လိဒ်ကို ၇-၀ အနိုင်ရတဲ့ပွဲမှာ စီးတီးရဲ့ ဆရာနှစ်ပါး ခြေစွမ်းပြခြင်းကို ကျေနပ်နေတဲ့ ဂွာဒီယိုလာ

မန်စီးတီးဟာ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရာမှာ ဖိုဒန်၊ ဂရီလစ်၊ ဒီဘရိုင်း၊ မာရက်ဇ်၊ ဂျွန်စတုန်း၊ အကီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၇-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

ပွဲအစ ၈ မိနစ်မှာတင် ဖိုဒန်က အဖွင့်ဂိုး ရယူခဲ့တာဖြစ်ပြီး ဒဏ်ရာက ပြန်သက်သာလာနေပြီဖြစ်တဲ့ ဒီဘရိုင်းက သွင်းဂိုး ၂ ဂိုးနဲ့ ဂရီလစ်က သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့တယ်။ ဒီနေ့ပွဲမှာ မန်စီးတီးရဲ့ တိုက်စစ်ကစားပုံနဲ့ အသင်းလိုက် ကစားဟန်ဟာ အတော်လေး ကောင်းမွန်ခဲ့ပြီး မနှစ်ကရာသီတုန်းက ရမှတ်တွေခွဲပေးခဲ့ရတဲ့ လိဒ်ကို ပြတ်ပြတ်သားသား ခြေမှုန်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဂွာဒီယိုလာက ” ခံစစ်ပိုင်းမှာ ကျနေ်ာတို့အသင်း ကျစ်လစ်ခဲ့ပြီး အခွင့်အရေး အနည်းငယ်ပဲ ပေးခဲ့ရတယ်။ အသင်းက စွမ်းဆောင်ရည် အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်တုန်းက ဒီဘရိုင်းက သူ့အလုပ်ပြန်လုပ်ရမယ်ဆိုတာကို လက်ခံဖို့ ရိုးသားခဲ့တယ်ဆိုတာ ပြောခဲ့ပါသေးတယ်။

ဒီဘရိုင်းက အရမ်းကို ထူးချွန်ပါတယ်။ ကျနေ်ာတို့အသင်းက သူ့ကိုလိုပါတယ်။ သူက ကျနေ်ာတို့ အသင်းအတွက် သိပ်ကို အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ဂရီလစ်ကလည်း အံ့မခန်း ကစားသွားခဲ့တယ်။ ကစားသမားတွေကို သူတို့ရဲ့ သွင်းဂိုးတွေနဲ့ ကျနော်က ဝေဖန် အကဲမဖြတ်ပါဘူး။ သူတို့ ဘယ်လိုကစားတယ်ဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုပဲ အကဲဖြတ်ပါတယ်။ ဂရီလစ်က နေရာ ၃ နေရာ၊ ၄ နေရာလောက်ထိ ကစားနိုင်ပါတယ်။

သူတို့တွေက ရိုးသားပြီး ရိုးကျိုးတဲ့ ကစားသမားတွေပါ။ ဂျွန်စတုန်းက လက်ရွေးစင်အသင်းအတွက် ဗဟိုခံစစ်မှူးနေရာ ကစားပေမယ့် ကျနေ်ာတို့အတွက် အစွန်နေရာက ကစားပေးဖို့ လိုလာတော့လည်း ကစားပေးတာပါပဲ။ သူ့အတွက် ကျနော် ကျေနပ်မိပါတယ်။ ကျနေ်ာတို့ ကစားခဲ့တဲ့ နည်းလမ်းအတွက် သိပ်ကို ဂုဏ်ယူမိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။