ကိုဗစ်ကြောင့် ချယ်ဆီးပွဲ လွဲမယ့် ဂျရတ်နဲ့ စပါး V ပဲလေစ့်ပွဲအပါ ဘောက်ဆင်ဒေး ပွဲစဉ် (၄) ပွဲ ရွေ့ဆိုင်း

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာ ကိုဗစ်ပိုး တွေ့ရှိတာကြောင့် လာမယ့် ပွဲစဉ် နှစ်ပွဲကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘဲ ဘောက်ဆင်ဒေးမှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးပွဲကို လွဲချော်မယ်လို့ ကလပ်က အတည်ပြုပါတယ်။

ဂျရတ်ဟာ နောက်ပွဲစဉ်အဖြစ် လိဒ်ယူနိုက်တက်နဲ့ပွဲကိုလည်း နည်းပြအဖြစ် တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး။ အရင်အပတ်က ဘန်လေနဲ့ပွဲကို ကိုဗစ် ကူးစက်မှုကြောင့် ရွှေ့ဆိုင်းထားရတာဖြစ်ပြီး ဒီအပတ် ယှဉ်ပြိုင်မယ့် ပွဲစဉ် ၆ ပွဲထဲမှာ ဗီလာနဲ့ ချယ်ဆီးပွဲကလည်း ပွဲစဉ်တစ်ပွဲအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။

ကလပ်ဘက်ကတော့ ‘ နည်းပြချုပ် စတီဗင်ဂျရတ်ဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင့် တွေ့ရှိပြီး ကွာရန်တင်း ဝင်ရမှာဖြစ်ခြင်းကြောင့် လာမယ့် ချယ်ဆီးနဲ့ လိဒ်ယူနိုက်တက်ပွဲတွေကို နည်းပြအဖြစ် တက်ရောက်ကိုင်တွယ်နိုင်မှာ မဟုတ်ကြောင်း ဗီလာဘက်က အတည်ပြုလိုပါတယ် ‘ လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဒီအပတ်မှာတော့ လိဒ်ယူနိုက်တက်အသင်းမှာ ကိုဗစ်ကူးစက်မှုတွေ များနေခြင်းကြောင့် လီဗာပူးနဲ့ လိဒ်ယူနိုက်တက်ပွဲကိုလည်း ရွှေ့ဆိုင်းထားခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် ဝုဗ် Vs ဝတ်ဖိုဒ့်၊ ဘန်လေ Vs အဲဗာတန် ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်ထားခဲ့ပြီး ဒီမနက်မှာပဲ စပါး Vs ပဲလေစ့်ပွဲကိုလည်း ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

ပဲလေစ့်အသင်းရဲ့ ဝန်းထမ်းတွေထဲမှာ ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပြီး နည်းပြဗီအဲရာကတော့ လက်ရှိ အခြေအနေက သူ့ရဲ့ အသင်းသားတွေထဲမှာ ကိုဗစ်ကူးစက်မှုတွေ များနေမယ်လို့ စိုးရိမ်နေရကြောင်း ထုတ်ပြောထားခဲ့တာဖြစ်ပါတယ်။

ဒီအပတ် ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ် (၄) ပွဲ

  • လီဗာပူး Vs လိဒ်ယူနိုက်တက်
  • ဝုဗ် Vs ဝတ်ဖိုဒ့်
  • ဘန်လေ Vs အဲဗာတန်
  • စပါး Vs ပဲလေစ့်