အာဆင်နယ်ပွဲကြို လေ့ကျင့်ရေးမှာ ဒီဘရိုင်း၊ ရိုဒရီနဲ့ မန်စီးတီးရဲ့ အဓိက ကစားသမား အချို့ မပါဝင်

နှစ်သစ်မှာ ယှဉ်ပြိုင်ရမယ့် ပထမဆုံးပွဲဖြစ်တဲ့ အာဆင်နယ်ပွဲကြို မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးမှာ အဓိက ကစားသမား (၄) ဦး ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ကြံ့ခိုင်မှု ပြဿနာကြောင့် ပွဲစဉ် ၄ ပွဲအထိ ပွဲထွက်လူစာရင်းထဲ မပါဝင်ထားတဲ့ ဝေါ်ကာကို ပြန်မြင်ရပေမယ့်လို့ ဂျွန်စတုန်းနဲ့ ရိုဒရီတို့ကတော့ ပါဝင်လာခဲ့ခြင်း မရှိဘူး။ ဂျွန်စတုန်းနဲ့ ရိုဒရီတို့ဟာ မန်စီးတီးရဲ့ ပွဲစဉ် ၂ ပွဲမှာ ပွဲနေ့ လူစာရင်းအတွင်း မပါဝင်ထားနိုင်သူတွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အကုန်မှာ အမှတ်ပေးဇယားကို ရမှတ်ကွာဟမှု ကြီးကြီးမားမားဖြင့် ဦးဆောင်ထားတဲ့ မန်စီးတီးဟာ ဇန်နဝါရီမှာတော့ အာဆင်နယ်နဲ့ ချယ်ဆီးလို ထိပ်ဆုံး ၄ သင်းထဲက အသင်းတွေဖြင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ တစ်ဘက်မှာ ချယ်ဆီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ပွဲ ရှိနေတာကြောင့် အာဆင်နယ်ပွဲမှာ ရလဒ်ကောင်းရင် အမှတ်ပေးဇယား ကွာဟမှုက ပိုကြီးမားနိုင်ပါတယ်။

ဝေါ်ကာနဲ့ မက်အတီတို့ ပြန်ပါလာနိုင်တာက သတင်းကောင်းဖြစ်ပေမယ့်လို့ နောက်ထပ် စီနီယာနှစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနဲ့ ကန်ဆယ်လိုတို့လည်း လေ့ကျင့်ရေးမှာ မပါဝင်ခဲ့ပါဘူး။ နှစ်ဦးလုံးက အခြားသော နေရာတွေမှာ လေ့ကျင့်ရေး ဝင်နိုင်နေတာလည်း ဖြစ်နိုင်ပြီး ကန်ဆယ်လိုဟာ အာဆင်နယ်ပွဲမှာ ပါဝင်နိုင်မယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ဖာနန်ဒင်ဟို လေ့ကျင့်ရေးမှာ အကောင်းဆုံး ပါဝင်နေဆဲဖြစ်ကာ စီးတီးရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ၊ ဂရီလစ်၊ ဖိုဒန်၊ စတာလင်၊ မာရက်ဇ်တို့ ကြံ့ခိုင်မှု ကောင်းမွန်နေပြီး အခြားသော ဒဏ်ရာရ စာရင်းတော့ မရှိဘူးလို့ သိရပါတယ်။

City training squad confirmed

Ederson, Carson, Steffen, Dias, Laporte, Ake, Walker, Zinchenko, Mbete, Fernandinho, Gundogan, Bernardo, McAtee, Foden, Grealish, Palmer, Mahrez, Sterling, Jesus, Kayky