ရီးရဲလ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် ရာမိုစ့်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပြန်လည် မဲခွဲမှု ရလဒ်များ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ဖြစ်တဲ့ ၁၆ သင်းအဆင့် မဲခွဲမှုဟာ ဒုတိယအကြိမ် ပြန်လုပ်ခဲ့ရပြီး အတည်ပြု ရလဒ်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အစောပိုင်း မဲခွဲမှုမှာတော့ နည်းစနစ်ပိုင်း အမှားအရ မဲအိုးနေရာချမှု မှားယွင်းမှုတွေ ရှိခဲ့ခြင်းဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက် အတွဲတွေအတွက် နစ်နာခဲ့တာကြောင့် ရလဒ်ကို ဖျက်သိမ်းပြီး တရားဝင် မဲခွဲမှုကို နောက်တစ်ကြိမ် ပြန်လုပ်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေထဲမှာ မန်စီးတီးက ပေါ်တူဂီကလပ် စပို့တင်း၊ လီဗာပူးက စီးရီးအေချန်ပီယံ အင်တာမီလန်၊ ချယ်ဆီးအသင်းက လီဂူးဝမ်းကလပ် လိုင်လီ၊ ယူနိုက်တက်က လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်တို့ဖြင့် အတွဲကျခဲ့တာပါတယ်။

ပွဲကြီးပွဲကောင်းအဖြစ် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ လီဂူးဝမ်းကလပ် ပီအက်စ်ဂျီဖြင့် ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခံစစ်မှူး ရာမိုစ့်ဟာ အသင်းဟောင်းဖြင့် ပြန်လည် ရင်ဆိုင်ရာမှာ ဖြစ်သလို မက်ဆီကလည်း လာလီဂါ ပြိုင်ဘက်ဟောင်းကို ချန်ပီယံလိဂ်မှာ ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာပါ။

အခြားသော ပွဲကောင်းတွေအဖြစ် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ခြေစွာနေတဲ့ အေဂျက်အသင်းဖြင့်လည်းကောင်း၊ ဆဲလ်ဘတ်အသင်းဟာ ဘိုင်ယန်မြူးနစ်အဖြစ်လည်းကောင်း၊ ဗီလာရီးရဲလ်အသင်းဟာ ဂျူဗင်တပ်ဖြင့်လည်းကောင်း အတွဲကျခဲ့ကြပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့တွေကို ဖေဖော်ဝါရီလထဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒုတိယအကျော့ကို မတ်လမှာ ယှဉ်ပြိုင်ရပါမယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာဘတ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပွဲစဉ်ကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်မှာ ယှဉ်ပြိုင်ရဖို့ ရက်သတ်မှတ်ထားပါတယ်။

UEFA Champions League Last 16 Draw:

  • Salzburg vs Bayern Munich
  • Sporting vs Man City
  • Benfica vs Ajax
  • Chelsea vs Lille
  • Atletico Madrid vs Manchester United
  • Villarreal vs Juventus
  • Liverpool vs Inter Milan
  • Paris Saint Germain vs Real Madrid