ချန်ပီယံလိဂ် မရဖူးတဲ့ မန်စီးတီးကို စော်ကားတာ မဟုတ်ပါဘူးဆိုပြီး ဆုဖလားကိစ္စ ပြောတဲ့ ထရန့်

အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ အကြိုမှာ လီဗာပူး ညာအစွန်လူ ထရန့်က သူ့အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်သင့်ပါတယ်လို့ ဝန်ခံပါတယ်။

လီဗာပူးအသင်းဟာ မနှစ်တုန်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ရမှုနဲ့အတူ ဆုဖလား လက်မဲ့ ဘောလုံးရာသီ တစ်ခုကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ ဆုဖလား ၄ ခုလုံးအတွက် လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပြီး ကာရာဘောင်းကို ဗိုလ်လုပွဲထိ ရောက်ထားတာကလွဲရင် ကျန် ဆုဖလားတွေအတွက်က အလှမ်းဝေးနေဆဲပါ။

လီဗာပူးရဲ့ လူစာရင်းအရဆိုရင် နှစ်တိုင်း ဆုဖလားတွေကို အနိုင်ရနေသင့်တာ မှန်ပေမယ့် မန်စီးတီးလို အသင်းကောင်းကတောင် ချန်ပီယံလိဂ်ကို အခုထိ မရဖူးတာကို ကြည့်မယ်ဆိုရင် အခုချိန်ထိ လီဗာပူးက အကောင်းဆုံး လုပ်ပြနေတယ်လို့ ထရန့်က မြင်ပါတယ်။ ဒါပေမယ့်လို့ ပိုမြင့်မားတဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းတွေကို ပြသရတော့မယ်ဆိုတာကိုလည်း ဝန်ခံခဲ့တယ်။

ထရန့်က ” ဘောလုံးရာသီ မပြီးခင်မှာတော့ ဟုတ်တယ်လို့ပဲ ဖြေရမှာပေါ့။ ကျနေ်ာတို့ ဆုဖလားတွေကို ပိုပြီး အနိုင်ရသင့်တယ်လို့ ခံစားရတယ်။ ကျနေ်ာတို့ ဆုဖလား လုံလုံလောက်လောက် မရဘူးဆိုပြီး စိတ်ပျက်တယ်လို့တော့ မခံစားရပါဘူး။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့က သိပ်ကြီးကျယ်တဲ့ ဆုဖလားတွေကို အနိုင်ရခဲ့တာကိုး။

ကျနော် စော်ကားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် မန်စီးတီးလို သိပ်ကောင်းတဲ့ ကလပ်ကိုပဲ ကြည့်လေ။ သူတို့ ချန်ပီယံလိဂ်ဖလား အနိုင်မရသေးဘူူး မဟုတ်လား။ သူတို့ ပရီးမီးယားလိဂ်ကို အကြိမ်ကြိမ် နိုင်တယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကိုတော့ အနိုင်မရပါဘူး။

ကျနေ်ာတို့ကတော့ ကုန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ပရီးမီးယားလိဂ်ကော၊ ချန်ပီယံလိဂ်ဖလားပါ အနိုင်ရခဲ့ပါတယ်။ ဒါကပဲ ကျနေ်ာတို့ အသင်းက ပြိုင်ပွဲ နှစ်ရပ်လုံးမှာ ယှဉ်ပြိုင် အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတာကို ပြသနေပါတယ်။

ဒါပေမယ့်လို့ အခုချိန်မှာ အသင်းတစ်သင်း၊ ကစားသမားတွေ အနေနဲ့ ဆုဖလားတွေကို အနိုင်ရဖို့ မျှော်လင့်နေကြမယ်လို့ ထင်ပါတယ်။ အနည်းဆုံး တစ်ရာသီကို ဆုဖလား တစ်လုံးပေါ့ဗျာ။ ကျနေ်ာတို့ အနိုင်ရဖို့ လိုပါတယ်။ နောက်အပတ်မှာ ဆုဖလားအတွက် အခွင့်အရေးတစ်ခု ရှိနေပါတယ်။ ကျနေ်ာတို့ ယှဉ်ပြိုင်ရမှာပါ။

ကျနေ်ာတို့အသင်း ပိုင်ဆိုင်ထားတဲ့ လူစာရင်း၊ နည်းပြတွေနဲ့ဆိုရင် ဆုဖလားတွေ ပိုပြီး အနိုင်ရသင့်ပါတယ်။ ကျနေ်ာတို့ ကိုယ်တိုင်လည်း ဆုဖလားတွေအတွက် ကိုယ်ဘာသာ မျှော်လင့်ထားပါတယ်။ ကျနေ်ာတို့ စိတ်မပျက်လိုပါဘူး။ အခုချိန်မှာ ဆုဖလားတွေကို မျှော်လင့်နေပါတယ်။

ကျနေ်ာတို့ ဗိုလ်လုပွဲတွေကို ရောက်တဲ့ အခိုက်အတန့်ကို မရောက်သေးပါဘူး။ ဆုဖလားအတွက် မျှော်လင့်တာတွေတော့ ရှိနေပြီး ဘောလုံးရာသီတိုင်း ဆုဖလားတွေကို စိန်ခေါ်နိုင်အောင် တည်ဆောက်သွားရမှာပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။