ချန်ပီယံလိဂ် ကွားတားဖိုင်နယ်ရောက် (၈) သင်းနဲ့ မဲခွဲမှုတွေအကြောင်း သိကောင်းစရာများ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ကျော်လွန်ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း ၈ သင်း လုံး ထွက်ပေါ် လာခဲ့ပါပြီ။

ဒီနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ် ၃ သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ကွာတားတက်လာခဲ့ပြီး လာလီဂါဘက်ကလည်း ၃ သင်းအဖြစ် ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုနဲ့ ဗီလာရီးရဲလ်တို့ ကွာတားအဆင့်ကို ရောက်လာပါတယ်။ ဘွန်ဒက်လီဂါက ဘိုင်ယန်မြူးနစ်နဲ့ ပေါ်တူဂီလိဂ်မှ ဘင်ဖီကာတို့လည်း တက်ရောက်လာခဲ့တယ်။

ချန်ပီယံလိဂ် ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေအတွက် မဲခွဲမှုတွေအကြောင်း သိကောင်းစရာတွေကို ဖော်ပြမှာဖြစ်ပါတယ်။

ဘယ်အချိန် ဘယ်မှာ မဲခွဲမှာလဲ

ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုတွေကိုတော့ လာမယ့် မတ်လ ၁၈ ရက်နေ့ သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအတွင်း ယူအီးအက်ဖ်အေ ရုံးအခြေစိုက်ရာ ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်မှာပါ။ ဆီမီးဖိုင်နယ် အဆင့်အတွက်ပါ တစ်ခါတည်း အတွဲရွေးပေးသွားမှာဖြစ်ပါတယ်။

ဘယ်အသင်းတွေ မဲခွဲမှုမှာ ပါဝင်မလဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်လာတဲ့ အသင်းတွေကတော့

  • Liverpool
  • Bayern Munich
  • Manchester City
  • Real Madrid
  • Atletico Madrid
  • Benfica
  • Villarreal
  • Chelsea

ဦးစားပေးတွေရှိလား

ကွာတားဖိုင်နယ်အဆင့်မှာ မည့်သည် ဦးစားပေးမှ မရှိသလို နိုင်ငံတူ ကာကွယ်ပေးမှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် အင်္ဂလန်အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ရှိလာမှာပါ။ ပထမဆုံး မဲကျတဲ့ အသင်းက ပထမအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေ

  • ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ ၅-၆ ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ ၁၂-၁၃ ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။
  • ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ ၂၆-၂၇ ရက်၊ ဒုတိယအကျော့ကို မေလ ၃-၄ ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။
  • ပွဲစဉ်တွေကို ပွဲချိန်တူ တစ်ရက်ကို ၂ ပွဲနှုန်း ယှဉ်ပြိုင်ကြပါမယ်။
  • ဗိုလ်လုပွဲရဲ့ အိမ်ကွင်းအသင်းအဖြစ်တော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအတိုင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ဘယ်အချိန် ယှဉ်ပြိုင်မလဲ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေမှာ ပြင်သစ်နိုင်ငံက ပြင်သစ်အမျိုးသားကွင်းကြီးမှာ ယှဉ်ပြိုင်ပါမယ်။ ကနဦးမှာ ရုရှားမှာ ကျင်းပဖို့ဖြစ်ပေမယ့် ၎င်းတို့ရဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် ကွင်းပြောင်းကစားဖို့ စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။