အင်္ဂလန် ကြီး (၄) ကြီး ချန်ပီယံလိဂ် ရှုံးထွက်မှာ ထိပ်တိုက်တွေ့ဖွယ်ရှိတဲ့ ပြိုင်ဘက်များ

ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို ချန်ပီယံဖြစ်ဖို့ ရေပန်းစားကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း တက်ရောက်လာနိုင်ခဲ့ပါတယ်။ ရှုံးထွက်အဆင့် မဲခွဲမှုဟာ လာမယ့် ဒီဇင်ဘာလ ၁၃ ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေခင်း ၅း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီရာသီ ရှုံးထွက်မှာ ထူးခြားတဲ့ အပြောင်းအလဲကတော့ နာမည်ကျော် ဥရောပဘောလုံး စည်းမျဉ်းဖြင်တဲ့ အဝေးဂိုးစည်းမျဉ်း ပယ်ဖျက်ခဲ့ပြီဖြစ်တာကြောင့် နှစ်ကျော့ပေါင်း သွင်းဂိုးရလဒ် တူညီနေမယ်ဆိုရင် အချိန်ပိုနဲ့ ပင်နယ်တီ အဆုံးအဖြတ်တွေ ခံယူသွားရမှာဖြစ်ပါတယ်။

လာမယ့် ရှုံးထွက်အဆင့်မှာ အင်္ဂလန်ကလပ်တွေ ထိပ်တိုက်တွေ့ဖွယ်ရှိတဲ့ ပြိုင်ဘက်တွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Manchester City (Group A)

အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်လာတဲ့ မန်စီးတီးဟာ ရှုံးထွက်အဆင့်မှာတော့ အက်သလက်တီကို မက်ဒရစ်၊ စပို့တင်း၊ အင်တာမီလန်၊ ဘင်ဖီကာ၊ ဗီလာရီးရဲလ် (သို့) အတ္တလန်တာ၊ ဆဲလ်ဘတ်တို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

Liverpool (Group B)

အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်လာတဲ့ လီဗာပူးဟာ ရှုံးထွက်အဆင့်မှာတော့ ပီအက်စ်ဂျီ၊ စပို့တင်း၊ အင်တာမီလန်၊ ဘင်ဖီကာ၊ ဗီလာရီးရဲလ် (သို့) အတ္တလန်တာ၊ ဆဲလ်ဘတ်တို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

Manchester United (Group F)

အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်လာတဲ့ ယူနိုက်တက်ဟာ ရှုံးထွက်အဆင့်မှာတော့ ပီအက်စ်ဂျီ၊ အက်သလက်တီကို မက်ဒရစ်၊ စပို့တင်း၊ အင်တာမီလန်၊ ဘင်ဖီကာ၊ ဆဲလ်ဘတ်တို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

Chelsea (Group H)

ဂျူဗင်တပ်နောက် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်ကို တက်လာတဲ့ ချယ်ဆီးဟာ ရှုံးထွက်အဆင့်မှာတော့ အေဂျက်၊ ရီးရဲလ်မကက်ဒရစ်၊ ဘိုင်ယန်မြုးနစ်၊ လိုင်လီတို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

* အတ္တလန်တာနဲ့ ဗီလာရီးရဲလ်တို့ရဲ့ ပွဲစဉ်ဟာ နှင်းမိုးတွေရွာသွန်းခြင်းကြောင့် မကစားနိုင်ခဲ့ဘဲ တစ်ရက် နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ထိပ္သီးေလးသင္းျဖစ္တဲ့ မန္စီးတီး၊ လီဗာပူး၊ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ဟာ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ျပီျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္း ရွံဳးထြက္အဆင့္ကို ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားကလပ္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္တို႔ကလည္း တက္ေရာက္လာႏုိင္ခဲ့ပါတယ္။ ရွံဳးထြက္အဆင့္ မဲခြဲမႈဟာ လာမယ့္ ဒီဇင္ဘာလ ၁၃ ရက္ တနလၤာေန႔ ျမန္မာစံေတာ္ခ်ိန္ ညေနခင္း ၅း၃၀ နာရီမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဒီရာသီ ရွံဳးထြက္မွာ ထူးျခားတဲ့ အေျပာင္းအလဲကေတာ့ နာမည္ေက်ာ္ ဥေရာပေဘာလံုး စည္းမ်ဥ္းျဖင္တဲ့ အေဝးဂိုးစည္းမ်ဥ္း ပယ္ဖ်က္ခ့ဲျပီျဖစ္တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း သြင္းဂိုးရလဒ္ တူညီေနမယ္ဆိုရင္ အခ်ိန္ပိုနဲ႔ ပင္နယ္တီ အဆံုးအျဖတ္ေတြ ခံယူသြားရမွာျဖစ္ပါတယ္။

လာမယ့္ ရွံဳးထြက္အဆင့္မွာ အဂၤလန္ကလပ္ေတြ ထိပ္တိုက္ေတြ႔ဖြယ္ရွိတဲ့ ျပိဳင္ဘက္ေတြက ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Manchester City (Group A)

အုပ္စုဗိုလ္ျဖင့္ ေနာက္တစ္ဆင့္ကို တက္လာတဲ့ မန္စီးတီးဟာ ရွံဳးထြက္အဆင့္မွာေတာ့ အက္သလက္တီကို မက္ဒရစ္၊ စပို႔တင္း၊ အင္တာမီလန္၊ ဘင္ဖီကာ၊ ဗီလာရီးရဲလ္ (သို႔) အတၱလန္တာ၊ ဆဲလ္ဘတ္တို႔ထဲက တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

Liverpool (Group B)

အုပ္စုဗိုလ္ျဖင့္ ေနာက္တစ္ဆင့္ကို တက္လာတဲ့ လီဗာပူးဟာ ရွံဳးထြက္အဆင့္မွာေတာ့ ပီအက္စ္ဂ်ီ၊ စပို႔တင္း၊ အင္တာမီလန္၊ ဘင္ဖီကာ၊ ဗီလာရီးရဲလ္ (သို႔) အတၱလန္တာ၊ ဆဲလ္ဘတ္တို႔ထဲက တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

Manchester United (Group F)

အုပ္စုဗိုလ္ျဖင့္ ေနာက္တစ္ဆင့္ကို တက္လာတဲ့ ယူႏုိက္တက္ဟာ ရွံဳးထြက္အဆင့္မွာေတာ့ ပီအက္စ္ဂ်ီ၊ အက္သလက္တီကို မက္ဒရစ္၊ စပို႔တင္း၊ အင္တာမီလန္၊ ဘင္ဖီကာ၊ ဆဲလ္ဘတ္တို႔ထဲက တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

Chelsea (Group H)

ဂ်ဴဗင္တပ္ေနာက္ အုပ္စုဒုတိယျဖင့္ ေနာက္တစ္ဆင့္ကို တက္လာတဲ့ ခ်ယ္ဆီးဟာ ရွံဳးထြက္အဆင့္မွာေတာ့ ေအဂ်က္၊ ရီးရဲလ္မကက္ဒရစ္၊ ဘိုင္ယန္ျမဳးနစ္၊ လိုင္လီတို႔ထဲက တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

* အတၱလန္တာနဲ႔ ဗီလာရီးရဲလ္တို႔ရဲ႕ ပြဲစဥ္ဟာ ႏွင္းမိုးေတြရြာသြန္းျခင္းေၾကာင့္ မကစားႏုိင္ခဲ့ဘဲ တစ္ရက္ ေနာက္ဆုတ္ခဲ့ရတာျဖစ္ပါတယ္။