဘတ်ဆန်နေရာ အစားဝင်လာဖို့ မျှော်လင့်ခံထားရတယ်။

Liam Millar – AML/ST

ကနေဒါသား တိုက်စစ်သမားဟာ မနှစ်က အကယ်ဒမီ ဂိုးသွင်းဘုရင်အဖြစ် 19 ဂိုး သွင်းခဲ့ပါတယ်။ ထူးချွန်တဲ့ တိုက်စစ်သမားဖြစ်ပြီး အသက် 19 နှစ်ပဲ ရှိပါသေးတယ်။ သူက ဘယ်ခြမ်းကိုလည်း အားပြုကစားပြီး အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Bobby Duncan – AMC/ST

2018 ခုနှစ် သြဂုတ်လကမှ မန်စီးတီးကနေ လီဗာပူးကို ပြောင်းလာခဲ့ပေမယ့် အကယ်ဒမီမှာ နာမည် တရှိန်ထိုး တိုးတက်လာသူပါ။ အသက် 17 နှစ်အရွယ်ပဲ ရှိသေးပြီး တိုက်စစ်သမားအဖြစ်ကော ကွင်းလယ်တိုက်စစ်သမားအဖြစ်ပါ ကစားနိုင်သူဖြစ်တယ်။ စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့်တွေလည်း ရရှိထားပြီး လာမယ့်ရာသီမှာ ဘရူးစတားနဲ့ အပြိုင်ဖြစ်လာမယ့်သူလို့ သက်မှတ်ခံထားရတယ်။

Ki-Jana Hoever – DR/DC/DL/RWB/LWB

နောက်ဆုံးထားတာက အလားအလာ အနည်းဆုံးလို့ မဆိုလိုပါဘူး။ အကယ်ဒမီကနေ နောက်ဆုံးထွက်လာတဲ့ အဖိုးတန်လေးဟာ ဝုဗ်နဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ ပွဲထွက်ခွင့် စတင်ရရှိခဲ့တယ်။ အသက် 17 နှစ်အရွယ်ပဲ ရှိသေးတဲ့ ကီဂျာနာဟာ နယ်သာလန်ရဲ့ အနာဂတ်အဖြစ် နာမည်ရလာနေသူဖြစ်ပါတယ်။

Sports Home Time