နိုင်ပွဲအတွက် ဖြေရှင်းစရာ နည်းလမ်းရှာတွေ့ခဲ့ပြီလို့ ဒါဘီနိုင်ပွဲအပြီး အာတီတာ ဖွင့်ဟ

အာဆင်နယ်အသင်းဟာ ဝက်ဟဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး မာတင်နယ်လီ၊ စမစ်ရိုဝီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် လာကာဇက်တီဟာ ပင်နယ်တီ ကန်သွင်းခွင့်ရခြင်းကို လွဲချော်ခဲ့ပေမယ့် ဂန်းနားအသင်းက ပွဲကို လွှမ်းမိုးထားခဲ့တာဖြစ်တယ်။ မန်နေဂျာအာတီတာကတော့ သူ့အသင်းဟာ နိုင်ပွဲ ရယူဖို့အတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာတွေ့ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။

အာတီတာက ” ကျနေ်ာတို့က စိတ်ဆန္ဒ ပြင်းပြထက်သန်မှု၊ အင်အားတွေ၊ အရည်အချင်းတွေ၊ မြင့်မားတဲ့ အဆင့်အတန်းတွေနဲ့အတူ ပွဲကို ကစားခဲ့ပါတယ်။ ကျနေ်ာတို့ ရင်ဆိုင်ကစားလိုတဲ့ အသင်းကို အပြည့်အဝ ထိန်းချုပ်မှုနဲ့အတူ ကစားခဲ့တာဖြစ်တယ်။ ဝက်ဟမ်းအသင်းမှာ တိုက်စစ်အတွက် ရွေးချယ်စရာတွေ အများကြီးရှိသလို သူတို့ ခံစစ်ကလည်း ထိုးဖောက်ဖို့ ခက်ခဲပါတယ်။

ဒီပွဲကို ခြုံပြီး ပြောရမယ်ဆိုရင် အနိုင်ရဖို့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဝက်ဟမ်းကို တိုက်စစ်ဆင်ဖို့ရာ ဖြေရှင်းစရာ နည်းလမ်းတွေ ရှာတွေ့ခဲ့တာကြောင့် ကျနေ်ာတို့ ပိုပြီး ထိန်းချုပ်ကစားနိုင်ခဲ့တာဖြစ်တယ်။

ဒီနေ့ပွဲမှာ ကျနေ်ာတို့ရဲ့ ကောင်တာ-ဖိအားပေးမှုကလည်း သိပ်ကို ထူးချွန်ပါတယ်။ အဆုံးသတ်ပိုင်းမှာ ဂိုးသွင်းဖို့အတွက် ကျနေ်ာတို့ ပိုကောင်းကောင်းလုပ်နိုင်ဖို့ လိုခဲ့တယ်။ ဒုတိယပိုင်းကို သိပ်ကောင်းမွန်စွာဖြင့် စတင်လာနိုင်ခဲ့ပြီး သူတို့ကို ထိုးဖောက်ပြီးရင်း ထိုးဖောက်နိုင်ခဲ့ပါတယ်။

အရမ်းကောင်းတဲ့ သွင်းဂိုး ရယူခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့သေးတာပါ။ ကျနေ်ာတို့ ကစားရတဲ့ ပွဲတွေအပေါ် မူတည်ပြီး နိုင်ပွဲတွေအတွက် အသင်းကို အကူအညီပေးနိုင်မယ့် ဖြေရှင်စရာ နည်းလမ်းတွေ အများကြီး ရှိနေပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝက်ဟမ်းခံစစ်သမား ဆိုဖောဟာ လာကာဇက်တီကို ဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့ခြင်းကြောင့် ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရတာပါ။ ဒါပေမယ့်လို့ လာကာဇက်တီရဲ့ သွင်းဂိုးအဖြစ် အဆုံးသတ်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ပင်နယ်တီနဲ့ ပတ်သက်လို့က ” ကျနော် မမြင်လိုက်ပါဘူး။ ဒီတော့ အဲ့အကြောင်း အကဲဖြတ်တာ မလုပ်ချင်ဘူး။ ၁၀ ယောက်ကျန် အသင်းဖြစ်တည်းက ပွဲက လုံးဝ ပြောင်းလဲသွားပြီး ၂-၀ ဖြစ်သွားခဲ့တယ်။ အဲ့တာပါပဲ ” လို့ ဆိုခဲ့ပါတယ်။