ကွင်းလယ် နံပါတ် ၆ နေရာအတွက် ယူနိုက်တက် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမား (၅) ဦး

ရက်ဖ်ရန်းနစ်ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ကွင်းလယ်ခံစစ် ကစားသမားအသစ် တစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ဗြိတိန်သတင်းဌာန Mirror ကနေ ဖော်ပြလာပါတယ်။

ဂျာမန်သားဟာ သူ့ဟန်အတိုင်း ၄-၂-၂-၂ ပုံစံကို ကောင်းကောင်းအသုံးချခဲ့ပြီး ကိုဗစ်နှောင့်ယှက်မှု မတိုင်ခင် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် သူ့မှာ လူအင်အား တောင့်တင်းမှု မရှိတာကြောင့် ကွင်းလယ် ဗဟိုနေရာကို အင်အားမြှင့်တင်ဖို့ လိုအပ်တဲ့ နေရာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဖရက်နဲ့ တော်မီနေးတို့က ပဲလေ့စ်၊ နောဝစ်ချ်တို့ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲတွေမှာ ပွဲထွက် ကစားခဲ့ကြပေမယ့် မာတစ် အသက်အရွယ်ရလာပြီး ပေါ့ဘာနဲ့ ဗန်ဒီဘိခ်တို့ရဲ့ တိုက်စစ် ပိုမိုအားသန်မှုကြောင့် နံပါတ် ၆ နေရာ ရွေးချယ်စရာတွေက နည်းပါးနေတာပါ။

ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ဒီဇန်နဝါရီမှာ ယူနိုက်တက်တဲ့ ခေါ်ယူနိုင်တဲ့ ကစားသမား ၅ ယောက်ကတော့..

အမာဒူ ဟိုင်ဒါရာ

  • အသက် ၂၃
  • ၁ ဂိုး၊ ဖန်တီးမှု ဝ
  • စာချုပ်သက်တမ်း – ၂၀၂၅

လိုက်ပ်ဇစ်ကြယ်ပွင့်ဟာ ရန်းနစ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်နေတာပါ။ ဟိုင်ဒါရာဟာ ၂၀၁၆ ဇူလိုင်မှာ ရက်ဘူးဆဲဘ်ကို ရောက်လာခဲ့ပြီး ၁ နှစ်ခွဲ အကြာမှာ လိုက်ပ်ဇစ်ကို ရောက်လာခဲ့ကာ ၁၀၁ ပွဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ကစားသမား၊ ကလပ်နဲ့အတူ ရန်းနစ်ရဲ့ ဆက်ဆံရေးက ယူနိုက်တက်အတွက် ညှိနှိုင်းမှုတွေမှာ အထောက်အကူ ဖြစ်စေနိုင်ပေမယ့် ဇန်နဝါရီမှာ ဟိုင်ဒါရာက အာဖရိကနေးရှင်းဖလား သွားကစားရဦးမှာကို စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

ဂျူ့ဒ် ဘယ်လင်ဟမ်

  • အသက် ၁၈
  • ၃ဂိုး၊ ဖန်တီးမှု ၉ ကြိမ်
  • စာချုပ်သက်တမ်း ၂၀၂၅

၂၀၂၀ ဇူလိုင်မှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ရောက်လာပြီးကတည်းက သိပ်ကောင်းပြီး၊ ပြည့်စုံတဲ့ ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာခဲ့သလို ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးထံ ပြောင်းရွှေ့ဖို့ မကြာခဏ ချိတ်ဆက်ခံခဲ့ရတာပါ။ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဒေါ့မွန်ထံ ပမာဏများပြားတဲ့ ကမ်းလှမ်းမှု လုပ်ပေးရမှာဖြစ်ပေမယ့် ရန်းနစ်က သူ့ကို ပစ်မှတ်ထားဖို့ တီးခေါက်ကြည့်ပြီးသား ဖြစ်တဲ့ပုံပါပဲ။

ကယ်ဗင်ဖီးလစ်

  • အသက် ၂၆
  • ၁ဂိုး၊ ဖန်တီးမှု ၁ ကြိမ်
  • စာချုပ်သက်တမ်း ၂၀၂၄

ဒီရာသီ လိဒ်စ်ရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ ၆ ပွဲမှာ ၅ ပွဲက ကယ်ဗင်ဖီးလစ် ပွဲမထွက်ခဲ့ရတာမို့လို့ အသင်းအတွက် သူ ဘယ်လောက် အရေးပါလဲဆိုတာ ပြသနေတာပါ။ သူဟာ နိုင်ငံအဆင့်မှာလည်း သူ့ကိုယ်သူ သက်သေပြခဲ့ပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဖီးလစ်ရဲ့ အထင်ကြီးစရာ တိုးတက်လာမှုကြောင့် သဘောကျသူများစွာ ရှိခဲ့ပြီး ရန်းနစ်က သူ့ကို ယူနိုက်တက်ရဲ့ ခံစစ်ကို ပံ့ပိုးပေးမယ့် ကွင်းလယ် ရွေးချယ်စရာအဖြစ် မြင်နေတာ ဖြစ်ပါတယ်။

အော်ရယ်လီယန် ချူအာမန်နီ

  • အသက် ၂၁
  • ၂ ဂိုး၊ ဖန်တီးမှု ဝ
  • စာချုပ်သက်တမ်း ၂၀၂၄

သရဲနီတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရန်းနစ်က သင့်တော်တယ်လို့ ထင်ရင် ဇန်နဝါရီမှာ ချူအာမန်နီအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းနိုင်ပါတယ်။ ချူအာမန်မီဟာ ပေါ့ဘာနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိထားပြီးသားဖြစ်ပြီး နေးရှင်းလိဂ် အောင်မြင်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ကွင်းလယ်မှာ တွဲဖက်ကစားခဲ့တာပါ။

ဒက်ကလန်ရိုက်စ်

  • အသက် ၂၂
  • ၃ဂိုး၊ ဖန်တီးမှု ၃ ကြိမ်
  • စာချုပ်သက်တမ်း ၂၀၂၄ (တစ်နှစ်အပို)

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း လက်ထောက် အသင်းခေါင်းဆောင်ကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ရိုက်စ်ဟာ မနှစ်က ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဒီစာရင်းထဲက ကစားသမားတွေအားလုံးထဲမှာ သူက ဈေးအကြီးဆုံးဖြစ်ပြီး ဒေးဗစ်မိုယက်စ်ကလည်း ဝက်စ်ဟမ်းအနေနဲ့ သူ့ကို ရောင်းထုတ်ဖို့ဆိုရင် အတော်လေး များပြားတဲ့ ပမာဏနဲ့မှ ရမယ်လို့ ခဏခဏ သတိပေးထားခဲ့တာ ဖြစ်ပါတယ်။