စပို့တင်းကို ၅-၀ ဖြင့် အနိုင်ရအပြီး ‘ ေ-ာက်ရမ်းနာတဲ့ ကျရှုံးမှု’ အကြောင်း ဂွာဒီယိုလာ ပြော

မန်စီးတီးအသင်းဟာ ပေါ်တူဂီမြေမှာ စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲကို ၅-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အရေးသာခဲ့ပြီဖြစ်ပါတယ်။

စီးတီးအတွက် သွင်းဂိုးတွေကို မာရက်ဇ်၊ ဘာနာတို ၂ ဂိုး၊ ဖိုဒန်၊ စတာလင်တို့က သွင်းယူခဲ့တာဖြစ်တယ်။ ဂွာဒီယိုလာက သူ့အသင်းကစားပုံကို အပြည့်အဝတော့ သဘောမကျဘဲ ကောင်တာတွေမှာ ဒုက္ခပေးနိုင်လို့ အနိုင်ရခြင်းဖြစ်ကာ ပိုကောင်းတဲ့ အသင်းကောင်းနဲ့ဆိုရင် မန်စီးတီးက ခံစားသွားရမယ်လို့ သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာကပဲ ချန်ပီယံလိဂ်မှာ အတော်ဝေးဝေးကို ထပ်သွားနိုင်ဖို့ မျှော်လင့်နေဟန်ရှိပြီး မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်ဆီးကို အရေးနိမ့်ခဲ့တာက အရမ်းနာတဲ့ ကျရှုံးမှုလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

ဂွာဒီယိုလာက ‘ ကွာတားဖိုင်နယ်ကို ရောက်ဖို့အတွက် ကျနေ်ာတို့ တစ်ပွဲပဲ ကစားရဖို့ လိုပါတယ်။ ကျနော်အကြောင်း ကစားသမားတွေ သိပါတယ်။ ကျနေ်ာတို့ ကြိုးစားတဲ့ နည်းလမ်းနဲ့ဆိုရင် ပိုကောင်းကောင်း လုပ်နိုင်ပါတယ်။ ကစားကွက် တည်ဆောက်မှုတွေမှာ အချို့တွေက ပိုကောင်းနိုင်ပါသေးတယ်။

ကျနော် အရမ်းပျော်ပါတယ်။ ဒီလိုပြောလို့လည်း အထင်မလွဲပါနဲ့ ကျနေ်ာတို့ ပိုကောင်းလာနိုင်ပါသေးတယ်။ ဘောလုံးမှာက စည်းမျဉ်းတစ်ခုရှိတယ်။ ဘောလုံးကို ပိုင်ဆိုင်ထားချိန်မှာ အဲ့တာကို ဆုံရှုံးလိုက်လို့ မရပါဘူး။ ရိုးရှင်းတဲ့ ပေးမှုတွေမှာ ကျနေ်ာတို့ ဘောလုံးတွေ ဆုံးရှုံးခဲ့တယ်။ ဥရောပ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရရင် အဲ့လို အမှားက ကျနေ်ာတို့ကို အပြစ်ပေးသွားပါလိမ့်မယ်။

ကစားသမားအချို့က ပုံမှန် စွမ်းဆောင်ရည် အောက်မှာပဲ ရှိနေပါတယ်။ ကျနေ်ာတို့ ခပ်လွယ်လွယ် ဘောလုံးတွေကို ဆုံးရှုံးတယ်။ ကလပ်နှစ်သင်းကြား ကွာခြားမှုက ၅-၀ မဟုတ်ပါဘူး။ သူတို့က တိုက်စစ်မှာ ကစားသမား အများအပြားနဲ့ တိုက်စစ်ဆင်ပေမယ့် ကျနေ်ာတို့က ကောင်တာကနေ ဒုက္ခပေးနိုင်လို့တာပါ။ ဘောလုံးကို ဂရုစိုက်ရမှာပါ။ ဂျာစီတူတဲ့ သူချင်းပဲ ဘောလုံးပေးရမှာပါ။

ကန်ဆယ်လိုကလည်း ဘောလုံးတွေ အတော်လွဲပါတယ်။ တိုက်စစ် ခံစစ် အကူးအပြောင်းတွေမှာ စပို့တင်းကို ဘောလုံးကစားခွင့်တွေ ပေးခဲ့ရတယ် ဒါပေမယ့် ကျနေ်ာတို့ ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ မန်နေဂျာတစ်ယောက်အဖြစ် ကျနေ်ာတို့ ကစားခဲ့တာတွေကို စိစစ်မှုတွေ လုပ်ပေးဖို့က ကျနော် တာဝန်ဖြစ်ပါတယ်။

ရလဒ်ကတော့ အိပ်မက်ဆန်ခဲ့သလို ကြီးကျယ်တဲ့ ရလဒ်ဖြစ်ခဲ့တယ်။ မနှစ်တုန်းက ပြည့်စုံတဲ့ ချန်ပီယံလိဂ် ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ အရေးနိမ့်ခဲ့တယ်။ ေ-ာက်ရမ်းနာတဲ့ ကျရှုံးမှုပါပဲ ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။