အင်္ဂလန်ကလပ်တွေ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်ချေ တွက်ချက်မှုမှာ မန်စီးတီးက ၂၆% ထိရှိနေ

မနှစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်ဆီးက မန်စီးတီးကို အနိုင်ရခဲ့တဲ့နောက် နှစ်သင်းလုံးဟာ ယခုနှစ်မှာ ဖိုင်နယ်ကို ရောက်ရှိဖို့ အခွင့်အရေး ၂၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ စူပါကွန်ပျူတာက တွက်ချက်ပေးခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဖြစ်အပြီး UEFA က စိန့်ပီတာစဘက်မှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ကစားဖို့ စီစဉ်ထားမှုကို ပြင်သစ်မြေထံ ပြောင်းလဲလိုက်ပါပြီ။ ဒီနှစ်ရဲ့ ဗိုလ်လုပွဲ ကျင်းပမယ့် ကွင်းက အသစ်ဖြစ်သွားခဲ့ကာ နောက်ထပ် အင်္ဂလန်နှစ်သင်း ဖိုင်နယ်မှာတွေ့ကြဖို့ အလားအလာကလည်း ဖြစ်နိုင်နေတုန်းပါ။

ချယ်ဆီး၊ စီးတီးနဲ့ လီဗာပူးတို့အားလုံးဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့ မတိုင်ခင် အသီးသီး ဦးဆောင်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အက်သလက်တီကိုနဲ့ တစ်ဂိုးစီ သရေကျထားပါတယ်။ ဒီထဲမှာ ပက်ဂွာဒီယိုလာရဲ့ အသင်းက ဖိုင်နယ်ရောက်ဖို့ အကောင်းဆုံး အခွင့်အရေး ရှိနေပေမယ့် အချက်အလက်တွေအရ ဘယ်အင်္ဂလန်အသင်းကိုမှ လျစ်လျူရှုထားလို့ မရပါဘူး။

FiveThirtyEight ရဲ့ စံအရ မန်စီးတီးဟာ ပထမအကျော့မှာ စပို့တင်းကို ၅-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရခဲ့တဲ့နောက် ကွာတားဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေး ၉၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဆီမီးဖိုင်နယ်ရောက်ဖို့ ၆၉ ရာခိုင်နှုန်း၊ ဖိုင်နယ်ရောက်ဖို့ ၄၅ ရာခိုင်နှုန်း နဲ့ အကောင်းဆုံး အလားအလာ ရှိနေပြီး ချန်ပီယံလိဂ်ဖလားရနိုင်ခြေ ၂၆ ရာခိုင်နှုန်းဟာ တခြား ဘယ်အသင်းထက်မဆို ပိုမြင့်မားတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒုတိယအများဆုံးကတော့ ၂၀၁၉ ဖလားပိုင်ရှင်တွေဖြစ်တဲ့ လီဗာပူး (၂၁ ရာခိုင်နှုန်း) ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ၁၆ သင်းအဆင့် ပထမအကျော့မှာ ရက်ဘူးဆဲဘက်ကို သရေကျထားပေမယ့် ဖလားရနိုင်ခြေ ၁၈ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

အကြီးမားဆုံး အံ့အားသင့်စရာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ပဲဖြစ်ပြီး ၎င်းတို့ အသင်းကြီးနှစ်သင်းဟာ ဖလားရနိုင်ခြေ ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းသာ ရှိထားပါတယ်။ ဒါပေမယ့် သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်ထက်တော့ သာနေဆဲဖြစ်ပြီး ယူနိုက်တက်က ၁ ရာခိုင်နှုန်းသာ ရှိထားပေမယ့် ချယ်ဆီးနဲ့ အေဂျက်တို့ကတော့ ၁၀ ရာခိုင်နှုန်းစီ ရရှိထားကြပါတယ်။

မန်စီးတီး၊ လီဗာပူး၊ ဘိုင်ယန်၊ ချယ်ဆီးနဲ့ လိုင်လီတို့ရဲ့ အခွင့်အရေးတွေ ပေါင်းလိုက်ရင် ၈၅ ရာခိုင်နှုန်းထိတောင် ရထားပြီး ဒီလေးသင်းထဲက အနည်းဆုံးတစ်သင်းဟာ ဖိုင်နယ်တက်ဖို့ အခွင့်အရေး ၄/၅ ရှိနေပါတယ်။

FiveThirtyEight ဟာ ဒီရာသီ ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်တွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုလည်း တွက်ချက်ပေးခဲ့ပြီး အဲ့ဒီ့ထဲမှာတော့ လက်ကျန် ဗြိတိန်တစ်သင်းမှာ ရေပန်းမစားနေပါဘူး။ ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်ဖလားရဖို့ ၅ ရာခိုင်နှုန်းသာ ပေးခံခဲ့ရပြီး ရိန်းဂျားစ်က ပလေးအော့ဖ်အဆင့် ဒုတိယအကျော့မတိုင်ခင် ၂ ရာခိုင်နှုန်း ပေးခံခဲ့ရပါတယ်။

ကွန်းဖရန့်စ်လိဂ်ကနေ စပါးကို ထွက်ခွာရစေခဲ့တဲ့ ရန်းနက်စ်အသင်းကတော့ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ဖီယင်နုနဲ့အတူ ဦးဆောင်နေပြီး အခွင့်အရေး ၁၄ ရာခိုင်နှုန်း ရရှိထားတာ ဖြစ်ပါတယ်။