မန္စီးတီး Vs ၀ုဗ္ – ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္း

[Zawgyi] မန္စီးတီး နဲ႔ ၀ုဗ္ ပြဲအတြက္ ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ပြဲၾကိဳ စိန္ေခၚစကားမ်ား/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဘယ္လိုပြဲလဲ?

မန္စီးတီးက အမွတ္ေပးဖလား စိန္ေခၚခြင့္အတြက္ အေကာင္းဆံုး အေနအထားကို ျပန္ေရာက္ဖုိ႔ ဆာေလာင္ေနပါတယ္။ ဝုဗ္ကလည္း ရလဒ္ေတြ ေကာင္းေနတဲ့ အသင္းျဖစ္သလို ထိပ္တန္းအသင္းေတြကို အေကာင္းဆံုး ရင္ဆိုင္လာႏိုင္တဲ့ အသင္းျဖစ္တယ္။ ဝုဗ္ဟာ ခ်ယ္ဆီး၊ စပါးတို႔ကို အေဝးကြင္းေတြမွာ အႏိုင္ရထားကာ မန္ခ်က္စတာကလပ္ေတြနဲ႔ အာဆင္နယ္ကထံလည္း ရမွတ္ေတြ ရယူထားဖူးပါတယ္။ ဒီရာသီ မန္စီးတီးထံက ပထမဆံုး အမွတ္ခြဲယူခဲ့တဲ့ အသင္းက ဝုဗ္ျဖစ္တယ္။ ဒီတစ္ၾကိမ္ အီသီးဟတ္မွာ ႏိုင္ပြဲဆာေလာင္ေနတဲ့ လက္ရွိ ခ်န္ပီယံေတြထံက ရမွတ္ ခြဲယူဦးမလားက ေစာင့္ၾကည့္ရပါမယ္။

ဘယ္အခ်ိန္ကန္မွာလဲ?

ဇန္န၀ါရီ ၁၅၊ အဂၤါေန႔ မနက္ ၂း၃၀ နာရီ တိတိ ျဖစ္ပါတယ္။

ႏွစ္သင္းရဲ႔ ထူးျခားသတင္း

အဂြယ္ရိုနဲ႔ ကြန္ပနီတို႔ ျပန္ပါလာႏိုင္ျပီး ဖာနန္ဒင္ဟိုကလည္း အဆင္သင့္ ျဖစ္ေနပါျပီ။ ဒီလပ္လည္း ျပန္ကစားႏိုင္ျပီျဖစ္လို႔ လူစံုေနျပီလို႔ ေျပာလို႔ရပါတယ္။ ဝုဗ္မွာလည္း ထူးထူးျခားျခား ဒဏ္ရာရ ကစားသမား စာရင္းေတြ မရွိပါဘူး။

လက္ရွိအဆင့္ရပ္တည္မႈ

ပြဲၾကိဳေျပာစကားမ်ား

Manchester City manager Pep Guardiola

“သူတို႔နဲ႕ ကစားရတာ ဘယ္ေလာက္ခက္လဲဆိုတာ ျပီးခဲ့တဲ့ရာသီ လိဂ္ဖလားပြဲမွာတည္းက သိခဲ့တယ္..ဒီရာသီအေစာပိုင္းမွာ ေနာက္တစ္ခါ ထပ္ၾကံဳခဲ့တယ္။ သူတို႔က ကာယပိုင္း ၾကံ႕ခိုင္မႈ သိပ္ေတာင့္တင္းတဲ့အျပင္ တည္ကန္ေဘာေတြ သိပ္ေကာင္းတယ္။ တန္ျပန္တိုက္စစ္ကေန တိုက္စစ္ဆင္ဖို႔လည္း သိပ္ေကာင္းတဲ့ ကစားသမားေတြ ရွိၾကတယ္.. ၂ ေယာက္ ၃ ေယာက္ေလာက္ မဟုတ္ဘူးေနာ္.. ၄-၅ ေယာက္ေလာက္ ထိ ရွိတယ္။”

“ျပိဳင္ဘက္အသင္းက ပင္ပန္းလာရင္ တနျ္ပန္တိုက္စစ္ဆင္ဖို႔ ေနာက္ထပ္ ၂ ေယာက္ေလာက္ ထပ္ေခၚသြင္းလာနုိ္င္တယ္။ ခံစစ္ကိုလည္း က်စ္လစ္စြာ တည္ေဆာက္ထားသလို တိုက္စစ္ကိုလည္း လ်င္ျမန္စြာေျပာင္းလဲနို္င္တယ္။ ဧရိယာေတာ္ေတာ္မ်ားမ်ားကို နာဗက္နဲ႕ ေမာ္တင္ဟိုတို႔က ထိန္း္ခ်ဳပ္နို္င္တယ္။ သူတို႕က ဂိုးဧရိယာအျပင္ကလည္း ကန္သြင္းနုိင္ၾကတယ္ေလ။ ဒါေၾကာင့္ သူတို႔ အခုခ်ိန္ထိ မယံုၾကည္နုိင္ေလာက္ေအာင္ ေကာင္းမြန္စြာ စြမ္းေဆာင္ျပေနတာပါ။”

Wolves head coach Nuno Santo

” အရမ္းအေရးၾကီးတဲ့ပြဲပါ။ ပရီးမီးယားလိဂ္မွာ ပါဝင္ယွဥ္ျပိဳင္ဖုိ႔ က်ေနာ္တုိ႔ အဆင္သင့္ျဖစ္ေနျပီး က်ေနာ္တုိ႔ရဲ႕ အဆင့္အတန္းကို အျမင့္ဆံုးေရာက္ေအာင္ တြန္းတင္ရပါမယ္။ က်ေနာ္တုိ႔ အေကာင္းဆံုး လုပ္ေနျပီး ခက္ခဲတဲ့ ကာလေတြ ရွိခဲ့တယ္။ တည္ျငိမ္မႈေတြကို ရွာေဖြလိုပါတယ္။ တိုးတက္မႈအတြက္ အျမဲတမ္း လုပ္ေနရမွာပါ။ “

အေလးေပးျခင္းမ်ား

  • Man City win – 2/11
  • Draw – 7/1
  • Wolves win – 16/1

ပြဲၾကိဳခန္႔မွန္းမႈ?

ၾသဂတ္လမွာတုန္းက ဝုဗ္ကြင္းမွာ 1-1 သေရက်ခဲ့ပါတယ္။ ဝုဗ္က အီသီးဟတ္ကို ယံုၾကည္မႈအျပည့္နဲ႔ သြားေရာက္မွာပါ။ ျပီးခဲ့တဲ့ပြဲမွာ စီးတီးက 2-1 နဲ႔ အႏိုင္ရခဲ့တယ္။ ဒါေပမယ့္ မာေနးရဲ႕သြင္းဂိုး ဝင္သြားခဲ့ရင္ လီဗာပူးက အႏိုင္ရခဲ့မယ္လို႔ က်ေနာ္ထင္တယ္။ မန္စီးတီးက ရလဒ္ပိုင္းကို ျပန္ဆယ္မလာခဲ့ပါျပီ။ ဝုဗ္က အဆင့္ 9 မွာ ရွိေနျပီး ထိပ္သင္း 10 သင္းစာရင္းဝင္ဖို႔ ၾကိဳးစားေနတာပါ။ သူတို႔ဟာ လာမယ့္ ေႏြအတြက္ တကယ္ကို တည္ေဆာက္မႈေကာင္းေတြ လုပ္ေနပါတယ္။

ေလာ္ရိုး၏ ခန္႕မွန္းရလဒ္။ ။ မန္စီးတီး 3 – 0 ၀ုဗ္

ရာသီစက ဝုဗ္ကို ရင္ဆိုင္တဲ့ပြဲမွာ စီးတီးတို႔ ရုန္းကန္ခဲ့ရတယ္။ ဝုဗ္ဟာ ပရီးမီးယားလိဂ္မွာ အသိအမွတ္ျပဳ ခံရထိုက္တဲ့ အသင္းပါ။ စီးတီးက လီဗာပူးကို အႏိုင္ယူမႈနဲ႔အတူ ရိုသာဟမ္၊ ဘာတန္လို လိဂ္ဖလားပြဲေတြကို အႏိုင္ရထားတယ္။ ဝုဗ္လိုအသင္းနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲဟာ အႏၱရာယ္ၾကီးျပီး မန္စီးတီးက ဂရုစိုက္ဖို႔လိုတယ္။ ဒါေပမယ့္ ရလဒ္ေကာင္းကို ေကာင္းေကာင္းမြန္မြန္ ရယူသြားမွာပါ။

ေပါလ္မာဆန္၏ ခန္႕မွန္းရလဒ္။ ။ မန္စီးတီး 3 – 1 ၀ုဗ္

မန္စီးတီးက ေနာက္ဆံုး ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ 6 ပြဲမွာ clean sheet မရထားပါဘူး။ ဒီရာသီမွာ ထပ္သီး 6 သင္းကို ရင္ဆိုင္ျပီး ရလဒ္ေကာင္းေတြ ရယူေနတဲ့ ဝုဗ္ကို မန္စီးတီးက ေကာင္းေကာင္းၾကီး ႏွိပ္စက္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ စီးတီးက အိမ္ကြင္းမွာ တစ္ပြဲကို အနည္းဆံုး 2 ဂိုးေလာက္ သြင္းႏိုင္စြမ္း ရွိပါတယ္။

မိုက္ကယ္အိုဝင္ ခန္႕မွန္းရလဒ္။ ။ မန္စီးတီး 2 – 0 ၀ုဗ္

Sports Home Time

[Unicode] မန်စီးတီး နဲ့ ဝုဗ် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘယ်လိုပွဲလဲ?

မန်စီးတီးက အမှတ်ပေးဖလား စိန်ခေါ်ခွင့်အတွက် အကောင်းဆုံး အနေအထားကို ပြန်ရောက်ဖို့ ဆာလောင်နေပါတယ်။ ဝုဗ်ကလည်း ရလဒ်တွေ ကောင်းနေတဲ့ အသင်းဖြစ်သလို ထိပ်တန်းအသင်းတွေကို အကောင်းဆုံး ရင်ဆိုင်လာနိုင်တဲ့ အသင်းဖြစ်တယ်။ ဝုဗ်ဟာ ချယ်ဆီး၊ စပါးတို့ကို အဝေးကွင်းတွေမှာ အနိုင်ရထားကာ မန်ချက်စတာကလပ်တွေနဲ့ အာဆင်နယ်ကထံလည်း ရမှတ်တွေ ရယူထားဖူးပါတယ်။ ဒီရာသီ မန်စီးတီးထံက ပထမဆုံး အမှတ်ခွဲယူခဲ့တဲ့ အသင်းက ဝုဗ်ဖြစ်တယ်။ ဒီတစ်ကြိမ် အီသီးဟတ်မှာ နိုင်ပွဲဆာလောင်နေတဲ့ လက်ရှိ ချန်ပီယံတွေထံက ရမှတ် ခွဲယူဦးမလားက စောင့်ကြည့်ရပါမယ်။

ဘယ်အချိန်ကန်မှာလဲ?

ဇန်နဝါရီ ၁၅၊ အင်္ဂါနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။

နှစ်သင်းရဲ့ ထူးခြားသတင်း

အဂွယ်ရိုနဲ့ ကွန်ပနီတို့ ပြန်ပါလာနိုင်ပြီး ဖာနန်ဒင်ဟိုကလည်း အဆင်သင့် ဖြစ်နေပါပြီ။ ဒီလပ်လည်း ပြန်ကစားနိုင်ပြီဖြစ်လို့ လူစုံနေပြီလို့ ပြောလို့ရပါတယ်။ ဝုဗ်မှာလည်း ထူးထူးခြားခြား ဒဏ်ရာရ ကစားသမား စာရင်းတွေ မရှိပါဘူး။

လက်ရှိအဆင့်ရပ်တည်မှု

ပွဲကြိုပြောစကားများ

Manchester City manager Pep Guardiola

“သူတို့နဲ့ ကစားရတာ ဘယ်လောက်ခက်လဲဆိုတာ ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားပွဲမှာတည်းက သိခဲ့တယ်..ဒီရာသီအစောပိုင်းမှာ နောက်တစ်ခါ ထပ်ကြုံခဲ့တယ်။ သူတို့က ကာယပိုင်း ကြံ့ခိုင်မှု သိပ်တောင့်တင်းတဲ့အပြင် တည်ကန်ဘောတွေ သိပ်ကောင်းတယ်။ တန်ပြန်တိုက်စစ်ကနေ တိုက်စစ်ဆင်ဖို့လည်း သိပ်ကောင်းတဲ့ ကစားသမားတွေ ရှိကြတယ်.. ၂ ယောက် ၃ ယောက်လောက် မဟုတ်ဘူးနော်.. ၄-၅ ယောက်လောက် ထိ ရှိတယ်။”

“ပြိုင်ဘက်အသင်းက ပင်ပန်းလာရင် တြန်ပန်တိုက်စစ်ဆင်ဖို့ နောက်ထပ် ၂ ယောက်လောက် ထပ်ခေါ်သွင်းလာနိုင်တယ်။ ခံစစ်ကိုလည်း ကျစ်လစ်စွာ တည်ဆောက်ထားသလို တိုက်စစ်ကိုလည်း လျင်မြန်စွာပြောင်းလဲနိုင်တယ်။ ဧရိယာတော်တော်များများကို နာဗက်နဲ့ မော်တင်ဟိုတို့က ထိန်းချုပ်နိုင်တယ်။ သူတို့က ဂိုးဧရိယာအပြင်ကလည်း ကန်သွင်းနိုင်ကြတယ်လေ။ ဒါကြောင့် သူတို့ အခုချိန်ထိ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်စွာ စွမ်းဆောင်ပြနေတာပါ။”

Wolves head coach Nuno Santo

” အရမ်းအရေးကြီးတဲ့ပွဲပါ။ ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေပြီး ကျနော်တို့ရဲ့ အဆင့်အတန်းကို အမြင့်ဆုံးရောက်အောင် တွန်းတင်ရပါမယ်။ ကျနော်တို့ အကောင်းဆုံး လုပ်နေပြီး ခက်ခဲတဲ့ ကာလတွေ ရှိခဲ့တယ်။ တည်ငြိမ်မှုတွေကို ရှာဖွေလိုပါတယ်။ တိုးတက်မှုအတွက် အမြဲတမ်း လုပ်နေရမှာပါ။ “

အလေးပေးခြင်းများ

  • Man City win – 2/11
  • Draw – 7/1
  • Wolves win – 16/1

ပွဲကြိုခန့်မှန်းမှု?

သြဂတ်လမှာတုန်းက ဝုဗ်ကွင်းမှာ 1-1 သရေကျခဲ့ပါတယ်။ ဝုဗ်က အီသီးဟတ်ကို ယုံကြည်မှုအပြည့်နဲ့ သွားရောက်မှာပါ။ ပြီးခဲ့တဲ့ပွဲမှာ စီးတီးက 2-1 နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် မာနေးရဲ့သွင်းဂိုး ဝင်သွားခဲ့ရင် လီဗာပူးက အနိုင်ရခဲ့မယ်လို့ ကျနော်ထင်တယ်။ မန်စီးတီးက ရလဒ်ပိုင်းကို ပြန်ဆယ်မလာခဲ့ပါပြီ။ ဝုဗ်က အဆင့် 9 မှာ ရှိနေပြီး ထိပ်သင်း 10 သင်းစာရင်းဝင်ဖို့ ကြိုးစားနေတာပါ။ သူတို့ဟာ လာမယ့် နွေအတွက် တကယ်ကို တည်ဆောက်မှုကောင်းတွေ လုပ်နေပါတယ်။

လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3 – 0 ဝုဗ်

ရာသီစက ဝုဗ်ကို ရင်ဆိုင်တဲ့ပွဲမှာ စီးတီးတို့ ရုန်းကန်ခဲ့ရတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ်မှာ အသိအမှတ်ပြု ခံရထိုက်တဲ့ အသင်းပါ။ စီးတီးက လီဗာပူးကို အနိုင်ယူမှုနဲ့အတူ ရိုသာဟမ်၊ ဘာတန်လို လိဂ်ဖလားပွဲတွေကို အနိုင်ရထားတယ်။ ဝုဗ်လိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ အန္တရာယ်ကြီးပြီး မန်စီးတီးက ဂရုစိုက်ဖို့လိုတယ်။ ဒါပေမယ့် ရလဒ်ကောင်းကို ကောင်းကောင်းမွန်မွန် ရယူသွားမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3 – 1 ဝုဗ်

မန်စီးတီးက နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ 6 ပွဲမှာ clean sheet မရထားပါဘူး။ ဒီရာသီမှာ ထပ်သီး 6 သင်းကို ရင်ဆိုင်ပြီး ရလဒ်ကောင်းတွေ ရယူနေတဲ့ ဝုဗ်ကို မန်စီးတီးက ကောင်းကောင်းကြီး နှိပ်စက်မယ်လို့ ကျနော် မျှော်လင့်ထားတယ်။ စီးတီးက အိမ်ကွင်းမှာ တစ်ပွဲကို အနည်းဆုံး 2 ဂိုးလောက် သွင်းနိုင်စွမ်း ရှိပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2 – 0 ဝုဗ်

Sports Home Time