မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ ချန်ပီယံလိဂ်ဖလား ယူမယ် ပြောလာတဲ့ လုရှော

လုရှောက သူ့ကို လဒူလို့ ခေါ်ကြမယ်ဆိုတာကို သိပေမယ့်လည်း ယူနိုက်တက်က ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

သရဲနီတွေဟာ ဒီရာသီမှာ ဆုဖလားအဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းကို မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ ကာရာဘောင်းနဲ့ အက်ဖ်အေ ပြိုင်ပွဲတွေက ထွက်ခဲ့ရပြီဖြစ်တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာအတွက်တော့ မရေရာဖြစ်နေတဲ့ အခြေအနေကို ရောက်ရှိနေတာပါ။

ပြည်တွင်းလိဂ်မှာ ဆိုးရွားတဲ့ ရလဒ်တွေကို အိမ်ကွင်းမှာ ၁၀ ယောက်ကျန် ဘရိုက်တန်ကို အနိုင်ယူပြီးတဲ့နောက် ယူနိုက်တက်တို့ ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ယူနိုက်တက် အသင်းသားတွေကို ယုံကြည်မှုတွေ တိုးပွားစေခဲ့ပြီး လုရှောကတော့ တစ်ခုတည်းသော ဆုဖလား ရနိုင်ခွင့်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို မျှော်ကိုးလာခဲ့ပါပြီ။

လုရှောက ‘ အခုက ဘောလုံးရာသီအတွက် အရေးပါတဲ့ အချိန်ကို ရောက်နေတာပါ။ လိဂ်မှာ ပုံစံကောင်းတွေ ရဖို့က အရေးကြီးပါတယ်။ အသင်းအနေနဲ့ ကျနေ်ာတို့က ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ကလပ်အပြင်ဘက်က လူအများကြီးကတော့ ယူနိုက်တက် ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ မြင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုပြောဖို့ အချို့တွေက ကျနော်ကို လူပိန်းလို့ ပြောကြမယ် ဆိုပေမယ့် ကျနေ်ာတို့ကတော့ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်ဆိုတာကို ယုံကြည်ပါတယ်။

ယူနိုက်တက် အဝတ်လဲခန်းထဲက အသင်းဖော်တွေအားလုံး၊ ကစားသမား ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေ အားလုံးကလည်း ကျနော်တို့ အနိုင်ရနိုင်တယ်ဆိုတာကို ယုံကြည်ကြပါတယ်။ အခုချိန်မှာ ကျနေ်ာတို့က ပုံစံကောင်းတွေကို ဆက်မြင့်တင်နိုင်ရေး ရလဒ်တွေ ရယူပြီး ကောင်းကောင်းစွမ်းဆောင်ပြဖို့ပဲ လိုပါတယ် ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက်ကို အနိုင်မရခဲ့ပေမယ့် ဒီအပတ်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒါကပဲ ယူနိုက်တက်ရဲ့ စိတ်ဓါတ်ပိုင်းကို မြင့်တင်ပေးခဲ့ဟန်ရှိပြီး လာမယ့်အပတ် အက်သလက်တီကိုပွဲ မတိုင်ခင် အမှတ်ပေးပွဲတွေမှာ ပုံစံကောင်း ရယူနိုင်ဖို့ လုရှောက မျှော်လင့်လာတာ ဖြစ်ပါတယ်။