ေနမာကို ခ်ီးက်ဴးေပမယ့္ ထာဝရအေကာင္းဆုံးက တစ္ေယာက္ပဲရွိတယ္ဆိုတဲ့ ဟာဇက္

[Zawgyi] ခ်ယ္ဆီးစတား အီဒင္ဟာဇက္က 2018 မွာ ဘာစီလိုနာ ၾကယ္ပြင့္ လီယြန္နယ္မက္ဆီ နဲ႔ ေတြ႕ဆုံခဲ့မႈမွာ မေပ်ာ္မ႐ႊင္ ျဖစ္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ၿပီး မက္ဆီဟာ ထာဝရအေကာင္းဆုံး ကစားသမားပါလို႔ ေျပာဆိုခဲ့ပါတယ္။

အာဂ်င္တိုင္းသား မက္ဆီဟာ လက္ရွိ ဂ်ဴဗင္တပ္ ကစားသမား ခရစၥတီယာႏို ေရာ္နယ္ဒို နဲ႔အတူ ေဘာလုံးေလာကကို ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ စိုးမိုးထားခဲ့ၿပီး မေရမတြက္ႏိုင္တဲ့ စံခ်ိန္ခ်ိဴးမႈေတြနဲ႔ ဘလြန္းဒီေအာ ငါးႀကိမ္ရတဲ့ ပထမဆုံးကစားသမား ျဖစ္ခဲ့သူပါ။

မက္ဆီနဲ႔ ေရာ္နယ္ဒို ဘယ္သူအေကာင္းဆုံးလဲဆိုတာ ေဘာလုံးပရိသတ္ေတြၾကားမွာ မၿပီးဆုံးႏိူင္တဲ့ ျငင္းခုန္မႈေတြ ျဖစ္ေနၾကဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဟာဇက္အတြက္ကေတာ့ ကမာၻ႔အေကာင္းဆုံးက တစ္ေယာက္ထဲရွိပါတယ္။

” ထာဝရအေကာင္းဆုံး ႏွစ္ေယာက္လို႔ ေျပာလိုက္တာလား? မျဖစ္ႏိုင္တာ။ တစ္ေယာက္ထဲ ရွိပါတယ္။ သူကေတာ့ မက္ဆီပါ။ 2018 မွာ ဘာစီလိုနာနဲ႔ ကစားခဲ့ရတဲ့ ႏွစ္ပြဲဟာ က်ေနာ့္အတြက္ အေကာင္းဆုံး အမွတ္တရေတြ မျဖစ္ခဲ့ပါဘူး။ ဘာစီလိုနာ၊ လီယြန္နယ္မက္ဆီ တို႔နဲ႔ ကစားရလို႔ က်ေနာ္ေပ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္ ေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ပါဘူး။ စိတ္ပ်က္ခဲ့ရပါတယ္။

စတန္းဖို႔ဒ္ဘရစ္ခ်္က အိမ္ကြင္းပြဲစဥ္အတြက္ က်ေနာ့္ သားသုံးေယာက္ဟာ အဲ့ဒီ့မွာ ရွိေနခဲ့ၾကတယ္။ က်ေနာ္တို႔အားလုံးက တကယ္ပဲ မက္ဆီပရိသတ္ေတြပါ။ အႀကီးဆုံးသားကေတာ့ အမာခံပရိသတ္ႀကီးပါ။ အဲ့ေန႔က မက္ဆီကို သူျမင္ခ်င္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ မက္ဆီက ထူးျခားတဲ့ ကစားသမားတစ္ေယာက္ပါ ” လို႔ ဆိုပါတယ္။

2018 ေႏြရာသီက ဟာဇက္ဟာ ျပင္သစ္အသင္းကို မရႈံးခင္ ဘယ္လ္ဂ်ီယမ္အသင္းကို ကမာၻ႔ဖလား ဆီမီးဖိုင္နယ္ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ၿပီး ေကာင္းမြန္တဲ့ ေႏြရာသီ ျဖစ္ခဲ့ပါတယ္။ ကမာၻ႔ဖလား ကြာတားဖိုင္နယ္မွာ ဘယ္လ္ဂ်ီယမ္ဟာ ဘရာဇီးလ္ ကို 2-1 နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒီပြဲမွာ ဂိုးရဖို႔ လႈံ႕ေဆာ္မႈေပးႏိုင္ခဲ့တဲ့ ဂိုးသမား ေကာ္တိုအာကို ေက်းဇူးတင္ရမွာပါ။

ကမာၻ႔ဖလားမွာ ေမးခြန္းထုတ္စရာေတြ မ်ားစြာျဖစ္ခဲ့တဲ့ ေနမာကို ဟာဇက္က ပြဲသိမ္းခရာ မႈတ္ခ်ိန္မွာ ႏွစ္သိမ့္ေပးခဲ့ၿပီး ပြဲၿပီးေတာ့ ဘရာဇီးလ္ အိုင္ကြန္ကစားသမားအတြက္ သူခံစားခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

” ဒါက သူ႔အလိုအေလ်ာက္ ျဖစ္လာခဲ့တာပါ။ က်ေနာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ျဖတ္သြားတဲ့အခါ အဲ့ဒါအေၾကာင္း မေတြးခဲ့ပါဘူး။ သူ႔ေနရာမွာ က်ေနာ့္ကိုယ္က်ေနာ္ ထားလိုက္တာပါပဲ။ လူတိုင္းက သူ႔ကို ကမာၻ႔ဖလား မွာ အေကာင္းဆုံး ကစားသမားျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ မက္ဆီက ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီး ေရာ္နယ္ဒိုလဲ ထိုနည္း၎ပါပဲ။ ဒါေၾကာင့္ ေနမာကို ေမွ်ာ္လင့္ၾကတာပါ။ သူ႔ပုခုံးေပၚက ဖိအားေတြက ႀကီးမားလြန္းခဲ့ပါတယ္။

ဒီခံစားခ်က္ကို က်ေနာ္သိတယ္ ဘယ္လ္ဂ်ီယမ္ ကလဲ 2014 တုန္းက က်ေနာ့္ဆီက အမ်ားႀကီး ေမွ်ာ္လင္ခဲ့တာပါ။ ဒါေပမယ့္ တစ္ေထာင္ပုံ ဆယ္ပုံေလာက္ ဘယ္လ္ဂ်ီယမ္မွာထက္ ပိုႀကီးမားပါတယ္။ ႏိုင္ငံ၊ လူမ်ိဳး၊ ပရိသတ္၊ ဂ်ာနယ္လစ္ေတြက ေနမာ၊ ေနမာ၊ ေနမာ ဆိုတာႀကီးပဲ။ အားလုံးက ေနမာ ေနမာပဲ ျဖစ္ေနခဲ့ၾကတာေလ။ အဲ့ဒါက ခ်ဲ႕ကားလြန္းတဲ့ စိတ္ေခ်ာက္ခ်ားမႈ ျဖစ္ခဲ့ပါတယ္။

ႏိုင္လား? ေနမာကို ေက်းဇူးတင္မယ္။ ရႈံးလား? အဲ့ဒါ ေနမာရဲ႕ အမွားျဖစ္ေရာ။ ဘရာဇီးလ္ မွာ က်န္တဲ့ 22 ေယာက္က မပါၾကလို႔လား။ က်ေနာ္တို႔ စကားမေျပာခဲ့ဘူး။ သူ႔ရဲ႕အဂၤလိပ္စကားေျပာက မေကာင္းဘူး။ အမူအရာနဲ႔ ေျပာၾကၿပီး ပါးစပ္က မေျပာခဲ့ဘူး။ ခက္ခဲတဲ့ အခိုက္အတန္႔တစ္ခုမွာ က်ေနာ္ သူ႔ကို ေလးစားမႈထားတယ္ဆိုတာ သိေစခ်င္တယ္။ သူ႔ကို ႏွစ္သိမ့္ေပးခ်င္တယ္။ သူက ထိပ္တန္းကစားသမားတစ္ေယာက္ပါ။ သူ႔အခ်ိန္ေတြ ေရာက္လာပါလိမ့္မယ္။ ေနာက္ ကမာၻ႔ဖလားမွာ ျဖစ္ႏိုင္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးစတား အီဒင်ဟာဇက်က 2018 မှာ ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ်မက်ဆီ နဲ့ တွေ့ဆုံခဲ့မှုမှာ မပျော်မရွှင် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး မက်ဆီဟာ ထာဝရအကောင်းဆုံး ကစားသမားပါလို့ ပြောဆိုခဲ့ပါတယ်။

အာဂျင်တိုင်းသား မက်ဆီဟာ လက်ရှိ ဂျူဗင်တပ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို နဲ့အတူ ဘောလုံးလောကကို ဆယ်စုနှစ် တစ်ခုကျော်ကြာ စိုးမိုးထားခဲ့ပြီး မရေမတွက်နိုင်တဲ့ စံချိန်ချိူးမှုတွေနဲ့ ဘလွန်းဒီအော ငါးကြိမ်ရတဲ့ ပထမဆုံးကစားသမား ဖြစ်ခဲ့သူပါ။

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူအကောင်းဆုံးလဲဆိုတာ ဘောလုံးပရိသတ်တွေကြားမှာ မပြီးဆုံးနိူင်တဲ့ ငြင်းခုန်မှုတွေ ဖြစ်နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်အတွက်ကတော့ ကမ္ဘာ့အကောင်းဆုံးက တစ်ယောက်ထဲရှိပါတယ်။

” ထာဝရအကောင်းဆုံး နှစ်ယောက်လို့ ပြောလိုက်တာလား? မဖြစ်နိုင်တာ။ တစ်ယောက်ထဲ ရှိပါတယ်။ သူကတော့ မက်ဆီပါ။ 2018 မှာ ဘာစီလိုနာနဲ့ ကစားခဲ့ရတဲ့ နှစ်ပွဲဟာ ကျနော့်အတွက် အကောင်းဆုံး အမှတ်တရတွေ မဖြစ်ခဲ့ပါဘူး။ ဘာစီလိုနာ၊ လီယွန်နယ်မက်ဆီ တို့နဲ့ ကစားရလို့ ကျနော်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စိတ်ပျက်ခဲ့ရပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်က အိမ်ကွင်းပွဲစဉ်အတွက် ကျနော့် သားသုံးယောက်ဟာ အဲ့ဒီ့မှာ ရှိနေခဲ့ကြတယ်။ ကျနော်တို့အားလုံးက တကယ်ပဲ မက်ဆီပရိသတ်တွေပါ။ အကြီးဆုံးသားကတော့ အမာခံပရိသတ်ကြီးပါ။ အဲ့နေ့က မက်ဆီကို သူမြင်ချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ မက်ဆီက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ ” လို့ ဆိုပါတယ်။

2018 နွေရာသီက ဟာဇက်ဟာ ပြင်သစ်အသင်းကို မရှုံးခင် ဘယ်လ်ဂျီယမ်အသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး ကောင်းမွန်တဲ့ နွေရာသီ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယမ်ဟာ ဘရာဇီးလ် ကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ ဂိုးရဖို့ လှုံ့ဆော်မှုပေးနိုင်ခဲ့တဲ့ ဂိုးသမား ကော်တိုအာကို ကျေးဇူးတင်ရမှာပါ။

ကမ္ဘာ့ဖလားမှာ မေးခွန်းထုတ်စရာတွေ များစွာဖြစ်ခဲ့တဲ့ နေမာကို ဟာဇက်က ပွဲသိမ်းခရာ မှုတ်ချိန်မှာ နှစ်သိမ့်ပေးခဲ့ပြီး ပွဲပြီးတော့ ဘရာဇီးလ် အိုင်ကွန်ကစားသမားအတွက် သူခံစားခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

” ဒါက သူ့အလိုအလျောက် ဖြစ်လာခဲ့တာပါ။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သွားတဲ့အခါ အဲ့ဒါအကြောင်း မတွေးခဲ့ပါဘူး။ သူ့နေရာမှာ ကျနော့်ကိုယ်ကျနော် ထားလိုက်တာပါပဲ။ လူတိုင်းက သူ့ကို ကမ္ဘာ့ဖလား မှာ အကောင်းဆုံး ကစားသမားဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။ မက်ဆီက ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ရော်နယ်ဒိုလဲ ထိုနည်း၎င်းပါပဲ။ ဒါကြောင့် နေမာကို မျှော်လင့်ကြတာပါ။ သူ့ပုခုံးပေါ်က ဖိအားတွေက ကြီးမားလွန်းခဲ့ပါတယ်။

ဒီခံစားချက်ကို ကျနော်သိတယ် ဘယ်လ်ဂျီယမ် ကလဲ 2014 တုန်းက ကျနော့်ဆီက အများကြီး မျှော်လင်ခဲ့တာပါ။ ဒါပေမယ့် တစ်ထောင်ပုံ ဆယ်ပုံလောက် ဘယ်လ်ဂျီယမ်မှာထက် ပိုကြီးမားပါတယ်။ နိုင်ငံ၊ လူမျိုး၊ ပရိသတ်၊ ဂျာနယ်လစ်တွေက နေမာ၊ နေမာ၊ နေမာ ဆိုတာကြီးပဲ။ အားလုံးက နေမာ နေမာပဲ ဖြစ်နေခဲ့ကြတာလေ။ အဲ့ဒါက ချဲ့ကားလွန်းတဲ့ စိတ်ချောက်ချားမှု ဖြစ်ခဲ့ပါတယ်။

နိုင်လား? နေမာကို ကျေးဇူးတင်မယ်။ ရှုံးလား? အဲ့ဒါ နေမာရဲ့ အမှားဖြစ်ရော။ ဘရာဇီးလ် မှာ ကျန်တဲ့ 22 ယောက်က မပါကြလို့လား။ ကျနော်တို့ စကားမပြောခဲ့ဘူး။ သူ့ရဲ့အင်္ဂလိပ်စကားပြောက မကောင်းဘူး။ အမူအရာနဲ့ ပြောကြပြီး ပါးစပ်က မပြောခဲ့ဘူး။ ခက်ခဲတဲ့ အခိုက်အတန့်တစ်ခုမှာ ကျနော် သူ့ကို လေးစားမှုထားတယ်ဆိုတာ သိစေချင်တယ်။ သူ့ကို နှစ်သိမ့်ပေးချင်တယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူ့အချိန်တွေ ရောက်လာပါလိမ့်မယ်။ နောက် ကမ္ဘာ့ဖလားမှာ ဖြစ်နိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

Sports Home Time