သတင်းကောင်းနဲ့ သတင်းဆိုတွေ ပါနေတဲ့ ဝုဗ်ပွဲကြို ချယ်ဆီးရဲ့ ကြံ့ခိုင်မှု အခြေအနေကို တူချယ် ပြောပြလာ

ဝုဗ်နဲ့ပွဲမှာ ချယ်ဆီးကွင်းလယ်လူတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ လော့တပ်ချိစ်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ချယ်ဆီး မန်နေဂျာတူချယ်က အတည်ပြုပေမယ့် ကန်တေနဲ့ ကိုဗာဆစ်တို့ ပွဲထွက်လူစာရင်းကနေ ပါဝင်ကောင်း ပါဝင်လာနိုင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒဏ်ရာပြဿနာ ထိုးနှက်မှုတွေကြောင့် ရလဒ်ကောင်းတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေအတွက် ရုန်းကန်လာရတာပါ။ မန်စီးတီး၊ လီဗာပူးအသင်းတို့နဲ့ အမှတ်ပေးချန်ပီယံဖြစ်ရေး ပြိုင်ဆိုင်နေမှုမှာ ချယ်ဆီးအသင်းက အာရုံစိုက် အားထုတ်မှုတွေ ပြုလုပ်လာရတဲ့ အခြေအနေဖြစ်ပါတယ်။

ပွဲကြို မီဒီယာတွေ့ဆုံမှုအတွင်း တူချယ်က ” တနင်္ဂနွေနေ့ပွဲအတွက် ဂျော်ဂျင်ဟို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဘာလို့လည်းဆိုတော့ သူက နာကျင်မှု ခံစားနေရတာကြောင့်ပါ။ လော့တပ်ချိစ်လည်း ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။ သူလည်း နာကျင်မှုတွေ ရှိနေပါတယ်။ မနက်ဖြန်မှာ သူတို့တွေ အသင်းနဲ့အတူ ခရီးထွက်ပြီး တနင်္ဂနွေပွဲကို ကစားနိုင်မလား မသိပါဘူး ” ဆိုပြီး ပြောပြခဲ့တယ်။

ဒါပေမယ့်လို့ သတင်းကောင်းကတော့ ကန်တေနဲ့ ကိုဗာဆစ်တို့ဟာ ဝုဗ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ကောင်း ကစားနိုင်ပါတယ်။ ကိုဗာဆစ်ဟာ ကိုဗစ်ကင်းစင်မှုနဲ့အတူ အသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်ခဲ့ပြီး ကန်တေကလည်း ပြန်လည် လေ့ကျင့်ရေး ဆင်းနိုင်ခဲ့တဲ့ အခြေအနေလို့ နားလည်ရပါတယ်။

” ကန်တေနဲ့ ကိုဗာဆစ်ကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးသွားမလား? အဲ့တာက သူတို့အတွက်ကော မျှတတဲ့ ကိစ္စဖြစ်နေမလား? အဲ့လို ထုတ်သုံးဖို့ဆိုတာကကော ဖြစ်လာနိုင်မလား? ကျနော် မသိပါဘူး။ ဒါပေမယ့်လို့ သူတို့ကို ပွဲထွက် လူစာရင်းမှာ ထုတ်သုံးရကောင်း ထုတ်သုံးရနိုင်ပါတယ်။

ကျနေ်ာတို့ ဟန်ချက်ညီမှုကို ရှာဖွေဖို့ လိုပါတယ်။ ဂျော်ဂျင်ဟိုက ပုခုံးဒဏ်ရာ ရခဲ့တာဖြစ်ပြီး လော့်တပ်ချိစ်ကလည်း ဒဏ်ရာရနေခဲ့တာပါ။ ဒီတော့ ကြည့်ကြရမှာပါ။ ပုံမှန် လုပ်နေကျမဟုတ်တဲ့ ရူးရူးမိုက်မိုက် ကိစ္စတွေကို လုပ်ရအောင်း လုပ်ရပါလိမ့်မယ်။ ကျနေ်ာတို့ရဲ့ အဓိက ကစားသမားတွေကို ဆုံးရှုံးထားရတာကြောင့် ဖြေရှင်းစရာ နည်းလမ်းတွေရှာရပါမယ် ” လို့ တူချယ်က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာတော့ ဆာအူးလ်နဲ့ ဘာကလေလို ပွဲထွက်ခွင့် ရုန်းကန်နေရတဲ့ ကွင်းလယ်လူတွေလည်း ရှိနေပြီး ဝုဗ်ပွဲမှာ သူတို့ကိုလည်း ပွဲထုတ်လာနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။