ပြိုင်ဘက်တိုင်းက ချယ်ဆီးကို ကြည့်ပြီး မနာလိုဖြစ်နေကြလိမ့်မယ်လို့ တူချယ် ထုတ်ပြော

ချယ်ဆီးအသင်း ကလပ်ကမ္ဘာဖလားကို အောင်မြင်ခဲ့တာကို ချိုမြိန်မှုအဖြစ် တူချယ်က ခံစားမိနေပြီး ပြိုင်ဘက်တွေတိုင်းက မနာလိုဖြစ်နေကြတော့မှာပါလို့ အဘူဒါဘီက ဗိုလ်လုပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

အနောက်လန်ဒန်သားတွေဟာ ဘရာဇီးကလပ် ပါမီးယက်စ်ကို အနိုင်ရပြီးနောက် ကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ၁-၁ သရေကျနေခဲ့ကာ အချိန်ပို ၁၁၇ မိနစ်မှာ ရလာတဲ့ ပင်နယ်တီကို ဟာဗက်ဇ်က သွင်းယူပေးခဲ့ကာ ချယ်ဆီးအသင်းကို ဆုဖလား အနိုင်ရစေခဲ့တာပါ။

ပေါ်တိုမှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲတုန်းကလည်း ဟာဗက်ဇ်ရဲ့ သွင်းဂိုးကပဲ ချယ်ဆီးကို ဥရောပချန်ပီယံ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီဖလားဟာ ချယ်ဆီးအသင်းသမိုင်းမှာ ပထမဆုံးသော ကလပ် ကမ္ဘာဖလားဖြစ်လို့ သမိုင်းဝင်ဖြစ်ရပ်ကို ဖန်တီးနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

၂၀၁၂ တုန်းက လမ်းပတ်၊ ဟာဇက်၊ တောရက်စ်တို့ ပါဝင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ကလပ်ရဲ့ ပထမဆုံးသော ကလပ်ကမ္ဘာဖလားကို အောင်မြင်ဖို့ ကျရှုံးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တူချယ် ဦးဆောင်တဲ့ အသင်းက လုပ်ပြနိုင်ခဲ့ပါတယ်။ တူချယ်ကတော့ အတော်လေး ဂုဏ်ယူနေကာ ဒီလို ဗိုလ်လုပွဲ ကစားရတာကို ပြိုင်ဘက်က မနာလိုဖြစ်နေကြမှာပါလို့လည်း ဖွင့်ပြောခဲ့တယ်။

တူချယ်က ‘ ချယ်ဆီးရဲ့ ဆက်လက် အောင်မြင်မှုတွေမှာ ကျနော် ပါဝင်နေဆဲဖြစ်ပါတယ်။ ဒီအခွင့်အရေး ရလိုက်တာအတွက်လည်း ဝမ်းသာမိပါတယ်။ ဒါက ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲဆိုတာကို အဝတ်လဲခန်းထဲမှာ ကျနေ်ာတို့ စကားပြောဖြစ်ခဲ့တယ်။ ဒီလိုပွဲကို ကစားရတာအတွက် လူတိုင်းက ကျနော်တို့ကို မနာလို ဖြစ်နေကြတော့မှာပါ ‘ ဆိုပြီး ဗြိတိန်သတင်းဌာန Channel 4 ရုပ်သံကို ပြောပါတယ်။

‘ ကောင်လေးတွေ အားလုံးကလည်း ဒီလို ဗိုလ်လုပွဲအတွက် အိပ်မက်မက်ခဲ့ကြတာပါ။ နောင်တမရှိဘဲ ကျနေ်ာတို့ အားလုံး ပါဝင်ကစားလိုကြတယ်။ အနိုင်ရဖို့ ကိစ္စတွေ ရှိနေသေးပြီး ကျနေ်ာတို့က ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး ‘ လို့လည်း တူချယ်က ဆက်လက် ပြောဆိုခဲ့တာဖြစ်ပါတယ်။