အဲဗာတန် ကစားသမားသစ်ရခြင်း၊ ချယ်ဆီးရဲ့ ဇန်နဝါရီ ပစ်မှတ်နဲ့ ပရီးမီးယားလိဂ် သတင်းထူးများ

ချယ်ဆီးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဝင်ရောက်လာမှာဖြစ်ပြီး ဘယ်အစွန်လူနေရာ ခေါ်ယူရေးအတွက် ချီးဝဲလ်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်အောင် ကြိုးစားနေကြောင်း မန်နေဂျာ တူချယ်က ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ဈေးကွက်ကို အဲဗာတန်အသင်းက ယူရို ၂၃ သန်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းမှ ဘယ်အစွန်လူ မာကိုလန်ကိုအား ကာလရှည် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကာ ဒီကနေ့မှာပဲ ဆေးစစ်မှု ခံယူသွားမှ ဖြစ်ပါတယ်။

အနည်းဆုံး ဒီဇင်ဘာ ၂၆ မတိုင်ခင်အထိ ဘောလုံးပွဲတွေ ရပ်ထားဖို့ သောမတ်စ် ဖရန့်ရဲ့ အဆိုကို ထောက်ခံချင်တဲ့ အင်္ဂလန်ကလပ်တွေ ပိုပြီး များပြားလာနေပေမယ့် ပရီးမီးယားလိဂ်ကတော့ လုံးဝမရပ်တန့်ပဲ ရာသီကို ဆက်လက်ကစားဖို့ တင်းခံနေပါတယ်။

လီဗာပူးရဲ့ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဂျုံးတို့ရဲ့ အခြေအနေကို သိရဖို့ နောက်ထပ် စစ်ဆေးမှုရလဒ်တွေကို စောင့်နေရဆဲဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ကိုဗစ် သံသယကြောင့် ဒီကနေ့ ပြုလုပ်ရမယ့် မီဒီယာတွေ့ဆုံမှုကို မတက်ရောက်နိုင်ပါဘူး။

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုတွေကြောင့် ဒီပိတ်ရက်မှာ ယှဉ်ပြိုင်ကစားမယ့် အမှတ်ပေးပွဲစဉ် ၅ ပွဲကို ရွှေ့ဆိုင်းကြောင်း တရားဝင် အတည်ပြုလိုက်ပေမယ့် မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးအသင်း ပွဲစဉ်တွေကိုတော့ ပုံမှန်အတိုင်း ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

ဒါဘီနည်းပြ ဝိန်းရွန်းနီဟာ အဲဗာတန်နည်းပြအဖြစ် ရာဖာဘင်နီတက်ဇ်ကို အစားထိုးနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို တုံ့ပြန်ခဲ့ပြီး သူဟာ မာဆေးဆိုဒ်ကလပ်နဲ့ ဆက်သွယ်မှု မရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ဇန်နဝါရီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ဒတ်ချ် ဘီလူးတွေဖြစ်တဲ့ အေဂျက်ထံကနေ စိတ်ဝင်စားမှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ဆက်လက် ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ အာဆင်နယ်၊ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို ကျော်ဖြတ်ပြီး ပေါင်သန်း ၁၀၀ နဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွီတာနဲ့ အလွန်ဆိုတို့ဟာ ဇန်နဝါရီမှာ ကလပ်အသစ်တွေ ရှာဖွေဖို့ ၎င်းတို့ရဲ့ အေးဂျင့်တွေထံ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဇာဗီဟာ အေးဂျင့်ရိုင်အိုလာနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပေါလ်ပေါ့ဘာအတွက် နွေရာသီမှာ ခေါ်ယူဖို့အရေး ဆက်လက် မလုပ်ဆောင်တော့ဖို့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အဲဗာတန်ဟာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲအတွင်း ကလပ် ပရိသတ်တွေဆီကနေ လိင်တူဆန့်ကျင်တဲ့ သီကြွေးမှုတွေကို ရှုံ့ချခဲ့ပါတယ်။

အီလန်ဂါဟာ ရက်ဖ်ရန်းနစ်ကို အထင်ကြီးစေခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက်မှာ စာချုပ်သစ် ချုပ်နိုင်ဖွယ် ရှိပါတယ်။

ဒေါ့မွန်ဟာ ချယ်ဆီးမှာ ပွဲကစားချိန်နဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေတယ်ဆိုတဲ့ မိုရိုကို တိုက်စစ်သမား ဟာကင်ဇီယက်ချ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။