လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် စိန်ခေါ်မှုကို ထိခိုက်စေတဲ့ ရှုံးပွဲအပေါ် ကလော့ပ် တုန့်ပြန်

လက်စတာကို ၁-၀ ဖြင့် အရေးနိမ့်အပြီးမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်က မန်စီးတီးနဲ့ ရမှတ် ၆ မှတ်ထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ရာသီဝက်ကာလကို ရောက်လာခဲ့ပြီဖြစ်ပြီး လာမယ့်လတွေမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိနေသေးပေမယ့် ကလော့ပ်ကတော့ အမှတ်ပေးဇယား ကွာဟမှုအပေါ် စိုးရိမ်နေခြင်း မရှိဘူး။ ကလော့ပ်က သူ့အသင်းဟာ ဒီလို ကပ်ဘေးကြားမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပုံမှန်အတိုင်း မကစားနိုင်တဲ့ အပေါ်ကိုပဲ ပိုစိုးရိမ်နေတာဖြစ်ပါတယ်။

ကလော့ပ်က ‘ အမှတ်ပေးဇယား ကွာခြားမှုက ကြီးမားပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ စီးတီးနဲ့ ကွာဟမှုက ကျနော်အတွက် ပြဿနာ မဟုတ်ပါဘူး။ ဒီလို ပုံစံ ဆက်ကစားနေမယ်ဆိုရင် ဆုဖလားတွေအကြောင်း စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး။

အကယ်လို့ ကျနေ်ာတို့ ကစားတဲ့ ဘောလုံးဟန်၊ ကျနေ်ာတို့ရဲ့ ပုံမှန် ဘောလုံး၊ လီဗာပူး ဘောလုံးမျိုး ကစားနိုင်မယ်ဆိုရင် ဘောလုံးပွဲတွေ အများကြီးကို အနိုင်ရပါမယ်။ အဲ့ခါမှပဲ ရာသီကုန်ရင် ဘာဖြစ်မယ်ဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် ဒီအခြေအနေမှာတော့ အမှတ်ပေးဇယား ကွာဟမှုက ကျနော်အတွက် အဓိက ပြဿနာမဟုတ်ဘဲ အခြားသော ပြဿနာတွေ ရှိနေပါတယ် ’ လို့ တုန့်ပြန်ပါတယ်။

လီဗာပူးအသင်းက ရလာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ လိုအပ်ချက် များခဲ့မှုနဲ့အတူ လက်စတာအသင်းက ထိုက်တန်တဲ့ အနိုင်ရလဒ် ရသွားခဲ့တာဖြစ်ကြောင်း ကလော့ပ်က ဝန်ခံတယ်။

‘ ထူးဆန်းတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကျနေ်ာတို့က လုံလောက်အောင် မကောင်းပါဘူး။ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဘောလုံးနဲ့အတူ ကျနေ်ာတို့ရဲ့ လုပ်ဆောင်မှုတွေက မကောင်းပါဘူး။ ဆိုးဆိုးရွားရွား ပွဲတစ်ပွဲကို ကစားခဲ့ပြီး လက်စတာက အနိုင်ရဖို့ ထိုက်တန်ပါတယ်။

ကျနေ်ာတို့ရဲ့ ဆုံးဖြတ်ချက်တွေက ညံ့ဖျင်းပါတယ်။ ကံသိပ်မကောင်းခဲ့ဘူးလို့လည်း ပြောရပါမယ်။ ဒီလိုအခြေအနေမှာ သွင်းဂိုးပိုရသင့်ပြီး ဂိုးရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေနဲ့အတူ အနိုင်ရသင့်တယ်။ ဒါပေမယ့် ပွဲကို အရေးနိမ့်ပြီဆိုရင်တော့ ဂိုးတွေ ပိုလိုခဲ့တယ်ဆိုတာ မြင်နိုင်တာပါပဲ ’ လို့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။