အိမ်ကွင်းမှာ ဘာစီလိုနာကို ဓါးသွေးပြီး စောင့်နေမယ်လို့ စိန်ခေါ်သွားတဲ့ ဘိုင်ယန်နည်းပြ

ဘိုင်ယန်မြူးနစ် နည်းပြဖြစ်သူ နေဂဲလ်စမန်းက ဘာစီလိုနာကို ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကို လူအင်အား အကောင်းဆုံးဖြင့် အနိုင်ရလဒ်အတွက် ယှဉ်ပြိုင်ပါမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဘာဘေးရီးယန်းတွေဟာ ရှုံးထွက်အဆင့်ကို တက်ရောက်ထားပြီဖြစ်ပေမယ့် ဒီပွဲဟာ ဘာစီလိုနာနဲ့ ဘင်ဖီကာကြားမှာ ဘယ်အသင်း ရှုံးထွက်အဆင့်ကို တက်နိုင်မလဲအတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုတွင်းပြိုင်ဘက်တွေအတွက် မျှတတဲ့ ရလဒ်ဖြစ်စေဖို့ အကောင်းဆုံး အားထုတ်သွားမယ်လို့ ဘိုင်ယန်နည်းပြက ဝန်ခံခဲ့တယ်။

နေဂဲလ်စမန်းက ” ကျနော်တို့ရဲ့ အကောင်းဆုံး အသင်းနဲ့ ဘာစီလိုနာကို ယှဉ်ပြိုင်မှာပါ။ လစ္စဘွန်းသားတွေ (ဘင်ဖီကာ) ကိုလည်း အမှာပါးလိုက်ချင်ပါတယ် စိတ်မပူကြပါနဲ့ ” ဆိုပြီး ပွဲကြို စိန်ခေါ်စကား ပြောဆိုခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့်လို့ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာပွဲမှာတော့ ဂေါ်ရက်စကာ၊ ဂနာဘီနဲ့ ဆာဘစ်ဇာတို့ကို ဒဏ်ရာကြောင့် ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။ ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ ကမ်မစ်ကိုလည်း ဒီပွဲမှာ အသုံးပြုနိုင်ချေ မရှိဘူးလို့ သိရတယ်။

” ကမ်မစ်က မနက်ဖြန်မှာ စစ်ဆေးမှု ခံယူပါမယ်။ သူက ပုံမှန် ကွာရန်တင်းကနေ ထွက်လာခဲ့ပါပြီ။ ဒါပေမယ့် ဘာစီလိုနာပွဲမှာ သူ့ကို ထုတ်သုံးတာက အဓိပ္ပာယ် မရှိပါဘူး။ စနေနေ့ပွဲမှပဲ သုံးနိုင်မလား ကြည့်ရမှာပါ။

ဘာစီလိုနာက ကမ္ဘာအဆင့် ကစားသမားကောင်းတွေ ရှိနေဆဲပါ။ သူတို့က အမှတ်ပေးဇယားအရ အနိုင်ရဖို့ ဖိအားတွေ ရှိနေပြီး အစွမ်းကုန် ကြိုးစားမှာပါ။ သူတို့ကို ချန်ပီယံလိဂ်ကနေ ထွက်ရအောင် လုပ်ဖို့ မဟုတ်ပေမယ့် ကျနေ်ာတို့အတွက်လည်း အနိုင်သုံးမှတ်အတွက် ကစားရမှာပါ။ သူတို့ကို ချန်ပီယံလိဂ်ဖလား ပြိုင်ဘက်အဖြစ် မြင်နေဆဲပါ။

အုပ်စုဗိုလ်နေရာ အာမခံချက်နဲ့အတူ သူတို့ကို ယှဉ်ပြိုင်ကစားရမှာကို ပျော်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးပါတဲ့ ပွဲပါပဲ။ ချန်ပီယံလိဂ်ပွဲဆိုတာ အမြဲတမ်း ထူးရှယ်ပါပဲ။ အုပ်စုတွင်း ကျန်တဲ့ ကလပ်တွေအတွက် မျှတအောင် ကစားပေးချင်ပါတယ်” လို့ နေဂဲလ်စမန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အကောင်းမြင်စရာ ပြောရမယ်ဆိုရင် ဘာစီလိုနာအနေနဲ့ ကိုယ့်ကံကြမ္မာကို စီရင်ခွင့်ရှိပါတယ်။ အလိုင်းယန့်ဇ်အေရီနာမှာ ဘိုင်ယန်ကို အနိုင်ရရင် ဘင်ဖီကာရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် အုပ်စု ဒုတိယအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ZAWGYI – ဘိုင္ယန္ျမဴးနစ္ နည္းျပျဖစ္သူ ေနဂဲလ္စမန္းက ဘာစီလိုနာကို ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲကို လူအင္အား အေကာင္းဆံုးျဖင့္ အႏုိင္ရလဒ္အတြက္ ယွဥ္ျပိဳင္ပါမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဘာေဘးရီးယန္းေတြဟာ ရွံဳးထြက္အဆင့္ကို တက္ေရာက္ထားျပီျဖစ္ေပမယ့္ ဒီပြဲဟာ ဘာစီလိုနာနဲ႔ ဘင္ဖီကာၾကားမွာ ဘယ္အသင္း ရွံဳးထြက္အဆင့္ကို တက္ႏုိင္မလဲအတြက္ အေရးပါတဲ့ ပြဲစဥ္ ျဖစ္ေနပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုတြင္းျပိဳင္ဘက္ေတြအတြက္ မွ်တတဲ့ ရလဒ္ျဖစ္ေစဖို႔ အေကာင္းဆံုး အားထုတ္သြားမယ္လို႔ ဘိုင္ယန္နည္းျပက ဝန္ခံခဲ့တယ္။

ေနဂဲလ္စမန္းက ” က်ေနာ္တို႔ရဲ႕ အေကာင္းဆံုး အသင္းနဲ႔ ဘာစီလိုနာကို ယွဥ္ျပိဳင္မွာပါ။ လစၥဘြန္းသားေတြ (ဘင္ဖီကာ) ကိုလည္း အမွာပါးလိုက္ခ်င္ပါတယ္ စိတ္မပူၾကပါနဲ႔ ” ဆိုျပီး ပြဲၾကိဳ စိန္ေခၚစကား ေျပာဆိုခဲ့တာျဖစ္ပါတယ္။

သို႔ေပမယ့္လို႔ ဘိုင္ယန္ျမဴးနစ္ဟာ ဘာစီလိုနာပြဲမွာေတာ့ ေဂၚရက္စကာ၊ ဂနာဘီနဲ႔ ဆာဘစ္ဇာတို႔ကို ဒဏ္ရာေၾကာင့္ ထုတ္သံုးႏုိင္မွာ မဟုတ္ပါဘူး။ ကိုဗစ္ ကူးစက္ခံခဲ့ရတဲ့ ကမ္မစ္ကိုလည္း ဒီပြဲမွာ အသံုးျပဳႏုိင္ေခ် မရွိဘူးလို႔ သိရတယ္။

” ကမ္မစ္က မနက္ျဖန္မွာ စစ္ေဆးမႈ ခံယူပါမယ္။ သူက ပံုမွန္ ကြာရန္တင္းကေန ထြက္လာခဲ့ပါျပီ။ ဒါေပမယ့္ ဘာစီလိုနာပြဲမွာ သူ႔ကို ထုတ္သံုးတာက အဓိပၸာယ္ မရွိပါဘူး။ စေနေန႔ပြဲမွပဲ သံုးႏုိင္မလား ၾကည့္ရမွာပါ။

ဘာစီလိုနာက ကမၻာအဆင့္ ကစားသမားေကာင္းေတြ ရွိေနဆဲပါ။ သူတို႔က အမွတ္ေပးဇယားအရ အႏုိင္ရဖို႔ ဖိအားေတြ ရွိေနျပီး အစြမ္းကုန္ ၾကိဳးစားမွာပါ။ သူတို႔ကို ခ်န္ပီယံလိဂ္ကေန ထြက္ရေအာင္ လုပ္ဖို႔ မဟုတ္ေပမယ့္ က်ေန္ာတို႔အတြက္လည္း အႏုိင္သံုးမွတ္အတြက္ ကစားရမွာပါ။ သူတို႔ကို ခ်န္ပီယံလိဂ္ဖလား ျပိဳင္ဘက္အျဖစ္ ျမင္ေနဆဲပါ။

အုပ္စုဗိုလ္ေနရာ အာမခံခ်က္နဲ႔အတူ သူတို႔ကို ယွဥ္ျပိဳင္ကစားရမွာကို ေပ်ာ္မိပါတယ္။ ဘာပဲျဖစ္ျဖစ္ အေရးပါတဲ့ ပြဲပါပဲ။ ခ်န္ပီယံလိဂ္ပြဲဆိုတာ အျမဲတမ္း ထူးရွယ္ပါပဲ။ အုပ္စုတြင္း က်န္တဲ့ ကလပ္ေတြအတြက္ မွ်တေအာင္ ကစားေပးခ်င္ပါတယ္” လို႔ ေနဂဲလ္စမန္းက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အေကာင္းျမင္စရာ ေျပာရမယ္ဆိုရင္ ဘာစီလိုနာအေနနဲ႔ ကိုယ့္ကံၾကမၼာကို စီရင္ခြင့္ရွိပါတယ္။ အလိုင္းယန႔္ဇ္ေအရီနာမွာ ဘိုင္ယန္ကို အႏိုင္ရရင္ ဘင္ဖီကာရဲ႕ ရလဒ္က ဘယ္လိုပဲျဖစ္ျဖစ္ အုပ္စု ဒုတိယအေနနဲ႔ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။